Thursday, March 22, 2018


ပထမဆုံးအကြိမ် အကယ်ဒမီပေးပွဲ တက်ရောက်ဖို့အတွက် ရင်ခုန်နေတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ယခုနှစ် အတွက် အကယ်ဒမီ ဆန်ကာတင်စာရင်းမှာ တကားအပါအဝင်အဖြစ် ပရိသတ်ရဲ့ တစ်ကြိုပေးခြင်းခံထားရတဲ့ “ည” ရုပ်ရှင်ဇာတ်ကားကို ဖန်တီးပုံဖော်ထားတဲ့ လူငယ် ဒါရိုက်တာ ထူးပိုင်ဇော်ဦးက အကယ်ဒမီပေးပွဲကို ပထမဆုံး အကြိမ် တက်ရောက်ရမှာ ဖြစ်တဲ့အတွက် ရင်ခုန်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။ “အရမ်း ဝမ်းသာပါတယ်။ အခု ကျနော်တို့ရဲ့ကားက ပထမဆုံး စာရင်းဝင်တာ မပြောနဲ့၊ အကယ်ဒမီ ပေးပွဲကိုတောင် ပထမဆုံး တက်ဖူးမှာပါ။ အရင်တုန်းကဆို အကယ်ဒမီ ပေးပွဲနဲ့ ကျနော်နဲ့က သိပ်မဆိုင်ဘူးလေ။ Music Video ပဲ ရိုက်တော့ ကျနော်တို့ “ည” တဖွဲ့လုံး အကယ်ဒမီပေးပွဲကို တက်ဖို့ ရင်ခုန်နေတယ်။ တစိတ်တဒေသ ပါဝင်ခွင့်ရမယ့် အတွက် အများကြီး ဝမ်းသာပါတယ်” လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောပါတယ်။ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက သူ ရိုက်ကူးထားတဲ့ “ည” ရုပ်ရှင်ဇာတ်ကားဟာ အကယ်ဒမီ စည်းမျဉ်း စည်းကမ်းနဲ့ ကိုက်ညီမှုရှိတဲ့ ဇာတ်ကားဖြစ်လား ဆိုတဲ့အချက်ကို သေချာမသိတဲ့အတွက် ကြိုတင်တွေးထားမျိုး မရှိဘူးလို့ ဆိုပါတယ်။ “အကယ်ဒမီ ဇာတ်ကား အနေနဲ့က ဆန်ကာတင်ကိုတော့ တရားဝင်တော့မထုတ်ဘူးပေါ့နော်။ ဒါပေမယ့် ပရိသတ်တွေက ကျနော်တို့ “ည” ကို အားပေးတဲ့စိတ်၊ ချစ်ခင်တဲ့စိတ်၊ မေတ္တာနဲ့ ခန့်မှန်းပေးတဲ့အတွက် ဝမ်းသာပါတယ်။ အကယ်ဒမီက ရိုက်ကတည်းကနဲ့ အခု အနားနီးတဲ့အထိ ရင်ခုန်တယ် ဆိုတာတော့ မရှိဘူးပေါ့။ ကျနော်တို့ ကားပုံစံ အမျိုးအစားက အကယ်ဒမီ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှု ရှိလား၊ မရှိလား ဆိုတာကို သေချာ မသိတဲ့အတွက် တွေးထားတာတော့ မရှိဘူး။ ပေးရင်တော့ပျော်မှာပေါ့။ မပေးရင်လည်း နဂိုစိတ်နဲ့ပဲ အများကြီး ကြိုးစားသွားမှာပါ” လို့ သူက ပြောပါတယ်။ ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ သူ့ရဲ့နောက်ထပ် အနုပညာ ခြေလှမ်းသစ်များအနေနဲ့ ယခုနှစ်၊ ၆ လပိုင်းမှာ နာမည်ကြီး အနုပညာရှင်များ၊ သရုပ်ဆောင် အသစ်များနဲ့ သရဲကား တကား ရိုက်ဖို့ရှိပြီး စာရေးဆရာမဂျူးရဲ့ နာမည်ကြီး ဝတ္ထုတပုဒ်ဖြစ်တဲ့ “လရဲ့အောက်ဘက် မိုင်အဝေးမှာ” ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်သွားဖို့ သရုပ်ဆောင် အသစ်များ ခေါ်ယူလျက် ရှိပါတယ်။ “လတ်တလောမှာတော့ ကျနော် ၆ လပိုင်းကျရင် သရဲကားတကား ရိုက်ဖို့ရှိတယ်။ အဲ့ဒါကတော့ “ည” လိုမျိုး မဟုတ်တော့ဘဲနဲ့ နာမည်ကြီး သရုပ်ဆောင်တွေရော သရုပ်ဆောင်အသစ်တွေရော ပါပြီး ရိုက်မှာပါ။ ပြီးရင် ဆရာမ ဂျူးရဲ့ “လရဲ့အောက်ဘက် မိုင်အဝေးမှာ”ကိုလည်း ရိုက်ဖို့ရှိပါတယ်။ အဲဒီကားမှာက အဓိက ဇာတ်ကောင် ၂ ယောက် အတွက် သရုပ်ဆောင် အသစ်တွေ ခေါ်နေတယ်။ သူတို့ကို သေချာ လေ့ကျင့်ပြီးရင်နဲ့ဆိုတော့ နှစ်ကုန်ပိုင်းလောက် ဖြစ်မယ်။ တခြားဇာတ်ကောင်တွေကတော့ နာမည်ကြီး သရုပ်ဆောင်တွေနဲ့ တွဲပြီး ရိုက်သွားမှာပါ” လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဆိုပါတယ်။ ဆက်စပ် သတင်းလင့်ခ် –“မြင့်မြတ်ကို သရုပ်ဆောင် ထူးချွန်လို့ အကယ်ဒမီ ရစေချင်တယ်”လို့ ပြောတဲ့ ယုန်လေး The post ပထမဆုံးအကြိမ် အကယ်ဒမီပေးပွဲ တက်ရောက်ဖို့အတွက် ရင်ခုန်နေတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး appeared first on ဧရာဝတီ.
Source : http://ift.tt/2GRfgdr
via IFTTT

No comments:

Post a Comment