Friday, September 30, 2016
ဦးဂျိုးဇက်ကို အမြန်ဆုံး အရေးယူပေးရန် ကောင်စီသို့ တိုင်ကြား
မြန်မာနိုင်ငံရှိ သတင်းသမားများအး Aim Star Network (Myanmar)မှ အဖွဲ့ဝင် ဦးဂျိုးဇက်၏ ပြောဆိုမှုနှင့် ပတ်သက်၍ အမြန်ဆုံး အရေးယူပေးရန် မြန်မာနိုင်ငံရှိ သတင်းသမားများနှင့် မြန်မာဂျာနယ်လစ် ကွန်ရက်က မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့ ယနေ့ (စက်တင်ဘာ ၃၀ ရက်) ရက်စွဲဖြင့် တိုင်ကြားစာ နှစ်စောင် ပေးပို့လိုက်ပြီဖြစ်သည်။ Aim Star Networm(Myanmar)မှ အဖွဲ့ဝင် ဂျိုးဇက်ဆိုသူက စက်တင်ဘာလ ၂၀ ရက်က မန္တလေးမြို့၌ ပြုလုပ်ခဲ့သည့် စီးပွားရေး အသိအမြင် ပေးပွဲတွင် မြန်မာသတင်းစာ ဆရာများမှာ ယုံကြည်စရာ မရှိကြောင်းနှင့် တတ်လို့လုပ်နေခြင်း မဟုတ်ဘဲ ငတ်လို့လုပ်နေခြင်း ဖြစ်ပြီး ရေးချင်ရာ လျှောက်ရေးနေသူများ ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း၊ ထို့ပြင် စက်တင်ဘာ ၂၇ ရက်ကလည်း ဂျိုးဇက်ဆိုသူ၏ ကိုယ်ပိုင်ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့်ဖြန့်ဝေသည့် ဗီဒီယိုဖိုင်တွင်လည်း မြန်မာ သတင်းသမားများကို အာဏာရှင်အဖြစ် ပုံဖော် စွပ်စွဲခဲ့ပြီး သူ့ကို တရားစွဲပါကလည်း ပြန်လည် တရားစွဲဆိုသွားမည် ဖြစ်ပြီး အချိန်ကုန်၊ ငွေကုန် ဖြစ်လိမ့်မည်ဟု ပြန်လည် ခြိမ်းခြောက်ခဲ့ကြောင်း၊ ၎င်းစကားရပ်များသည် မြန်မာ သတင်းစာဆရာ များကို ဂုဏ်သိက္ခာ ထိခိုက်စေပြီး အသရေဖျက်မှု မြောက်သည်ဟု မြန်မာ သတင်းစာဆရာများက ရှုမြင်ကာ ဂျိုးဇက်ဆိုသူကို ထိရောက်သော တရားစွဲဆိုမှုများ ပြုလုပ်နိုင်ရန် အနယ်နယ် အရပ်ရပ်မှ သတင်းစာဆရာများက သဘောထား လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြကြောင်း၊ မြန်မာသတင်း မီဒီယာကောင်စီ အနေဖြင့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ပါရန် သတင်းစာဆရာများ၏ တိုင်ကြားစာနှင့် လက်မှတ်များ၊ ဂျိုးဇက်ဆိုသူ ပြောဆိုထားသော ဗီဒီယိုမှတ်တမ်းများနှင့်အတူ တင်ပြအပ်ကြောင်း မြန်ာဂျာနယ်လစ် ကွန်ရက်က ပေးပို့ တိုင်ကြားစာတွင် ဖော်ပြထားသည်။ ထို့အတူ အခြား တိုင်ကြားစာ တစ်စောင်တွင်လည်း ဦးဂျိုးဇက်၏ ပြောကြားချက်များသည် အများပြည်သူများ၏ သတင်း သိပိုင်ခွင့်ကို တာဝန်ယူ ဆောင်ရွက်နေကြသော မြန်မာနိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာများအပေါ် အများပြည်သူက အယုံအကြည် ကင်းမဲ့စေသကဲ့သို့ ပြည်သူများ၏ သိပိုင်ခွင့်ကို တာဝန်ကျေပွန်စွာ ဆောင်ရွက်နေသည့် မီဒီယာလောကရှိ သတင်းသမားများ အားလုံးအပေါ် အများပြည်သူများက အထင်အမြင် လွဲမှားစေခြင်းတို့ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသည် သတင်းမီဒီယာ ဥပဒေအရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ မြန်မာမီဒီယာလောက တစ်ခုလုံးအပေါ် အထင်အမြင် လွဲမှားစေခြင်း၊ ယုံကြည်မှု ကင်းမဲ့စေရန် ပြောဆို ဝေဖန်မှုများအပေါ် ထိရောက်သည့် အရေးယူမှုများ အမြန်ဆုံး ပြုလုပ်ပေးပါရန်ဟု ဖော်ပြထားသည်။
Source : https://goo.gl/dWt0u4
via IFTTT
အမေရိကန် GSP မြန်မာ အထည်ချုပ် ကုန်စည် ခံစားခွင့်မရ၍ တင်ပို့မှု သိသာစွာ မတိုးနိုင် ရန်ကုန်၊ စက်တင်ဘာ ၂၉ အမေရိကန်ပြည်ထောင်စုက မြန်မာ နိုင်ငံအပေါ် ပြန်လည်ပေးအပ်မည့် ကုန်သွယ် ခွင့်ဆိုင်ရာ အထူးအခွင့်အရေး (Generalized System of Preference-GSP) ကို မြန်မာ့အထည်ချုပ် ကုန်စည်များ ခံစားခွင့် မရ၍ တင်ပို့မှု သိသာစွာ မတိုးနိုင်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။ အဆိုပါ GSP အခွင့်အရေးကို မြန်မာနိုင်ငံမှ ကုန်စည်ပေါင်း ၅,ဝဝဝ ကျော်ကို ပေးအပ်မည် ဖြစ်သော်လည်း အထည်အလိပ် ကုန်ပစ္စည်းများ မပါဝင်သဖြင့် GSP အခွင့်အရေး ခံစားခွင့် မရကြောင်း ၎င်းကဆိုသည်။ “စီးပွားရေး ပိတ်ဆို့မှုတွေ ဖွင့်လိုက်တယ်။ ပိတ်ဆို့မှုနဲ့အတူ ကုန်သွယ်ခွန် အထူး သက်သာခွင့် GSP လည်း ပြန်ပေးတယ်။ ကုန်ပစ္စည်း အမျိုးစားပေါင်း ၅ဝဝဝ အထိ (GSP အခွင့်အရေး) ပေးတယ်လို့ပြောတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက အဲဒီ ၅ဝဝဝ ထဲမှာ အထည်အလိပ် မပါဘူး”ဟု ၎င်းက ဆိုသည်။ အမေရိကန်ပြည်ထောင်စုက ပေးအပ်သည့် GSP အခွင့်အရေး ရသော နိုင်ငံများ အားလုံးသည် ကုန်စည် ၃၅ဝဝ အပေါ် အကောက်ခွန် ကင်းလွတ်ခွင့် ရရှိပြီး မြန်မာနိုင်ငံ ကဲ့သို့သော ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) များအတွက် ထပ်တိုး ကုန်စည် ၁၅ဝဝ ကျော်ကို အခွန်ကင်းလွတ်ခွင့်ပြုထားကာ အဝတ်အထည်နှင့် ဖိနပ် ကုန်စည်များကို GSP ပေးမထားပေ။ လက်ရှိတွင် အမေရိကန်သို့ အထည်ချုပ်ကုန်များ တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၈၈ သန်း ဝန်းကျင်သာ ရှိနေပြီး GSP စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများ ဖယ်ရှားလိုက်ခြင်းကြောင့် အမေရိကန်မှ အထည်ချုပ် အမှာအော်ဒါများ ပိုမို လက်ခံရရှိနိုင်ကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံ၏ အထည်ချုပ် ကုန်များကို ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့နေခြင်း ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်က မြန်မာနိုင်ငံကို GSP အခွင့်အရေး ပြန်ပေးအပ်သည့် ဥရောပ သမဂ္ဂ (အီးယူ) နှင့် တောင်ကိုးရီးယားနိုင်ငံတို့သို့ အဓိက တင်ပို့လျက် ရှိသည်။ ၁၉၈၉ ခုနှစ်တွင် ပြန်လည် ရုပ်သိမ်းခဲ့သည့် အမေရိကန် GSP အခွင့်အရေးကို ယခုနှစ် စက်တင်ဘာလအတွင်း အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် တရားဝင် ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
Source : https://goo.gl/UBxtpl
via IFTTT
မန္တလေးမြို့ပေါ်ရှိ လောင်းကစားဒိုင်ကြီးများ လွတ်နေဆဲဟု လွှတ်တော် ကိုယ်စားလှယ်ပြော မန္တလေးမြို့တော်အတွင်း ပေါ်ပေါ်တင်တင် လုပ်ကိုင်နေသည့် လောင်းကစား ဒိုင်ကြီးများ အရေးယူမခံရဘဲ လွတ်မြောက်နေကြောင်း အောင်မြေသာစံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဦး (ခ) ဦးအောင်ကျော်ဦးက ပြောကြားသည်။ တရားဥပဒေစိုးမိုးမှု အားနည်းနေသည်ကို အကြောင်းပြု၍ လောင်းကစားဝိုင်းကြောင့် ပြည်သူများအနေနှင့် ဆင်းရဲသည်ထက် ဆင်းရဲနေကြရသည်ဟု ၎င်းကဆိုသည်။ "ခုဖြစ်နေတဲ့ အခြေအနေက နှစ်ရာဖိုး၊ သုံးရာဖိုး ချဲထိုးကြတဲ့ ပြည်သူတွေကိုတော့ ဖမ်းတယ်။ မြို့လယ်ကောင်မှာ အဆောက်အအုံ အခိုင်အမာနဲ့ လုပ်နေကြတဲ့ ဒိုင်ကြီးတွေကို ဖမ်းဆီးမှု မရှိဘူး ဖြစ်နေတယ်" ဟု ဒေါက်တာကျော်ဦးက ထောက်ပြသည်။ ရဲတပ်ဖွဲ့အနေနှင့် ပြည်သူများ၏ တိုင်ကြားချက်များအရ လောင်းကစားဒိုင်များကို ဖမ်းဆီးမှုများ ရှိခဲ့သည့်အပြင် ရဲတပ်ဖွဲ့၏ အစီအစဉ်ဖြင့် ဖမ်းဆီးခြင်းများလည်း ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်က တုံ့ပြန် ပြောကြားသည်။ "နောက်ကွယ်က ကြိုးကိုင်တဲ့လူက ပြစ်မှုထင်ရှား ကျူးလွန်တဲ့ နေရာမှာ မရှိသရွေ့ သက်သေအထောက်အထား မခိုင်လုံသေးသရွေ့ အရေးယူတဲ့ နေရာမှာ ထိရောက်မှုရှိမှာ မဟုတ်ပါဘူး၊ သတင်းရလို့ သွားဖမ်းတဲ့အခါမှာ ပြစ်မှုကျူးလွန်တဲ့ နေရာမှာ ရောက်နေပြီး ဆောင်ရွက်နေတဲ့ လူတွေကိုပဲ ဖမ်းဆီးရတာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ လောင်းကစားဒိုင်များသည် မမြင်ကွယ်ရာ များတွင်သာမက ရဲစခန်းအနီးအနား နေရာများတွင်ပါ လုပ်ကိုင်နေကြရာ ရဲတပ်ဖွဲ့က ဖမ်းဆီး ရေးယူခြင်းမရှိသောကြောင့် ရဲတပ်ဖွဲဝင်များအနေနှင့် မန္တလေးမြို့ခံများ၏ ဝေဖန်ပြောဆိုခြင်း ခံနေရသည်။ "ကျွန်တော်တို့ ရပ်ကွက်ထဲမှာဆို ငါးဂိမ်းဆိုင်ကြီးတစ်ခု ပေါ်တင်ပဲ လုပ်နေတာ၊ လူတွေဆိုလည်း ဝင်လိုက်ထွက်လိုက်ပဲ၊ နေရာက ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ ဘာမှမဝေးဘူး၊ တစ်ခါတလေမှာ အရပ်ဝတ်နဲ့ ရဲတွေကိုယ်တိုင် ဝင်ထွက်နေကြတာ တွေ့နေရတယ်" ဟု ချမ်းမြသာစည်မြို့နယ် (ဆ) ရပ်ကွက်တွင် နေထိုင်သည့် အမည်မဖော်လိုသည့် အသက် ၃၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၄ ခုနှစ်အတွင်းက လောင်းကစားမှု ၄၃၄ မှုမှ အမျိုးသားတရားခံ ၈၄၄ ဦး၊ အမျိုးသမီး တရားခံ ၃၆၂ ဦး၊ ၂၀၁၅ ခုနှစ်အတွင်း လောင်းကစားမှု ၃၀၇ မှုမှ အမျိုးသား တရားခံ ၅၃၃ ဦး၊ အမျိုးသမီး တရားခံ ၂၁၅ ဦး၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလဝက် အထိ လောင်းကစားမှု ၂၆၃ မှု၊ အမျိုးသား တရားခံ ၄၇၃ ဦး၊ အမျိုးသမီး တရားခံ ၁၉၄ ဦးတို့ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။
