အနိုင်ရလျှင် အားလုံးဝေမျှ ခံစား၍ ရှုံးနိမ့်လျှင်မူ တစ်ယောက်တည်း ရင်ဆိုင်ရကြောင်း မော်ရင်ညို မှတ်ချက်ပေး မန်ချက်စတာ၊ မတ် ၂၁ မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းကစားသမားများ၏စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို စိတ်ပျက်နေပြီဖြစ်ပြီး လက်ရှိအချိန်တွင် အနိုင်ရလဒ်ကို အသင်းရှာဖွေရရှိခဲ့ပါက အားလုံးဝေမျှ ခံစား၍ ရှုံးနိမ့်လျှင်မူ ၎င်းတစ်ဦးတည်းသာ ယင်းအရှုံးရလဒ်အတွက် အပြစ်တင်ခံရလေ့ရှိကြောင်း မော်ရင်ညိုက မကျေမချမ်း ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။ မော်ရင်ညိုသည် မန်ယူက ဘရိုက်တန်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်အပြီးတွင် အသင်းကစားသမားများမှာ နိုင်လိုစိတ်ကင်းမဲ့စွာဖြင့် ကစားသောအခြေအနေသို့ ဆိုက်ရောက်နေပြီဟု ပြစ်တင်ဝေဖန်သွားခဲ့ပြီး မော်ရင်ညို၏အပြစ်တင်ခံရမှုမှ ကင်းလွတ်သူဟူ၍ မာတစ်နှင့် မက်တိုမီနေးတို့ နှစ်ဦးတည်းသာ ကျန်ရှိခဲ့သည်။ မော်ရင်ညိုသည် ဆီဗီလာကို နှစ်ကျော့ပေါင်းရလဒ်ဖြင့် အရေးနိမ့်ခဲ့ရသည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အပြီးတွင် ၎င်းအနေနှင့် ရစရာမရှိအောင်ပင် အပြောအဆိုခံခဲ့ရသည်ဟု မကျေမချမ်း အသိပေးသွားခဲ့ပြီး အနိုင်ရသည့်ပွဲများတွင်မူ တစ်သင်းလုံးကို ပေါင်းစုချီးကျူးလိုက်ရုံမျှဖြင့်သာ ပြီးစီးသွားလေ့ရှိကြောင်း မော်ရင်ညိုက ပြောကြားသွားခဲ့သည်။ သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “နိုင်ရင်တော့ တစ်သင်းလုံး နိုင်တာပါပဲ။ အားလုံး အောင်ပွဲခံကြပါတယ်။ ရှုံးရင်တော့ “ခံလေ ဒကာ”ပါပဲ။ ကျွန်တော်တစ်ယောက်တည်း ခါးစည်းခံရပါတယ်။ ဒီအခြေအနေက မဖြစ်သင့်ပါဘူး။ အသင်းကို အပြောင်းအလဲတွေ လုပ်ရပါတော့မယ်။ ဒီအပြောင်းအလဲကို အားလုံးသူ အတူတူလုပ်ကြရမှာပါ။ ကျွန်တော် တစ်ယောက်တည်းနဲ့ လက်ရှိအခြေအနေအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့က မလွယ်ပါဘူး”ဟု အသိပေးသွားခဲ့သည်။
Source : https://goo.gl/UnmRFT
via IFTTT
No comments:
Post a Comment