Source : https://goo.gl/QTe0pK
via IFTTT
တရားစီရင်ရေးစနစ် တည့်မတ်စေရန် ဆန္ဒထုတ်ဖော် တောင်းဆို ရန်ကုန်၊ စက်တင်ဘာ ၃၀ အောက်ခြေတရားရုံးများအနေဖြင့် အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များ ဆက်လက်ဆောင်ရွက်နေပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရှိရာ နေပြည်တော်သို့ သွားရောက်ဆန္ဒပြမည်ဟု ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့က ကြေညာလိုက်သည်။ ထင်ရှားသည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးထင်ကျော် ခေါင်းဆောင်ပြီး လူ ၁၀၀ ခန့် ပါဝင်သည့် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်ရှေ့တွင် ယနေ့ ဆန္ဒပြကြခဲ့ပြီး နောက်တစ်ဆင့် လှုပ်ရှားမှုအဖြစ် ဆန္ဒထုတ်ဖော်မှု များကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လေ့ရှိသော အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် ဆန္ဒပြပွဲများ ကျင်းပမည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။ “တရားရုံးတွေက စိတ်ခံစားမှုတွေနဲ့ (ဆုံးဖြတ်ချက်ချတာတွေ) လုပ်နေတယ်”ဟု ဦးထင်ကျော်က ဆန္ဒပြပွဲတွင် ပြောကြားခဲ့သည်။ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများ အဖွဲ့က ရာထူးမှ အနားယူသွားသည့် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်ကို တရားစွဲဆိုရန်လည်း ပြည်ထောင်စုအစိုးရကို တောင်းဆိုကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဦးသိန်းစိန်သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ဧရာဝတီ မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းစီမံကိန်းနှင့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သည်ဟု ၎င်းတို့က စွပ်စွဲခဲ့ကြသည်။ “တရားစီရင်ရေးစနစ်ကို မတည့်မတ်နိုင်ရင် မကြာခင် အာဏာရှင်တွေလက်ထဲ အာဏာပြန်ရောက် သွားမယ်” ဟု ဦးထင်ကျော်က ပြောကြားခဲ့သည်။ သတင်း-ထွန်းခိုင်
Source : http://ift.tt/2ds1gqP
via IFTTT
ကျောက်ဆည် နည်းပညာတက္ကသိုလ်တွင် အဖြေလွှာအချို့ မီးရှို့ခံရ မန္တလေး၊ စက်တင်ဘာ ၃၀ ကျောက်ဆည်မြို့ အေးမြကြည်လင် ရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်တွင် စာမေးပွဲအဖြေလွှာ အချို့ စက်တင်ဘာလ ၃၀ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က မီးရှို့ခံခဲ့ရကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရှိရသည်။ အဖြေလွှာများ ထားရှိသည့် အခန်းတံခါးသော့ကို ဖျက်ကာ ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့ရခြင်း ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားပြီး မိနစ် ၂၀ ခန့် အကြာတွင် မီးငြိမ်းနိုင်ခဲ့ကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဓာတ်ပုံ - Than Htay အပြည့်အစုံဖတ်ရန် - https://goo.gl/5AQAZ5
Source : https://goo.gl/5AQAZ5
via IFTTT
မန္တလေးလူထုအတွက် အဓိကလိုအပ်ချက် စစ်တမ်းကောက်မည်
မန္တလေးမြို့လူထုအတွက် လိုအပ်နေတဲ့ အချက်အလက်တွေကို စစ်တမ်းကောက်ယူပြီး ထုတ်ပြန်ပါမယ်။ အဲဒီလိုထုတ်ပြန်ချက်တွေက တဆင့် မြို့ကို ကူညီမယ့် မိတ်ဖက် အဖွဲ့အစည်းတွေက ပိုပြီးကူညီချင်လာအောင်၊ သူတို့အကူအညီတွေက ပိုပြီးထိရောက်တဲ့ နေရာတွေမှာ ကူညီနိုင်ဖို့အတွက် ရည်ရွယ်ပါတယ် ဆက်လက်ဖတ်ရှုရန် - https://goo.gl/FfV28P
Source : https://goo.gl/FfV28P
via IFTTT
Eleven Broadcasting
Miss Universe Myanmar 2017 ပြိုင်ပွဲ၀င် ရွှေအိမ်စည်နှင့် ဇွန်သံစဉ်တို့၏ National Gifts လေလံဈေး အများဆုံးဖြင့် လေလံအောင် (ရုပ်သံ) ၂၀၁၇ မယ်စကြာ၀ဋာ မြန်မာပြိုင်ပွဲ၀င်များရဲ့ National Custome Competition နဲ့ National Gifts Auction ပြိုင်ပွဲကို စက်တင်ဘာလ ၂၉ရက်နေ့မှာ Gandamar Grand Ballroom မှာ ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲ၀င်အလှမယ် ၂၆ ဦးက ပြည်နယ်ကိုယ်စားပြုတဲ့ ၀တ်စုံဒီဇိိုင်း ဆန်းများနဲ့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အလှမယ်များ ယှဉ်ပြိုင်တဲ့ ၀တ်စုံဒီဇိုင်းများကို တက်ရောက်လာတဲ့ ဧည့်သည်တော်များ ကိုယ်တိုင်က မဲပေးဆုံးဖြတ်ပြီး ဆုရရှိသူများကို ရွေးချယ်ခဲ့ပါတယ်။
Source : http://ift.tt/2cFC986
via IFTTT
ရော်နယ်ဒိုရဲ့ အင်္ကျီလက်ဆောင်ကြောင့် ပျော်ရွှင်ခဲ့ရတဲ့ အူဘာမီးယန်းရဲ့ သားငယ် ဒေါ့မွန်နဲ့ ရီးယဲလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ ရော်နယ်ဒို ပေးခဲ့တဲ့ အင်္ကျီလက်ဆောင်ကြောင့် သူ့ရဲ့သားငယ် ပျော်ရွှင်နေရတယ်ဆိုပြီး ဒေါ့မွန်တိုက်စစ်မှူး အူဘာမီးယန်းက အင်စတာဂရမ် အကောင့်မှာ တင်သွားခဲ့ပါတယ်။ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ရော်နယ်ဒိုဟာ သူ့ရဲ့အင်္ကျီကို အူဘာမီးယန်းအတွက် လက်ဆောင်ပေးခဲ့တာ ဖြစ်ပြီး သူ့ရဲ့သားငယ်က အဲဒီလက်ဆောင်ကို သဘောကျနေတယ်လို့ ဂါဘွန်တိုက်စစ်မှူးက ရေးသားသွားခဲ့တာပါ။ ရော်နယ်ဒိုဟာ အဲဒီပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးသွင်း ယူပေးနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ ၂ ဂိုးစီ သရေကျခဲ့ရလို့ ရီးယဲလ်အသင်းလည်း ရမှတ် (၃) မှတ်နဲ့ လွဲချော်ခဲ့ရပါတယ်။ ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စု ပွဲစဉ် (၂) ပွဲကစားပြီးချိန်မှာ ရမှတ်(၄) မှတ်ရရှိထားပြီး အုပ်စု (F) ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။
Source : https://goo.gl/ub1pa7
via IFTTT
တပ်မတော်က KIA ကို စခန်းသိမ်းတိုက်ပွဲ တွေစလုပ် မြန်မာ အစိုးရ တပ်မတော်က ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော်ရဲ့ စခန်းတွေကို သိမ်းဖို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ကေအိုင်အေဖက်က ပြောပါတယ်။ ကချင်ပြည်နယ် အတွင်းက ကေအိုင်အေ အတွက် ဗျူဟာ အရ အရေးပါတဲ့ ဂိဒေါင် Gidon စခန်းကို အစိုးရ တပ်မတော် ဖက်က ရက်အတန်ကြာ အပြင်းအထန် ထိုးစစ်တွေ ဆင်နေပြီး ကေအိုင်အေ နယ်စပ် ဌာနချုပ်ဖြစ်တဲ့ ပါဂျောင်ကို စစ်ဆင်ရေးတွေ စလုပ်ဖို့ လည်း ဆောင်ရွက် နေတယ်လို့ ကေအိုင်အေဖက်က စွပ်စွဲ ပြောဆိုပါတယ်။ တပ်မတော်ဖက်က ထိုးစစ်တွေ နဲ့ တိုက်ခိုက်နေတာ ရက်ပေါင်း ၂၀ ကျော်ရှိနေပြီဖြစ်ပြီး လိုင်ဇာ ဌာနချုပ်နဲ့ အလွန်နီးကပ်တဲ့ ဂိဒေါင် စခန်းကို မရမနေ တိုက်ပြီး သိမ်းယူမယ် ဆိုတဲ့ သတင်းတွေ ကြားနေရ တယ်လို့ ကေအိုင်အေ နည်းပညာ အကြံပေးအဖွဲ့ တာဝန်ခံ ဦးဒေါင်ခါးက ဘီဘီစီကို ပြောပါတယ်။ ဂိဒေါင် စခန်းကို စစ်ကြောင်း သုံးကြောင်း ပါဝင်တဲ့ အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်ဖို့ စီမံချက်ရှိတာ သိရပြီး စက်တင်ဘာလ ၂၈ ရက်နေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခဲ့တယ်လို့ ဦးဒေါင်ခါးကပြောပါတယ်။ လေယာဉ်တွေနဲ့ပါ အဲဒီကို သွားခဲ့ပေမဲ့ ပစ်ခတ်လို့ မရတဲ့ အတွက် ပြန်လှည့် သွားတယ်လို့ သတင်းတွေ ရရှိကြောင်းလည်း သူကဆိုပါတယ်။ စက်တင်ဘာလ ၂၉ ရက် ညနေမှာ ပါဂျောင်စခန်းဖက်မှာလည်း အင်အားအလုံးအရင်နဲ့ စစ်ရေး ပြင်ဆင်တာ တွေ့နေရပြီး ထိုးစစ်ဆင်ဖို့ ပြင်နေကြောင်း သိရတယ်လို့လည်း ဦးဒေါင်ခါးကပြောပါတယ်။ ကေအိုင်အေကို ထိန်းချုပ်နိုင်မယ့် ဗျူဟာမြောက် တောင်ကုန်းတွေကို တပ်မတော်ဖက်က တိုက်လေယာဉ်တွေပါ သုံးပြီး မရမနေ ထိုးစစ်ဆင်တဲ့ အတွေ့အကြုံက ငါးနှစ်အတွင်းမှာ ကြုံလာခဲ့ရတာ အခုချိန်ထိပဲလို့ သူကဆိုပါတယ်။ ကေအိုင်အေဖက်ကလည်း ကိုယ့်နယ်မြေကို ကာကွယ်တဲ့ အနေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ရတယ် လို့ ဦးဒေါင်ခါးကဆိုပါတယ်။ တိုက်ပွဲ တွေကြောင့် နှစ်ဖက် ထိခိုက် သေဆုံးမှုတွေ ရှိခဲ့ရာမှာ ကေအိုင်အေဖက်က တပ်ကြပ် အဆင့် နဲ့ အရာခံဗိုလ် အဆင့် သုံးယောက် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ တချို့လည်း ရှိတယ်လို့ ကေအိုင်အေ ဖက်က ပြောပါတယ်။
Source : http://ift.tt/2dfiSYC
via IFTTT
Eleven Broadcasting
နယူးဂျာစီပြည်နယ်တွင် ခရီးသည်တင် ရထားတစ်စီးက ဘူတာရုံကို ၀င်တိုက်ခဲ့ခြင်းကြောင့် လူတစ်ဦးသေဆုံး၊ လူတစ်ရာကျော် ဒဏ်ရာရ (ရုပ်သံ) အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ စက်တင်ဘာလ ၂၉ ရက်နေ့က ခရီးသည်တင် ရထားတစ်စီးက ဘူတာရုံကို ၀င်တိုက်မိ ခဲ့တာကြောင့် လူတစ်ဦးသေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
Source : http://ift.tt/2cPy67r
via IFTTT
Eleven Broadcasting
မြောက်ကိုရီးယားစစ်တပ်နှင့် ဆက်ဆံရေး အဆုံးသတ်ရန် မြန်မာကို အမေရိကန်တိုက်တွန်း (ရုပ်သံ) အမေရိကန်က မြန်မာနိုင်ငံအနေနဲ့ သူတို့နဲ့ ဆက်ဆံရေး ပုံမှန်အနေအထား ပြန်လည် ရောက်ရှိလိုပါက မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို အဆုံးသတ်ဖို့ မြန်မာနိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။
Source : http://ift.tt/2dqSNEi
via IFTTT
EI အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ ဆရာများအဖွဲ့ချုပ် လျှောက်ထား ရန်ကုန်၊ စက်တင်ဘာ ၂၉ နိမ့်ကျနေသော မြန်မာ့ပညာရေးကို မြှင့်တင်ရန် Education International (EI) အဖွဲ့ဝင်အဖြစ် လက်ခံနိုင်ရေး မြန်မာနိုင်ငံ ဆရာများ အဖွဲ့ချုပ်က လျှောက်ထားခဲ့ကြောင်း ယင်းအဖွဲ့ချုပ် အတွင်းရေးမှူး (၂) ဒေါက်တာ ဇော်မျိုးလှိုင်က ပြောကြားသည်။ “နောက်လထဲမှာ Education International အဖွဲ့အစည်း အစည်းအဝေးမှာ ခေါင်းဆောင်ပိုင်း တွေက လျှောက်ထားမှုကို တင်ပြပြီး ဆွေးနွေးကြမယ်။ ဒါကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့ သင့်၊ မသင့် ဆုံးဖြတ် ဘုတ်အဖွဲ့က ဆုံးဖြတ်ပါလိမ့်မယ်”ဟု ဒေါက်တာ ဇော်မျိုးလှိုင်က ပြောကြားသည်။ စက်တင်ဘာလ ၂၉ ရက်က ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင် Education International အဖွဲ့ တာဝန်ရှိသူများနှင့် ဆရာများ အဖွဲ့ချုပ် တာဝန်ရှိသူများ တွေ့ဆုံပြီး ယင်းသို့ အဖွဲ့ဝင်အဖြစ် လက်ခံရန် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက မြန်မာနိုင်ငံ ပညာရေးနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ခွင့် ရနိုင်ရန်၊ နည်းပညာ အထောက်အပံ့များ ရယူပြီး သုတေသန ပူးပေါင်း လုပ်ဆောင်ခြင်း၊ သင်ကြား နည်းစနစ် တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲများ ပူးပေါင်း ပြုလုပ်နိုင်ရန် ရည်ရွယ်ကြောင်း ဆရာများ အဖွဲ့ချုပ်ထံမှ သိရှိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက “အဓိက ဆရာတွေရဲ့ အခွင့်အရေးကို တိုးမြှင့်နိုင်ဖို့၊ ကာကွယ်နိုင်ဖို့၊ အရည်အသွေး မြှင့်တင်ရေးတွေ ပူးပေါင်း လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်”ဟု ပြောကြားသည်။ ထို့နောက် EI တာဝန်ရှိသူများ၊ ဆရာများ အဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် အဆင့်မြင့် ပညာဦးစီးဌာန ရန်ကုန်ရုံးခွဲသို့ သွားရောက်ပြီး အဆင့်မြင့် ပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နေဝင်းဦး အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပညာရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း ဆရာအဖွဲ့ချုပ်ထံမှ သိရှိရသည်။ Education International အဖွဲ့အစည်းတွင် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၃ဝ ကျော်မှ အဖွဲ့ဝင် ဆရာပေါင်း သန်း သုံးဆယ်ကျော်ရှိပြီး အာဖရိက၊ အာရပ်နိုင်ငံများ၊ ကာရေဗီယန်၊ ဥရောပ၊ လက်တင် အမေရိက၊ အာရှ-ပစိဖိတ် ဟူ၍ ဒေသခွဲများအလိုက် ပညာရေး မြှင့်တင်ရေးဆိုင်ရာများ လှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများ အဖွဲ့ချုပ်ကို ၂ဝ၁၅ ခုနှစ် မေလ ၃ ရက်က ဖွဲ့စည်းခဲ့ပြီး ယခုအခါ ဥက္ကဋ္ဌအဖြစ် ဒေါက်တာ သက်နိုင်ဦး၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းတို့က တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။ အဖွဲ့ဝင် ဆရာ၊ ဆရာမပေါင်း ၅၅ဝဝ ကျော်ရှိပြီး ဖြစ်ကြောင်း ဆရာအဖွဲ့ချုပ်ထံမှ သိရှိရသည်။
Source : https://goo.gl/06kfbZ
via IFTTT
Huawei နဲ့ Leica Camera တို့ သုတေသနှင့် တီထွင်မှုဆိုင်ရာစင်တာ ပူးပေါင်းဖွင့်လှစ်
Huawei နဲ့ Leica Camera AG တို့ ပူးပေါင်းပြီး သုတေသနှင့် တီထွင်မှုဆိုင်ရာ စင်တာ “Max Berek ဆန်းသစ် တီထွင်မှုဆိုင်ရာ ဓာတ်ခွဲခန်း” ကို တိုးချဲ့ ဖွင့်လှစ်လိုက်ကြောင်း ယမန်နေ့မှာ Huawei က သတင်း ထုတ်ပြန်ထားပါတယ်။ Huawei P9 နဲ့ P9 Plus စမတ်ဖုန်းများ ထုတ်လုပ်ရောင်းချမှုအပြီး ၅ လအကြာမှာ Leica နဲ့ အခုလို ပူးပေါင်း တီထွင်ဖန်တီးမှု စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဓာတ်ခွဲခန်းအသစ်က ဂျာမနီနိုင်ငံ၊ ဝက်ဇလာမြို့မှာရှိတဲ့ Leica ရဲ့ တကမ္ဘာလုံးဆိုင်ရာ ရုံးချုပ်မှာ တည်ရှိပြီး ဓာတ်ခွဲခန်းမှာ ဓာတ်ပုံပညာဆိုင်ရာနဲ့ Mobile Application အမျိုးအစား အများအပြားမှာ ရုပ်ထွက်အရည်အသွေး တိုးတက်စေရန် အမြင်ပိုင်းဆိုင်ရာ စနစ်များနဲ့ Software များကို အခြေခံတဲ့ နည်းပညာများ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Source : https://goo.gl/l2tMrU
via IFTTT
မန္တလေးကျုံးရေပြင်အတွင်း ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပမည်
ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ မန္တလေး မြို့တော်၀န် ဒေါက်တာရဲလွင်က “ပြိုင်ပွဲကျင်းပမယ့် ကျုံးဘက်အခြမ်းက လမ်း ၈၀ က တကယ့်မြို့ရဲ့ Center ဖြစ်နေတယ်။ အဲဒီအတွက် ယာဉ်ကြော ပိတ်ဆို့မှု မရှိအောင်ရယ်၊ ကျုံးဘေး သံပန်းတွေမှာ လာကြည့်တဲ့ ပရိသတ်များပြီး ပြိုကျတာမျိုး မဖြစ်အောင် သေချာအကာအရံ တွေထားဖို့ လုပ်ပေးပါ့မယ်” ဟု ပြောသည်။ ဆက်လက်ဖတ်ရှုရန် - https://goo.gl/TSR667
Source : http://ift.tt/2d04mCH
via IFTTT
MOI Webportal Myanmar
မြေသိမ်းဆည်းခံရသည့် တောင်သူများ၏ ပိုင်ဆိုင်မှု အထောက်အထားများ ပြန်လည်စိစစ်ပေး ကျောက်မဲ စက်တင်ဘာ ၂၉ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှု အောက်ရှိ အမှတ်(၂) စစ်မြေပြင်တပ်ခွဲမှ သိမ်းဆည်းထားသည့် မြေများနှင့်ပတ်သက်၍ ကျောက်မဲကြီး ကျေးရွာအုပ်စုမှ တောင်သူ ၃၈ ဦးနှင့် တွေ့ဆုံ၍ မြေပိုင်ဆိုင်မှု အထောက်အထားများ စိစစ်ပေးခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က တောင်သူများအား သိမ်းဆည်းခံ လယ်ယာမြေဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ တောင်သူများ အနေဖြင့် လယ်ယာမြေပိုင်ဆိုင်မှု အထောက်အထားများ စာရွက်စာတမ်းများ လိုအပ်ကြောင်း၊ လယ်ယာမြေအငြင်းပွားမှု ပြဿနာနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း၊ သက်ဆိုင်ရာ အထက်ဌာန အဆင့်ဆင့်သို့ စိစစ်တင်ပြရခြင်းသာ ဖြစ်ကြောင်း ယခု လယ်ယာမြေ အငြင်းပွားမှုနှင့် ပတ်သက်၍ တင်ပြနိုင်ရန်အတွက် တောင်သူများ အနေဖြင့် လယ်ယာမြေပိုင်ဆိုင်မှု အထောက်အထား များနှင့်အတူ စိစစ်၍ သက်ဆိုင်ရာသို့ တင်ပြသွားမည် ဖြစ်ကြောင်းနှင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထား၊ အချက်အလက်များ ရှိထားရန်တို့ကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် ကျောက်မဲကြီးကျေးရွာအုပ်စု မန်ကန်ကျေးရွာမှ မြေသိမ်းဆည်းခံ တောင်သူ ၃၈ ဦးအနက် ငါးဦး၏ မြေပိုင်ဆိုင်မှု အထောက်အထားများအား ပြန်လည် စိစစ်ပေးခဲ့ပြီး ကျန်တောင်သူများ၏ လယ်ယာမြေ ပိုင်ဆိုင်မှု အထောက်အထားများအား စက်တင်ဘာ ၂၇ နှင့် ၂၈ ရက်တို့တွင် ဆက်လက် စိစစ် ဆောင်ရွက်ပေးကြောင်း သိရသည်။ ကျောက်မဲခရိုင်ပြန်/ဆက်
Source : http://ift.tt/2d03oq7
via IFTTT
MOI Webportal Myanmar
သဘာဝဘေးကြောင့် သီးနှံများ ပျက်စီးခဲ့သော တောင်သူများအား ထောက်ပံ့ငွေပေးအပ် ကန့်ဘလူ စက်တင်ဘာ ၂၉ ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာများမှ သဘာဝဘေး ဒဏ်ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးသွားခဲ့သော တောင်သူများအား ထောက်ပံ့ငွေများကို စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက အဖွဲ့နှစ်ဖွဲ့ခွဲ၍ စက်တင်ဘာ ၂၇ ရက်က ကျေးရွာများအရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ခေါ်သန္တီကျေးရွာအုပ်စုမှ တောင်သူ ၄၉ ဦး၏ နွေနှမ်း နှစ်ဧကနှင့် မိုးကြိုပဲတီစိမ်း ၁၂၈ ဧက အတွက် ထောက်ပံ့ငွေ ကျပ် ၃၆၁၄ဝဝဝ နှင့် ရွက်ကြမ်းကျေးရွာအုပ်စုမှ တောင်သူ ၉၁ ဦး၏ မိုးကြိုပဲတီစိမ်း ၁၃၁ ဧက အတွက် ထောက်ပံ့ငွေ ကျပ် ၃၆၆၈ဝဝဝ ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ်၊ စက်မှုလယ်ယာ ဦးစီးအရာရှိ ဦးဘိုအေး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးအရာရှိ ဦးတည်အေးငြိမ်း၊ သမဦးစီးအရာရှိ ဒေါ်ထွေးညွန့်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြလင်းဌေးတို့ ပါဝင်သည့်အဖွဲ့က ပေးအပ်ခဲ့သည်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်သူဟန်ထွန်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်၊ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမြင့်မောင်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးအရာရှိ ဦးခင်မောင်မြင့်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများ ပါဝင်သည့်အဖွဲ့က သောက္ကန်ကျေးရွာ အုပ်စုမှ တောင်သူ ၁၂၉ ဦး၏ နွေနှမ်း ၂၂ ဧကနှင့် မိုးကြိုပဲတီစိမ်း ၄၁၁ ဧကတို့အတွက် ထောက်ပံ့ငွေ ကျပ် ၁၁၈၃၈ဝဝဝ ကိုလည်းကောင်း၊ ရသားကျေးရွာ အုပ်စုမှ တောင်သူ ရှစ်ဦး၏ နွေနှမ်းသုံးဧကနှင့် မိုးကြိုပဲတီစိမ်း ၂၈ ဧက အ တွက် ထောက်ပံ့ငွေ ကျပ် ၈၂၉ဝဝဝ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါကျေးရွာများတွင် ယခုနှစ် ဧပြီနှင့် မေလအ တွင်းက ဧရာဝတီမြစ် ရေကြီးရေလျှံခြင်း၊ လေပြင်းကျခြင်း၊ မိုးသီးကြွေခြင်းတို့ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ သီးသန့်ရန်ပုံငွေမှ နွေနှမ်း တစ်ဧကလျှင် ကျပ် ၁၅ဝဝဝ နှုန်းဖြင့်လည်းကောင်း၊ မိုးကြိုပဲတီစိမ်း တစ်ဧကလျှင် ကျပ် ၂၈ဝဝဝ နှုန်းဖြင့် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တောင်သူပေါင်း ၂၇၇ ဦး၏ နွေနှမ်း ၂၇ ဧကနှင့် မိုးကြို ပဲတီစိမ်း ၆၉၈ ဧကအတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ် ၁၉၉၄၉ဝဝဝ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။ အောင်ဝင်းငြိမ်း(ကန့်ဘလူ)
Source : http://ift.tt/2doYQwJ
via IFTTT
ပါကစ္စတန် နယ်စပ်ဒေသရှိ စစ်သွေးကြွနှင့် အကြမ်းဖက် အုပ်စုများကို အိန္ဒိယစစ်တပ် စတင် ထိုးစစ်ဆင် နယူးဒေလီ၊ စက်တင်ဘာ ၂၉ ပါကစ္စတန် နယ်စပ်ဒေသတွင် ခြေကုပ်ယူ လှုပ်ရှားနေသော စစ်သွေးကြွများကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီ ဖြစ်သည်ဟု အိန္ဒိယစစ်တပ်က ထုတ်ဖော် ပြောဆိုလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား ကက်ရှ်မီးယား ဒေသနှင့် ပတ်သက်၍ ဆက်ဆံရေး တင်းမာနေချိန်တွင် အိန္ဒိယ စစ်တပ်က နယ်စပ်ဒေသရှိ စစ်သွေးကြွ အုပ်စုများကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုမှာ ပါကစ္စတန်နိုင်ငံ နယ်နိမိတ်ထဲသို့ ရောက်ရှိသည်ဟု ဆိုသော်လည်း ပါကစ္စတန် အစိုးရက အိန္ဒိယ စစ်တပ်၏ ကြေညာချက် မှန်ကန်မှု မရှိဟု တုံ့ပြန်သည်။ အဆိုပါ ထိုးစစ်သည် မကြာသေးမီက ကက်ရှ်မီးယား ဒေသရှိ အိန္ဒိယစစ် အခြေစိုက် စခန်းကို စစ်သွေးကြွများ ဝင်ရောက် တိုက်ခိုက်မှုကြောင့် အိန္ဒိယစစ်သား ၁၈ ဦး ကျဆုံးသွားရခြင်းကို လက်တုံ့ပြန်သည့် သဘော ဖြစ်သည်။ အိန္ဒိယစစ်တပ်၏ စစ်ဆင်ရေးဌာန အကြီးအကဲ ရာဘီယာဆင်းက ယခုထိုးစစ်သည် ပါကစ္စတန်နှင့် နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်း ပွားနေသော ကက်ရှ်မီးယားနှင့် နယ်စပ်ဒေသ တစ်လျှောက်မှ အကြမ်းဖက် အုပ်စုများနှင့် စစ်သွေးကြွ ပစ်မှတ်များကို အလုံးစုံ ဖျက်ဆီးပစ်ရန် ဦးတည်ကြောင်း သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။ “အကြမ်းဖက် အုပ်စုတွေ အနေနဲ့ အဖျက်အမှောင့် လုပ်ရပ်တွေ ဘယ်လိုမှ ထပ်လုပ်လို့ မရအောင် ဦးတည်တိုက်ခိုက် နေတာပါ။ ကျွန်တော်တို့ တိုင်းပြည် (အိန္ဒိယ) အပေါ် အန္တရာယ် ထပ်မပေးနိုင်တဲ့အထိ သူတို့ကို ဖျက်ဆီး ချေမှုန်း ပစ်မှာပါ” ဟု ၎င်းက ဆိုသည်။ အဆိုပါ စစ်ဆင်ရေးနှင့် ပတ်သက်၍ ပါကစ္စတန်နိုင်ငံမှ စစ်ဘက် အရာရှိများကို အသိပေး အကြောင်း ကြားထားပြီး ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားသည်။ အိန္ဒိယစစ်တပ်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် နာရီပိုင်းအကြာတွင်ပင် ပါကစ္စတန် စစ်တပ်က “အကြမ်းဖက် အုပ်စုများကို နှိမ်နင်းရေးဟူသည့် ခေါင်းစဉ်ဖြင့် အကောင်အထည် ဖော်နေသော အိန္ဒိယ၏ စစ်ဆင်ရေးသည် မှားယွင်းသည့် အကျိုးဆက်များကိုသာ ရရှိစေမည်ဖြစ်သည်”ဟု ကြေညာချက် ထုတ်ပြန်သည်။ ထိုသို့ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးများ ဆင်နွှဲခြင်းကြောင့် ပါကစ္စတန် စစ်သား နှစ်ဦး ကျဆုံးကာ ကိုးဦး ဒဏ်ရာ ရရှိသွားသည်ဟု ပါကစ္စတန် စစ်တပ်က ဆိုသည်။ လက်ရှိအချိန်အထိလည်း အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်ဒေသတွင် နယ်စပ်ဖြတ်ကျော် ထိုးစစ်ကြီးများ ဆင်နွှဲလျက်ပင် ရှိသည်ဟု အိန္ဒိယပြည်တွင်း မီဒီယာများက ဖော်ပြသည်။
Source : https://goo.gl/Brornx
via IFTTT
Eleven Broadcasting
တောင်အာဖရိက တက္ကသိုလ်များတွင် ပညာသင်စရိတ် မြင့်မားလာမှုကြောင့် ဆန္ဒပြမှုများဖြစ်ပေါ် (ရုပ်သံ) တောင်အာဖရိကနိုင်ငံက တက္ကသိုလ်တွေမှာ ပညာသင်ကြားရေးစရိတ်တွေ မြင့်တက်လာတာနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဂျိုဟန်နက်စဘတ်မြို့နဲ့ ဂရေဟန်စ်တောင်းမြို့ရဲ့ တက္ကသိုလ်နယ်မြေတွေမှာ ဆန္ဒပြမှုတွေတော်တော်များများ ဖြစ်ပေါ်နေတဲ့အတွက် ရဲတပ်ဖွဲ့တွေက ကော်ကျည်ဆန်တွေနဲ့ ပတ်ခတ်ပြီး လူစုခွဲနေရပါတယ် ။
Source : http://ift.tt/2cZYIR4
via IFTTT
Eleven Broadcasting
အီဗရာဟီမိုဗစ်၏ တစ်လုံးတည်းသောဂိုးဖြင့် မန်ယူနိုင်ပွဲရရှိခဲ့သည့် ယူရိုပါလိဂ်အုပ်စုပွဲစဉ်များ (ရုပ်သံ) ယူရိုပါလိဂ်ပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခဲ့ရာ မန်ချက်စတာ ယူနိုက်တက်အသင်းက ယူကရိန်းကလပ် ဇော်ရာအသင်းကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
Source : http://ift.tt/2doSBZH
via IFTTT
Thursday, September 29, 2016
Eleven Broadcasting
တိုင်ဖွန်းမုန်တိုင်းမက်ဂီကြောင့် တရုတ်တွင် မြေပြိုမှုများဖြစ်ပွားပြီးနောက် အနည်းဆုံး လူသုံးဆယ်ကျော် ပျောက်ဆုံး (ရုပ်သံ) တရုတ်နိုင်ငံကိုတိုင်ဖွန်းမုန်တိုင်းမက်ဂီ၀င်ရောက်တိုက်ခတ်တာကြောင့် မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာမှာ အနည်းဆုံးလူ ၃၃ ဦး ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။
Source : http://ift.tt/2duhcK8
via IFTTT
၀မ်းကွဲအစ်ကိုက ပထမတန်းကျောင်းသူအား အဓမ္မပြုကျင့်သတ်ဖြတ်မှုကို ထိရောက်စွာ ကိုင်တွယ်စစ်ဆေးရန် လူမှုရေးအဖွဲ့များ တောင်းဆို ရေကြည်မြို့နယ်တွင် ပထမတန်း ကျောင်းသူတစ်ဦး အား ဝမ်းကွဲအစ်ကိုတော်စပ်သူက အဓမ္မပြုကျင့်၍ သေဆုံးခဲ့ပြီး အဆိုပါအမှုကို ထိထိရောက်ရောက် ကိုင်တွယ်စစ်ဆေးပေးရန် ဒေသတွင်း လူမှုရေးအဖွဲ့များက တောင်းဆိုသည်။ ဧရာဝတီတိုင်းဒေသကြီး ရေ ကြည်မြို့နယ် ပုသိမ်-မုံရွာလမ်း ဘေးရှိ ကျွန်းစိုက်ခင်းတစ်ခုတွင် စက်တင်ဘာ ၂၆ ရက် ညနေက ယင်းအမှု ဖြစ်ပွားခြင်း ဖြစ်ကြောင်းရေကြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး က အတည်ပြုသည်။ ရေကြည်မြို့နယ် ကုန်းပြင် ကျေးရွာ အမက စက်စက်ယို ကျောင်းတွင် ပထမတန်းတက် ရောက်နေသော အသက် (၈) နှစ် အရွယ် ကျောင်းသူကို အစ်ကိုဝမ်း ကွဲတော်စပ်သူ မိုးဇော်ဦးဆိုသူက အဓမ္မပြုကျင့်ခြင်းဖြစ်ကြောင်း ရေကြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ကျော်ကျော်မိုးက ပြောကြားသည်။ သေဆုံးသူကျောင်းသူအား မိုးဇော်ဦးက ကျောင်းလာကြိုကာ ကျောင်းနှင့် အိမ်ကြားရှိ ကျွန်းခင်းအတွင်း ခေါ်ဆောင်၍ အဓမ္မပြုကျင့်ပြီး လည်ပင်းကိုညှစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲအုပ်ကျော် ကျော်မိုးက ပြောသည်။ မိုးဇော်ဦးကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၆ ရက် ည ၁၁ နာရီခန့်တွင် ဖမ်းဆီးကာ ဆက်လက် စစ်ဆေးချက်အရ သေဆုံးသူ ကျောင်းသူ ဝတ်ဆင်ထားသည့် နားကပ်ကိုယူရန် ၎င်း၏ မိန်းမနှင့် မိုးဇော်ဦးတို့က တိုင်ပင်ခဲ့ပြီး မိန်းမကို ပုသိမ်-မုံရွာလမ်းပေါ်တွင် စောင့်ခိုင်းခဲ့ကြောင်း၊ ကျောင်းသူအား ကျွန်းခြံအတွင်း ခေါ်ဆောင်သွားကြောင်း၊ နားကပ်ကို တောင်းယူစဉ် မရသောကြောင့် အဓမ္မပြုကျင့်ကာ သတ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သတင်းရရှိသည်။ ရုပ်အလောင်းကို ကျွန်းခင်းအတွင်းထားခဲ့ကာ နားကပ်ကို ရောင်းချခဲ့သည်ဟု ရဲအုပ် ကျော်ကျော်မိုးက ပြောသည်။ ထို့ကြောင့် မိုးဇော်ဦး၏ ဇနီးကိုပါ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ လုယက်မှုနှင့် ပူးပေါင်းကြံစည်မှု ဥပဒေပုဒ်မများဖြစ်သော ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆/၃၉၂/၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိ သည်။ ဒေသတွင်းလူမှုရေးအဖွဲ့ ဦးဆောင်သူ ဦးလှမိုးအပါအဝင် လူမှုရေး လုပ်ဆောင်သူများက အဆိုပါအမှုကို ထိရောက်စွာ စစ်ဆေး အရေးယူပေးရန် ရဲတပ်ဖွဲ့နှင့် တရားရုံးသို့ တောင်းဆိုမည်ဖြစ်ပြီး စောင့်ကြည့်မည်ဟုပြောသည်။
Source : http://ift.tt/2d8uIo6
via IFTTT
တစ်ကျော့ပြန်လာတဲ့ 'မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်' ဇာတ်ကား ရုံတင်တော့မည် "ကျွန်မကိုယ်မှာ အဲသလို မှဲ့လေး သုံးလုံးရှိတယ် ဗိုလ်ကြီး ရဲ့"လို့ ညုတုတုပြောတဲ့ မိန်းမလှလေး တစ်ယောက်နဲ့ ယောကျ်ားပီသတဲ့ သောင်းကျန်းသူ ဗိုလ်တစ်ဦးတို့ တောနက်ထဲက တဲကလေး တစ်လုံးထဲမှာ နှစ်ယောက်တည်း။ မီးအိမ်က ခပ်မှိန်မှိန်မီးရောင်အောက်မှာ အတူတူရှိနေကြတဲ့ ဒီဇာတ်ဝင်ခန်းက 'မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်' ၀တ္ထုရဲ့ ဇာတ်လမ်းအစရယ်ပဲ ဖြစ်ပါတယ်။ ဒီဝတ္ထုမှာ အဓိကဇာတ်ကောင် မိန်းမလှလေးရဲ့ မှဲ့သုံး လုံးရှာတဲ့အခန်း၊ ထမီတိုနဲ့ မြင်းစီးတဲ့ အခန်းနဲ့ စမ်းချောင်းလေးမှာ အဝတ်ဗလာနဲ့ ရေချိုးတဲ့ အခန်းလိုမျိုး ရင်ခုန် စိတ်လှုပ်ရှားစရာ ဇာတ်ကွက်တွေအပြင် လူဆိုးအယောက် ၃၀ နဲ့ သူသေကိုယ်ကြေတိုက်ခိုက်ရတဲ့ အက်ရှင်ခန်းတွေက စာဖတ်သူတွေကို စလယ်ဆုံးတိုင် ဆွဲဆောင်ထား နိုင်ခဲ့တဲ့ ရင်သိမ့်တုန် ဝတ္ထုဇာတ်လမ်းကောင်းတွေ ထဲက တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ၀တ္ထုကို အသက်သွင်း ဖန်ဆင်းလိုက် သူကတော့ စာရေးဆရာကြီး ဆွေလှိုင်ဦးပဲဖြစ်ပါတယ်။ လူကြိုက်များအောင်မြင်တဲ့ ဒီဝတ္ထုကို ၁၉၉၀ ဝန်းကျင် လောက်မှာ ဒါရိုက်တာ သီဟကျော်စိုးက ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ပါတယ်။ အဓိကဇာတ်ဆောင် 'မအေးပွင့်'အဖြစ် ခင်သီတာထွန်း၊ ဓားဘခက်အဖြစ် နေအောင်တို့က ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် နိုင်ခဲ့သလို ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရုံပြည့်ရုံလျှံတဲ့အထိ ရရှိခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ ကျော် ကြာပြီးတဲ့နောက်မှာတော့ ဒါရိုက်တာ သီဟကျော်စိုးဟာ သူ့ရဲ့ခေတ်သစ် ခြေလှမ်းသစ်အဖြစ် 'မအေးပွင့်မြင့်မြင့်စန်း လမ်းသုံးဆယ်'ကို ခေတ်သစ်သရုပ် ဆောင်တွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ထဲမှာ ထပ်မံပြီး ပုံဖော်ခဲ့ပြန်ပါတယ်။ ထုတ်လုပ်ရေးက ရတနာကျော်စိုးရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး သူရွေးချယ်ခဲ့တဲ့ သရုပ်ဆောင်တွေကတော့ အေးမြတ်သူနဲ့ နေမင်းတို့ပဲ ဖြစ်ပါတယ်။ ရိုက်ခဲ့ဖူးပြီး အောင်မြင်မှုအရှိန်ကြီးခဲ့တဲ့ ဇာတ်ကား ကိုပဲ ပြန်ပြီးရိုက်ကူးတာက တကယ်တော့ ဒါရိုက်တာအတွက် စွန့်စားမှုတစ်ခုပါပဲ။ ရိုက်ကူးချိန် သုံးလနဲ့ ကားတစ်ကားလုံး အစအဆုံး ပြီးစီးဖို့အတွက် စုစုပေါင်းအချိန် တစ်နှစ်ယူခဲ့ရပြီး ရုံတင်ပြသ ခွင့်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းလာခဲ့တာ လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့ကစတင်ပြီး တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်နက်တည်း ပြသသွားတော့မှာ ဖြစ်ပါတယ်။ "အခုလို ဒရာမာနဲ့ ဟာသကားတွေချည်းပဲ နေရာယူထားတဲ့ မြန်မာ့ရုပ်ရှင်ဈေးကွက်ထဲကို အက်ရှင်ကားတစ်ကားရိုက်ကူးထုတ်လုပ်ဖို့ဆိုတာ ခက်ခဲပါတယ်။ သာမန်ကားတွေထက် အကုန်အကျလည်း ပိုများသလို ရိုက်ကူး တဲ့အချိန်ကလည်း ကြာမြင့်ပါတယ်။ ကျွန်တော်က လက်ဝှေ့ ချန်ပီယံ မိုဟာမက်အလီနဲ့ သူရဲ့စိတ်ဓာတ်ကို အရမ်းကြိုက် တယ်။ သူဆိုရင် တစ်ပွဲဆိုတစ်ပွဲပဲ။ ကျွန်တော်လည်း ရုပ်ရှင် လောကကို ပြန်လာတာ မကြာသေးပေမဲ့ လောကထဲမှာဖြစ်နေတဲ့ လမ်းကြောင်းကနေ ကွဲထွက်ချင်တယ်။ အဲဒါကြောင့် တစ်ချိန်က ကျွန်တော်ရိုက်ကူးခဲ့တဲ့ အက်ရှင်ဇာတ် ကားတွေကိုပဲ ပြန်ရိုက်ကူးဖြစ်သွားတာပါ။ အောင်မြင်မယ် လို့လည်း ထင်ပါတယ်"လို့ အသက် ၆၁ နှစ်အရွယ် ဒါရိုက်တာ သီဟကျော်စိုးက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။ ခုလိုမျိုး သူ့ရဲ့အောင်မြင်ပြီးသားဇာတ်ကားကို ပြန်လည်အသက်သွင်းတာဟာ ဒါရိုက်တာ သီဟကျော်စိုး အတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဆရာ ဆွေလှိုင်ဦးရဲ့ 'ဂျက်မ'၀တ္ထုကို ၁၉၈၅ ခုနှစ်က ရုပ်ရှင်ကားကြီးအဖြစ် ကျော်သူ၊ ခင်သန်းနုနဲ့ မေဝင်းမောင်တို့နဲ့ ရိုက်ကူးခဲ့ပြီး အဲဒီခေတ်အခါက အောင်မြင်တဲ့ အက်ရှင် ဇာတ်ကားကောင်း တစ်ကားဖြစ်ခဲ့ပါတယ်။ အဲဒီဇာတ်ကားကို ခေတ်သစ် 'ဂျက်မ'အဖြစ် ဒီဗီဒီဇာတ်ကားအနေနဲ့ ပြန်လည်အသက်သွင်းခဲ့ပြီး ၂၀၀၉-၂၀၁၀ ပြည့်နှစ်မှာ ရုံတင်ပြသခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ဂျက်မအဖြစ် အေးမြတ်သူက သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ "အခုခေတ်မှာ အက်ရှင်မင်းသမီးအဖြစ် သရုပ်ဆောင် လုပ်ဖို့အတွက် ဇာတ်ကောင်စရိုက်နဲ့ညီမယ့် ကျွန်တော်ခိုင်းတဲ့အတိုင်း အချိန်ပေးပြီး ကြိုးကြိုးစားစား လုပ်နိုင်မယ့်သူက ရှားပါးတယ်။ ဒါကြောင့် အရင်ဂျက်မထဲက သူ (အေးမြတ်သူ)ကိုပဲ ပြန်ရွေးဖြစ်တာပါ။ သူဆိုရင် အလုပ်ကို ကြိုးစားတယ်။ အလုပ်အတွက် လိုအပ်မယ်ဆိုရင် ဝိတ်ချဆိုလည်း ချတယ်။ အလုပ်ကိုလည်း လေးစားတယ်။ နောက်ပြီး ဒီဇာတ်ကား (မအေးပွင့်မြင့်မြင့်စန်း လမ်းသုံးဆယ်) က မင်းသမီးဇာတ်လည်း ဖြစ်တယ် ဆိုတော့ လုပ်ရင်လုပ်သလိုတော့ နာမည်ရမှာပါ"လို့ သူ့ရဲ့နာမည် ကျော်ဇာတ်ကားနှစ်ကားစလုံးမှာ မင်းသမီးအေးမြတ်သူကိုပဲ ရွေးချယ်ဖြစ်ခဲ့ပုံကို ဒါရိုက်တာ သီဟကျော်စိုးက ရှင်းပြပါတယ်။ သရုပ်ဆောင် အေးမြတ်သူကလည်း 'ဂျက်မ'က သူ့ရဲ့ပထမဆုံးအက်ရှင် ဒီဗီဒီဇာတ်ကားဖြစ်ခဲ့ပြီး 'မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်'ကတော့ ပထမဦးဆုံး အက်ရှင်ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်တယ်လို့ ဆိုပါတယ်။ "ကိုယ်က အရင်ကတည်းက အက်ရှင်ဇာတ်ကားတွေ၊ နောက် ဟောင်ကောင်ဂျက်မကားတွေကို အရမ်းကြိုက်ခဲ့တယ်။ အမျိုးသမီးတွေပေမဲ့ ကြမ်းကြမ်းတမ်းတမ်း သရုပ်ဆောင်တဲ့ ဇာတ်ကွက်တွေကို သဘောကျခဲ့သလို ကိုယ်တိုင်လည်း သရုပ်ဆောင်ချင်ခဲ့တယ်။ ပြီးတော့ ကိုယ်တိုင်ကလည်း အပြင်မှာ ယောကျ်ားလေး ဆန်ဆန်လို နေတာများတော့ အဲဒီလို အက်ရှင်ဇာတ်ကွက်တွေ အတွက် အခက်အခဲတွေ ရှိပေမဲ့ သရုပ်ဆောင်ရတာ ပျော်တယ်။ ပြီးတော့ ဂျက်မ ဇာတ်ကားပြီး ကတည်းက အက်ရှင်ပိုးက ဝင်နေတာ။ အဲဒါကို ဆရာသီဟကျော်စိုးက ကိုယ့်ကို ရိုက်ဖို့ ကမ်းလှမ်းလာတော့ အရမ်းဝမ်းသာမိတယ်" လို့ အသက် ၃၁ နှစ်ရှိအရွယ် သရုပ်ဆောင်မင်းသမီးက ဆိုပါတယ်။ သုံးမိနစ်ကြာ 'မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်' ကို ဇာတ်လမ်းအမြည်းလေးကိုလည်း ဒီနှစ် ဇူလိုင်လထဲမှာ 'မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်' ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ပေးခဲ့ရာ ကြည့်ရှုသူ သိန်းချီရှိခဲ့ပါတယ်။ "ကားကြီးထဲမှာ အမျိုးသမီးအက်ရှင်ကားက မရှိသေးတော့ ပရိသတ်ကြိုက်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒရာ မာနဲ့ အဖွဲ့လိုက်လူအများကြီးပါတဲ့ ရုပ်ရှင်ဇာတ်ကားတွေလိုမျိုးမဟုတ်ဘဲ အမျိုးသမီး အက်ရှင်လည်းဖြစ် ကိုနေမင်းနဲ့ ကျွန်တော်ပဲပါတော့ စိတ်ဝင်စားကြပါ့မလား၊ ရုံထဲ လူဝင်ပါ့မလား ဆိုပြီး စိုးရိမ်မိတယ်။ ဒါပေမဲ့ ဒါရိုက်တာရဲ့ ယုံကြည်မှုနဲ့ ကိုယ်တိုင်ကလည်း တတ်နိုင်သမျှတော့ အားစိုက်ထုတ်ပြီး လူစားထိုး နည်းနိုင်သမျှ နည်းအောင် အက်ရှင်အခန်းတွေ အတွက် သရုပ်ဆောင်ထားပါတယ်"လို့ အေးမြတ်သူက ဆိုပါတယ်။ ဇာတ်ကားထဲမှာ ပါဝင်တဲ့ မြင်းစီးသင်ရတဲ့ အခန်းတွေအတွက် မင်းသမီးကြီး ခင်သီတာထွန်းရဲ့ အကူအညီနဲ့ ဆရာကျန်ကျောင်းဆီမှာ သင်ကြားခဲ့သလို အက်ရှင်ပိုင်းတွေအတွက်လည်း လူကြမ်းသရုပ်ဆောင် ကိုဆန္ဒမောင်က သင်ပြပေးခဲ့တယ်လို့ ဆိုပါတယ်။ ရိုက်ကွင်းနေရာအတွက် ပြည်မြို့ကနေ တော်တော်လေး ဝေးခေါင်တဲ့ တောထဲမှာ သွားရောက်ရိုက်ကူး ရတာကြောင့် ရိုက်ကူးရာနေရာ ကောင်းမွန်ပေမဲ့ သွားရေးလာရေး၊ နေထိုင်ရေးတွေ ခက်ခဲပြီး အက်ရှင်ဦးစားပေး ဇာတ်ကားဖြစ်တဲ့ အတွက်ကြောင့်လည်း ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေ ရှိခဲ့တယ်လို့လည်း သရုပ်ဆောင်သက်တမ်း ၁၀ နှစ် ကျော်ရှိနေပြီဖြစ်တဲ့ မင်းသမီးက ဆိုပါတယ်။ "တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တော့ ကိုယ့်အနေနဲ့ တာဝန်တော့ကြီးတယ်။ ကိုယ့်အလှည့်ကျရင်ရော ဒီလိုမျိုး ဖြစ်ပါ့မလားဆိုပြီး စိတ်ပူမိတယ်။ အရင်ခေတ်တုန်းက အောင်မြင်မှုကို မကျော်လွှားနိုင်ဘူးဆိုရင်တောင် အရင် ကားရဲ့ အောင်မြင်မှု၊ အရည်အသွေးနဲ့ လူကြိုက်များမှုကို မီပါ့မလားဆိုပြီး ဖြစ်မိတယ်။ ဒါပေမဲ့လည်း အားသွန်ခွန်စိုက် စိတ်ရောကိုယ်ပါ နှစ်ထားတော့ ဒီကားအပေါ် ကိုယ့်အနေနဲ့ ၁၀၀ ရာခိုင်နှုန်းအပြည့် ယုံကြည်မှုရှိပါတယ်"လို့ ဆိုပါတယ်။ ခန္ဓာကိုယ်က မှဲ့သုံးလုံးကိုရှာတဲ့အခန်းနဲ့ စမ်းချောင်းမှာ ရေချိုးတဲ့အခန်းတို့က မူရင်း ဝတ္ထုအပြင် အရင် ဇာတ်ကားထဲမှာလည်း ထည့်သွင်းခဲ့ပြီး ဝေဖန်မှုတွေကိုတော့ မကြုံရပါဘူးလို့လည်း ဆိုပါတယ်။ "အပေါ်အင်္ကျီမပါပေမဲ့ အထဲမှာ အဝတ်အစားတွေက ရှိပြီးသားလေ။ အမြင်ရိုင်းတယ် ဆိုတာကလည်း ကင်မရာရဲ့ လှည့်စားမှု၊ ဒါရိုက်တာရဲ့ လှည့်စားမှုကြောင့် ဖြစ်မှာပါ။ နောက်ပြီး တချို့ ဇာတ်ဝင်ခန်းတွေမှာ ကိုယ်က မြှူဆွယ်ရတဲ့ အပိုင်းရှိပေမဲ့ မီးတွေထိုး၊ စက်အဖွဲ့တွေ၊ အဖွဲ့သားတွေအများကြီးနဲ့ ရိုက်ကူး ရတာဖြစ်တဲ့အတွက် စိတ်ပူမိတာတော့ မရှိပါဘူး။ ဒီကားကို ကျွန်တော် ဂျက်မထက် ပိုပြီးတော့ အက်ရှင်ခန်းတွေမှာ လူစားထိုး နည်းနိုင်သမျှ နည်းအောင် ကြိုးစားပြီးလုပ်ထားတယ်" လို့ အေးမြတ်သူက ဆိုပါတယ်။ "အက်ရှင်ကားတွေကို အရမ်းကြိုက်တယ်။ ဒါပေမဲ့ ကိုယ့်ဆီမှာကျတော့ အက်ရှင်ကားကောင်း တစ်ကားဖြစ်ဖို့အတွက် နည်းပညာပိုင်းဆိုင်ရာတွေ၊ တခြားပံ့ပိုးမှုတွေ အားနည်းတဲ့အခါ ထွက်လာတဲ့ အက်ရှင်ဇာတ်ကားက ပရိသတ်အမြင်မှာ အညံ့စားကားဆိုပြီး ဖြစ်သွားကြတယ်။ နောက်ပြီး ဒီမှာက မင်းသားဈေးကွက်နဲ့လည်း သွားတယ်၊ ဇာတ်ကားတွေက အုံနဲ့ကျင်းနဲ့ သရုပ်ဆောင် အများကြီးနဲ့ သွားတာဆိုတော့ မင်းသမီးအက်ရှင် ဇာတ်ကောင်ကားကို အသားပေးရိုက်ဖို့က အခက်အခဲတွေ အများကြီးရှိတယ်။ ဈေးကွက်ကလည်း ကျဉ်း၊ ထုတ်လုပ်သူတွေကလည်း သိပ်မရင်းရဲကြဘူး။ သူများမလုပ်နိုင်တဲ့ အလုပ်တစ်ခုမှာ ကိုယ်က ပါဝင်ခွင့်ရတယ်ဆိုတော့ သဘောကျပါတယ်"လိုလည်း အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အေးမြတ် သူက ဆိုပါတယ်။ တစ်ခေတ်တစ်ခါက ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ အမျိုးသမီးအက်ရှင်ဇာတ်ကားတွေ ခေတ်စားလူကြိုက် များခဲ့ပေမဲ့ ဆယ်စုနှစ်ပေါင်း တော်တော်ကြာကြာ ပျောက်ကွယ်သွားပြီးနောက် တစ်ကျော့ပြန်လာတဲ့ 'မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်' ဇာတ်ကားကြီးကို ပရိသတ်တွေ အကြိုက်တွေ့လက်ခံပါမလား၊ မအေးပွင့်က ဘာကြောင့် တောနက်ထဲက တဲလေးထဲကို ရောက်နေရတာလဲ၊ လူဆိုးကြီးတွေနဲ့ ဘယ်လို ရင်ဆိုင်တွေ့ရမလဲ၊ အန္တရယ်တွေကို မိန်းမမာယာနဲ့ ဘယ်လိုအောင်မြင်အောင် တိုက်ထုတ်မလဲ၊ နောက်ဆုံးဇာတ်သိမ်းမှာ ဘယ်လိုမျိုးတွေ ရင်ဆိုင်ကြုံတွေ့ရမလဲ စတဲ့မေးခွန်းတွေကို အဖြေရှာဖို့ အတွက်တော့ ဇာတ်ကားရုံတင် လာတဲ့အခါ သွားရောက်ကြည့်ရှု အားပေးနိုင်ကြပါတယ်။
Source : http://ift.tt/2dngO2K
via IFTTT
ခြင်ကျားနှိမ်နင်းရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်စေလိုဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၇ လက်ရှိ အိမ်နီးချင်း နိုင်ငံများတွင် ဖြစ်ပွားလျက် ရှိသည့် ဇီကာဗိုင်းရပ်စ် ရောဂါနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ကြိုတင် ကာကွယ်မှု လုပ်ငန်းများကို ပြုလုပ်လျက်ရှိပြီး ယင်းလုပ်ငန်းများတွင် ပြည်သူလူထုများပါ ပူးပေါင်း ပါဝင်စေလိုကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး/စီမံချက်မန်နေဂျာ (သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်၊ ဂျပန်ဦးနှောက်ရောင် ရောဂါ) ဒေါက်တာ ဇော်လင်းက ပြောကြားသည်။ “ဇီကာရောဂါက သွေးလွန်တုပ် ကွေးကိုသယ်တဲ့ ခြင်ကျားကိုက်လို့ အဓိက ကူးစက်တာ ဖြစ်တဲ့အတွက် ခြင်ကျားကို နှိမ်နင်းတဲ့ နေရာမှာ ကျန်းမာရေးဌာနတွေ၊ တခြားနှီးနွှယ်နေတဲ့ ဌာနတွေ နည်းတူ ပြည်သူလူထုကို ပါဝင်စေချင်ပါတယ်။ ဖိတ်လည်း ဖိတ်ခေါ်ပါတယ်။ ပြည်သူလူထု မပါရင် ခြင်ကျား နှိမ်နင်းရေးက အင်မတန်မှ ထိရောက်ဖို့ ခဲယဉ်းပါတယ်”ဟု ၎င်းက ဆိုသည်။ စင်ကာပူနိုင်ငံရှိ ကိုယ်ဝန်ဆောင် ၁၆ ဦးတွင် ဇီကာဗိုင်းရပ်စ် ရှိနေသည်ဟု စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြု ပြောကြားထားပြီး ယင်းဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများက မွေးဖွားလာသည့် ကလေးငယ်များသည် ဦးခေါင်း သေးငယ်ပြီး ကြီးထွားဖွံ့ဖြိုးမှုပိုင်းတွင် ဆိုးရွားသည့် ချို့ယွင်းချက်များ ဖြစ်ပေါ်သည်ကိုလည်း တွေ့ရှိရကြောင်း ဘရာဇီးနိုင်ငံ၏ စမ်းသပ် လေ့လာချက်များအရ သိရသည်။ မိမိတို့အိမ်ရှိ ရေသိုလှောင်ရာ နေရာများ၊ ရေဝပ်နိုင်သည့် မော်တော်ကား တာယာများအပြင် အခြား ရေခိုအောင်းနိုင်သည်များကို စနစ်တကျ လွှင့်ပစ်ရန် လိုအပ်ပြီး တစ်ပတ်လျှင် တစ်ကြိမ် ရပ်ကွက်အလိုက်၊ ကျောင်းအလိုက်၊ မြို့နယ်အလိုက်၊ ပြည်နယ်နှင့် တိုင်းအလိုက် ခြင်ကျားလောက်လန်း နှိမ်နင်းရေးများကို လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
Source : https://goo.gl/m3icXJ
via IFTTT
အမ်တီဗီ ဥရောပ တေးဂီတဆုအတွက် ဘီယွန်းစ်နဲ့ ဂျက်စတင်ဘီဘာတို့ ဦးဆောင် ၂၀၁၆ ခုနှစ် အမ်တီဗီ ဥရောပတေးဂီတဆု (MTV EMAs) ဆုရရှိဖို့ လျာထားခံရသူတွေ စာရင်းမှာ ဘီယွန်းစ်နဲ့ ဂျက်စတင်ဘီဘာတို့က ဦးဆောင်နေကြပါတယ်။ အမေရိကန် အဆိုတော် ဘီယွန်းစ်နဲ့ ပေါ့ပ်ကြယ်ပွင့် ဂျက်စတင်ဘီဘာတို့ဟာ ဆု ၅ ဆုအတွက် လျာထားခံခဲ့ရပြီး နိုဝင်ဘာ ၆ ရက်နေ့၊ နယ်သာလန်မှာ ပြုလုပ်မယ့် ဆုပေးပွဲအတွက် ဦးဆောင်သူတွေ ဖြစ်လာခဲ့ကြတာပါ။ အသက် ၃၅ နှစ် အရွယ်ရှိပြီ ဖြစ်ပေမယ့်လည်း အောင်မြင်နေဆဲဖြစ်တဲ့ ဘီယွန်းစ်က အကောင်းဆုံး အမျိုးသမီး အဆိုတော်ဆု၊ အကောင်းဆုံး ဗီဒီယိုဆု၊ အကောင်းဆုံး တင်ဆက်မှုဆု၊ ပရိသတ် အားပေးမှု အများဆုံးဆုနဲ့ အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှု ဆုတွေအတွက် လျာထားခံရတာပါ။ ဂျက်စတင်ဘီဘာကတော့ သူ့ရဲ့ ပရိသတ်တွေနဲ့ သူ့ကို မုန်းတီးသူတွေကြားမှာ ရပ်တည်နေခဲ့ ရပေမယ့်လည်း ထွက်သမျှ သီချင်းတွေကတော့ အောင်မြင်ခဲ့တာချည်းပါပဲ။ ဂျက်စတင်ဘီဘာက အကောင်းဆုံး အမျိုးသား တေးသံရှင်ဆု၊ အကောင်းဆုံး တေးသီချင်းဆု၊ အကောင်းဆုံး ပေါ့ပ်အဆိုတော်ဆု၊ ပရိသတ် အားပေးမှု အများဆုံးဆုနဲ့ အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှုဆုတွေ အတွက် လျာထားခံရတာပါ။ တခြားအဆိုတော်တွေ ဖြစ်ကြတဲ့ အဒဲလ်၊ Cold Play၊ ရှောင်မန်းဒက်စ်နဲ့ လူးကပ်ဂရေဟမ်တို့ ကလည်း တစ်ဦးကို ဆုလေးဆု ရရှိဖို့ လျာထားခံရသူတွေ ဖြစ်လာခဲ့ကြပါတယ်။ Ref: thefader.com
Source : https://goo.gl/nF8Tc1
via IFTTT
အကယ်ဒမီ မေသန်းနုကို ဂရန်အတုဖြင့် မြေရောင်းချမှုအတွက် ဖြေရှင်းပေးရန် ကြေညာချက် ထုတ် ရန်ကုန်၊ စက်တင်ဘာ ၂၉ ရန်ကင်းမြို့နယ်ရှိ အဆောက်အအုံပါ မြေကွက်ကို ကျပ်သိန်း ၄၀၀၀ ဖြင့် ရောင်းချခဲ့သော ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မေသန်းနုကို မြေငှားဂရန် စာချုပ်အတုဖြင့် ရောင်းချခဲ့သောကြောင့် ဝယ်ယူသူမှ ခုနှစ်ရက်အတွင်း လူချင်း တွေ့ဆုံ ဖြေရှင်ပေးရန် စက်တင်ဘာလ ၂၉ ရက်နေ့က နိုင်ငံပိုင် သတင်းစာတွင် အများသိစေရန် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။ ကျပ်သိန်း ၄၀၀၀ ဖြင့် ရောင်းချခဲ့သည့် မြေနေရာမှာ ရန်ကင်းမြို့နယ်၊ ၁၅ ရပ်ကွက်၊ အနီယာလမ်းရှိ နှစ် ၆၀ မြေငှားဂရန် အမျိုးအစား မြေကွက်ဖြစ်ပြီး ယခုနှစ် ဇွန်လ ၁ ရက်နေ့က ဒေါ်နှင်းလဲ့အောင်မှ ဝယ်ယူခဲ့ကြောင်း၊ ငွေချေစဉ် ဒေါ်သန်းသန်းဆင့် (ခ) မေသန်းနု၏ လက်မှတ်နှင့် လက်ဗွေပါ စာချုပ်ကို ပြသညွှန်ကြားထားကြောင်း ယင်းကြေညာချက်အရ သိရှိရသည်။ ရန်ကုန်မြို့ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် ဒေါ်သန်းသန်းဆင့် (ခ) မေသန်းနု၏ အမည်ပေါက် မြေငှားဂရန် စာချုပ်မူရင်းဟု အဆိုရှိပြီး ဝယ်ယူသူ ဒေါ်နှင်းလဲ့အောင်၏ ခင်ပွန်းဖြစ်သူ ဦးစိုးလင်းထက်ကို ပြန်လည် ရုပ်သိမ်းခွင့် မရှိသည့် အထူး ကိုယ်စားလှယ် လွှဲစာဖြင့် လွှဲအပ်ခဲ့ကြောင်း ယင်းကြေညာချက် လွှဲအပ် လက်ခံ ဆောင်ရွက်နေသည့် ရှေ့နေဦးစိန်မြင့်က ပြောကြားသည်။ “ငွေချေပြီး အရောင်းအဝယ် မှတ်ပုံတင် စာချုပ်ပြုလုပ်ဖို့ သက်ဆိုင်ရာ မြေပုံရာဇဝင် ကူးယူနိုင်ရေး ဆောင်ရွက်တဲ့ အချိန်မှ မြေငှားဂရန် စာချုပ်က ပိပိရိရိနဲ့ ဖန်တီးထားတဲ့ စာချုပ်အတု ဖြစ်နေမှန်း သိခဲ့ရတယ်၊ စုံစမ်းကြည့်တော့ စာချုပ် မူရင်းက ဘဏ်တစ်ခုမှာ အပေါင်ထားပြီး ငွေချေးထားကြောင်း သိခဲ့ရလို့ မေသန်းနုကို ခုနှစ်ရက်အတွင်း လူချင်း တွေ့ဆုံ ဖြေရှင်းပေးဖို့ သတင်းစာမှာ ကြေညာချက် ဖော်ပြခဲ့တာပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ ကြေညာချက်နှင့် ပတ်သက်၍ ရုပ်ရှင်သရုပ်ဆောင် မေသန်းနုထံ ဆက်သွယ် မေးမြန်းခဲ့ရာတွင် လတ်တလော ယင်းကိစ္စနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားပေးနိုင်ခြင်း မရှိသေးကြောင်း ဖြေကြားခဲ့သည်။ အဆိုပါ ရုပ်ရှင်သရုပ်ဆောင် မေသန်းနုကို စက်တင်ဘာလ ၈ ရက်နေ့က ကမာရွတ်မြို့နယ်တွင် နေထိုင်သော ဒေါ်စန်းစန်းမြင့်က ကျပ်သိန်း ၄၀၀ လိမ်လည်မှုဖြင့် ရန်ကင်း မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
Source : https://goo.gl/SmphNO
via IFTTT
ကရင်ပြည်နယ်တိုက်ပွဲများမှာ ဟတ်ကြီးရေကာတာနှင့် ပတ်သက်နေဟု KRW ဆို
တပ်မတော်၊ ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် DKBA (ခွဲထွက်အဖွဲ့)တို့အကြား မကြာမီကဖြစ်ပွားသည့် တိုက်ပွဲများမှာ တပ်မတော်၏ ဟတ်ကြီး ရေကာတာစီမံကိန်း အကောင်အထည်ဖော်ရေး ဆောင်ရွက်ချက် တခုဖြစ်ကြောင်း ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေး ကွန်ရက် (KRW)က သတင်းထုတ်ပြန် လိုက်သည်။ ယနေ့ စက်တင်ဘာ ၂၉ ရက်က ထုတ်ပြန်သည့် KRW ၏ ကြေညာချက်တွင် တပ်မတော်နှင့် BGF တို့ ထိန်း ချုပ်လိုက်သည့် မဲသ၀ေါလမ်းမှာ ဟတ်ကြီးရေကာတာ စီမံကိန်းအတွက် ပစ္စည်းများသယ်ယူပို့ ဆောင်ရန် အရေးပါသော နေရာတခုဖြစ်ကြောင်း ဖော်ပြထားသည်။ KRW မှ ပြောခွင့်ရသူ စောသာဘိုးက “အရင်အစိုးရက MOUထိုးထားတယ်။ အခုNLD အစိုးရလက်ထက် မှာ ကမ္ဘာ့ဘဏ်နဲ့ ဆွေးနွေးတာကို ကျနော်တို့ တွေ့ရတာက ဟတ်ကြီးရေကာတာကို ၂၀၂၀-၂၀၂၁ လောက် မှာ အပြီးသတ်ဆောင်ရွက်မယ်ဆိုတာ Master Plan အနေနဲ့ တရားဝင်တွေ့ရတယ်”ဟု ဧရာဝတီ ကို ပြောသည်။ ဆက်လက်ဖတ်ရှုရန်
Source : https://goo.gl/OZntiM
via IFTTT
ကွန်ပျူတာ ကျောင်းသားများအတွက် Samsung ရဲ့ Mobile Application သင်တန်း
“ဒီ သင်တန်းဟာ မြန်မာနိုင်ငံရဲ့ ကွန်ပျူတာ တက္ကသိုလ်များမှ အထူးရွေးချယ်ထားတဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူပေါင်း အယောက် ၁၅၀ ကို ၂ လကြာ Mobile Application Training အဖြစ် Samsung မှ ပညာသင်စရိတ် ထောက်ပံ့ကာ ဖွင့်လှစ်သင်ကြားပေးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Mobile Application Developer တွေ များများထွက်ပေါ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအစီအစဉ်ကို ပြုလုပ်တာ ဖြစ်ပါတယ်” ဆက်လက်ဖတ်ရှုရန် - https://goo.gl/u1HNEb
Source : https://goo.gl/u1HNEb
via IFTTT
ပြည်တွင်းသုံးအတွက် ရေအားနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ တစ်ရက်လျှင် ပျမ်းမျှကီလိုဝပ်နာရီ သန်းပေါင်းငါးသောင်းကျော် ထုတ်လုပ်သုံးစွဲလျက် ရှိပြီး လာမည့်နွေရာသီတွင် ပိုမိုထုတ်လုပ်မည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှုအတွက် ရေအားလျှပ်စစ် စီမံကိန်းများနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ကီလိုဝပ်နာရီ သန်းပေါင်း ငါးသောင်းကျော် ထုတ်လုပ် သုံးစွဲလျက် ရှိပြီး လာမည့် နွေရာသီကာလများတွင် လက်ရှိထက် ပိုမိုထုတ်လုပ်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးစန်းယုက ပြောကြားသည်။ “လက်ရှိမှာ တစ်ရက်ကို ပျမ်းမျှအားဖြင့် ကီလိုဝပ်နာရီ သန်းပေါင်းငါးသောင်းကျော် ထုတ်လုပ်နေပါတယ်။ ရေအားကနေ ကီလိုဝပ်နာရီသန်းပေါင်း သုံးသောင်းကျော်နဲ့ သဘာဝဓာတ်ငွေ့ကတော့ နှစ်သောင်းကျော် ထုတ်လုပ်နေပါတယ်။ အဲဒီအထဲမှာ ကျောက်မီးသွေးကနေ လုံးဝထုတ်လုပ်နေတာ မရှိပါဘူး” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးစန်းယုက ပြောကြားသည်။ လက်ရှိကာလတွင် ပြည်တွင်းသုံးအတွက် ရေအားလျှပ်စစ်စီမံကိန်း ၂၆ ခုနှင့် နေရာ ၁၄ ခုမှ ထုတ်လုပ်နေသည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ထုတ်ယူ သုံးစွဲနေခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အဖြစ် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်နေပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၄၅၃၁ မဂ္ဂါဝပ်အထိ လိုအပ်ချက်ရှိလာမည် ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ တည်ဆောက်ပြီး ရေအား၊ သဘာဝဓာတ်ငွေ့၊ ဒီဇယ်နှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများတွင် စုစုပေါင်း စက်တပ်ဆင်အား ၅၂၃၅ မဂ္ဂါဝပ်ရှိပြီး နိုင်ငံတော် ဓာတ်အားစနစ်မှ ထုတ်လုပ်ဖြန့်ဖြူးမှုမှာ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းအထိ ၂၅၀၀ မဂ္ဂါဝပ် အထိ ရှိနေသည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နှစ်စဉ် မြင့်တက်နေသော မြန်မာနိုင်ငံ၌ အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၇၈ သန်းအနက် လျှပ်စစ်ဓာတ်အား မရရှိသေးသည့် အိမ်ထောင်စု ၆၆ ရာခိုင်နှုန်း (အိမ်ထောင်စုပေါင်း ၇ ဒသမ ၁၇၈ သန်း) ရှိနေပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးရေး စီမံချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အား ၄၅၃၁ မဂ္ဂါဝပ်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ၈၁၂၁ မဂ္ဂါဝပ်၊ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် ၁၄၅၄၂ မဂ္ဂါဝပ်အထိ လိုအပ်ဦးမည် ဖြစ်ကာ လာမည့် ၂၀၁၇ ခုနှစ် နွေရာသီတွင်လည်း လျှပ်စစ်ဓာတ်အား လိုအပ်မှု မဂ္ဂါဝပ် ၃၀၀ ဖြစ်ပေါ်ဦးမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်တွင် လူဦးရေ သုံးပုံနှစ်ပုံနှင့် ကျေးလက်အိမ်ထောင်စု ၈၄ ရာခိုင်နှုန်းသည် နိုင်ငံတော်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်မှုမရှိချေ။ အစိုးရ၏ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး အစီအစဉ်သည် ၂၀၃၀ ပြည့်နှစ်တွင် အိမ်ထောင်စုပေါင်း ၇ ဒသမ၂ သန်းကို မီးပေးရန်နှင့် လူတိုင်းလျှပ်စစ်မီး အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
Source : http://ift.tt/2cMISvt
via IFTTT
မသန်စွမ်းသူများကို ရန်ကုန်က ထည့်စဉ်းစားရဲ့လား “ကူးလို့ရပြီ” ဟု အနီးအနားရှိ တယောက်ယောက် ၏ ပြောသံမကြားမချင်း လမ်းတဖက်တွင် အားမီစာ တယောက် ငြိမ်သက်စွာ ရပ်နေသည်။ ကားများကို အင်မတန်ကြောက်သဖြင့် လမ်းဖြတ်ကူးခြင်းသည် သူမအတွက် ကြီးမားသော စိန်ခေါ်မှုတခု ဖြစ်နေသည်။ “အဝေးကြီးတော့ တယောက်ထဲ တခါမှ မသွားဖူးဘူး။ တယောက်ထဲဆိုလည်း ဆရာမတွေက မလွှတ်ဘူး။ သွားလဲမသွားရဲဘူး” ဟု အားမီစာက ပြောပြသည်။ အားမီစာသည် မန္တလေးတိုင်း၊ မိုးကုတ်မြို့ ဇာတိဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် လီဆူး အမျိုးသမီးတဦး ဖြစ်သည်။ သူမ အသက် ၈ နှစ် အရွယ်တွင် အပြင်းဖျားခဲ့ပြီး အမြင်အာရုံ ချို့ယွင်းသွားခဲ့ရသည်။ တဖန် ခွဲစိတ်ကုသမှု အမှားအယွင်းကြောင့် အမြင်အာရုံ လုုံး၀ ဆုံးရှုံးသွားခဲ့သည်။ ဆက်ဖတ်ရန်
Source : https://goo.gl/HgaQ2p
via IFTTT
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ - Unofficial
၂၉.၉.၁၆ရက်နေ့ ၁၀း၃၀အချိန် တောင်ဥက္ကလာမြို့နယ် ၄ရပ်ကွက်၊သုတ၈လမ်းမီးသတင်းရရှိ၍တောင်ဥက္ကလာပ ယာဉ်အုပ်စုထွက်ခွာငြိမ်းသတ်လျက်ရှိပါသည်။ update ၁၀း၄၀ မီးငြိမ်းကြောင်းသတင်းရရှိ Credit >>> mfsd
Source : http://ift.tt/2dvdX98
via IFTTT
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု
မြန်မာနိုင်ငံအပေါ် အမေရိကန် နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းလိုက်ပြီးနောက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန် ပြင်ဆင်သည့် အနေဖြင့် “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း” ကို ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် တွင် အတည်ပြုလိုက်ကြောင်း သိရသည်။ ဆက်ဖတ်ရန်
Source : https://goo.gl/1lPRtL
via IFTTT
လတ်တလောတွင် ချင်းတွင်းမြစ်ရေကို သောက်သုံးရန် မသင့်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ သတင်းစာရှင်းလင်း သြဂုတ် ၂၁ ရက်မှ ၂၅ ရက်အထိ ချင်းတွင်းမြစ်၏ မြစ်ဖျားပိုင်းခန္တီးမြို့မှ စတင်ကာ ရေမည်းညစ်မှုကြီး ဖြစ်ပေါ်ခဲ့ပြီး ကလေးခရိုင် မင်းကင်းမြို့အနီးတွင် ပျောက်ကွယ်သွားမှုနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကွင်းဆင်းစစ်ဆေး တိုင်းတာမှုများ ပြုလုပ်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စေလွှတ်ခဲ့ရာမှ တွေ့ရှိချက်များအား သတင်းမီဒီယာများနှင့် တွေ့ဆုံပြီး ရှင်းလင်းပွဲတစ်ရပ် စက်တင်ဘာ ၂၈ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ ရေမည်းကြီး ဖြစ်ပေါ်လာရခြင်း စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးစိုးလွင်မှ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပြီး တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၊ တိုင်းဒေသကြီး ကုသရေး ဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး၏ ကိုယ်ရေးအရာရှိ ဦးသန်းဌေးနှင့် ဘူမိဗေဒ ပညာရှင်၊ အင်ဂျင်နီယာတို့ ပါဝင်သည့် ရှစ်ဦးအဖွဲ့နှင့် ဒေသခံလွှတ်တော် ကိုယ်စားလှယ်များ စက်တင်ဘာ ၆ ရက်တွင် စုံစမ်းစစ်ဆေးမှုများ စတင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါ စစ်ဆေး တွေ့ရှိချက်များအရ လတ်တလောတွင် ချင်းတွင်းမြစ်ရေအား သောက်သုံးရန် မသင့်ကြောင်း၊ ကျိုချက်ပြီးမှသာ သောက်သုံးသင့်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က ပြောကြားသည်။ “ရေမည်းစီးဆင်းနေချိန်မှာတော့ ချင်းတွင်းမြစ်ရေကို သုံးစွဲရပေမယ့် သောက်ဖို့မသင့်ပါဘူး။ လတ်တလောမှာ သောက်သုံးမယ်ဆိုရင် ရေကိုစစ်ပြီး ကျိုချက်သောက်နိုင်ပါတယ်။ မိုးကာလမှာ ဆက်စီးနေနိုင်တာကြောင့် ဒီအတိုင်းမြစ်ရေကို မသောက်သင့်ဘူး” ဟု စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က ပြောကြားသည်။ ခန္တီးမြို့မှ ၈၄ မိုင်အကွာရှိ နန့်စလိန် ချောင်းတွင် ရေမည်းများစတင်တွေ့ရှိရ၍ ဆက်လက်ရှာဖွေရာ မခွာလယ်ကျေးရွာ (ထန်ပါခွေမြို့နယ်ခွဲ) အိန္ဒိယနယ်စပ်အနီးသို့ ဆက်လက်လေ့လာခဲ့ပြီး ခြေကျင်ခရီးဖြင့် စာ ရာမေတိတောင်ခြေအထိ ရောက်ရှိခဲ့ကြောင်း၊ နန့်စလိန်ချောင်း၏ ချောင်းလက်တက်အတွင်း အမည်းရောင် မြေကြီးများ စတင်ပြိုကျစီးဆင်း နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ရေမည်းများ စတင်စီးဆင်ရာ ဒေသ မှာ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၇၃၆၄ တွင် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ နန့်စလိန်ချောင်းတွင် အမည်းရောင်ပါသော ဂရပ်ဖိုက်ကျောက်သားမှုန်များ ပျော်ဝင်နေ၍ ဒေသခံ နာဂလူမျိုးများမှာ အဆိုပါရေကို သောက်သုံးခြင်း မပြုသဖြင့် ဆိုးရွားသော ရောဂါများ မတွေ့ကြောင်း လေ့လာရေး ခရီးစဉ်တွင် လိုက်ပါခဲ့သော တိုင်းကျန်းမာရေးမှ ဒေါက်တာစိုးသူရက ပြောကြားသည်။ ရေလမ်းခရီးမှ လေ့လာရေးအဖွဲ့ကလည်း ရေမည်းများ စီးဆင်းနေချိန်၌ ခန္တီးမြို့မှစ၍ မုံရွာအထိနေရာ ကိုးနေရာတွင် မြစ်ရေ အရည်အသွေးကို လေ့လာခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ် ဖွံ့ဖြိုးမှုဌာနမှ ဦးစီးမှူးဦးဖုန်းကျော်စိန်က “ရေမည်းပျောက်ချိန်မှာ တိုင်းတာတော့ ရေတွေက ပုံမှန်အခြေအနေ ရောက်ပါတယ်။ ရေမည်းတုန်းကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ထားတဲ့ စံနှုန်းအောက် ရောက်နေလို့ ရေနေသတ္တဝါတွေ အန္တရာယ်ရှိတယ်။ ရေမြစ်ဖြိုးအနေနဲ့ တစ်နှစ်ပတ်လုံး ရေအရည်အသွေးကို တိုင်းတာပြီး ပြည်သူကို ထုတ်ပြန်ဖို့ လုပ်ထားပါတယ်” ဟု ပြောကြားသည်။ ချင်းတွင်းမြစ်ရေ ညစ်ညမ်းရခြင်းမှာ ဂရပ်ဖိုက် အမှုန်များသာမက ရွှေကျင်ခြင်း၊ အခြား သတ္တု တူးရာတွင် သုံးစွဲရေများ စွန့်ပစ်ခြင်း၊ မြစ်နံဘေး စက်ရုံများမှ စွန့်ပစ်စက်သုံးဆီများနှင့် ဒေသခံများ ရွှေ့ပြောင်းတောင်ယာ ခုတ်ခြင်းကြောင့် တောင်ပြုန်း၍ မြေဆီလွှာ ထိန်းမှုပျက်စီးကာ ရေတွင်ပျော်ဝင် စီးဆင်းခြင်းများကြောင့် ဖြစ်သည်ဟု လေ့လာစုံစမ်းရေး အဖွဲ့က ပြောကြားသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ဒီအစီရင်ခံစာကို တိုင်းအစိုးရကနေတစ်ဆင့် ပြည်ထောင်စုအစိုးရကို တင်ပြသွားမှာပါ။ ကျွန်တော့်အနေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာကို ထိန်းသိမ်းနိုင်အောင် ကြိုးစားနေပါတယ်” ဟု ပြောကြားသည်။
Source : http://ift.tt/2dmOs59
via IFTTT
၈ တန်းကျောင်းသူ (၂)ဦးကို အကြိမ်ကြိမ်သားမယားအဖြစ် ပြုကျင့်သည့် ကျောင်းဆရာကို အရေးယူ – Myitmakha Me
၈ တန်းကျောင်းသူ (၂) ဦး ကို အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်သည့် ကျောင်းဆရာကို အရေးယူ ပုသိမ်၊ စက်တင်ဘာ (၂၈)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အလက(ခွဲ)မှ (၈)တန်း ကျောင်းသူ နှစ်ဦးကို စာသင်ကျောင်းအတွင်း အကြိမ်ကြိမ် သားမယားအဖြစ်ပြုကျင့်သည့် သမိုင်းဘာသာရပ်သင် ဆရာကို ကျူးလွန်ခံရ သူများ၏ သူငယ်ချင်း ကျောင်းသူတစ်ဦးမှ စတင် ဖော်ထုတ်မှုကြောင့် စက်တင်ဘာလ (၂၇)ရက်တွင် အမှုဖွင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ ရွှေညောင်ပင် အလက(ခွဲ)မှ သမိုင်းဘာသာရပ်သင် ဆရာ ဦးရန်နိုင်အသက် (၂၈) နှစ်သည် (၁၅) နှစ်အရွယ် (၈) တန်း ကျောင်းသူ တစ်ဦးအား ကျောင်းပိတ်ရက် အချိန်ပိုခေါ်ယူ သင်ကြားချိန် များတွင် ဆရာများနားနေခန်း အတွင်း (၅) ကြိမ်တိုင် သားမယားပြုကျင့်ခဲ့ပြီး (၁၄) နှစ် အရွယ် (၈) တန်းကျောင်းသူတစ်ဦးအား ညနေကျောင်း ဆင်းပြီးချိန်များတွင် စာသင် ခန်းအတွင်း (၃) ကြိမ် တိုင်တိုင် သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ကျိုက်လတ်မြို့မ ရဲစခန်းမှ စစ်ဆေးချက်များအရ သိရသည်။ “တစ်ယောက်ကတော့ ကျောင်းပိတ်ရက် မနက်ပိုင်းတွေမှာ အချိန်ပိုခေါ်ရင်းကျူးလွန်တာ၊ ကလေးမလေးကို ခေါ်ပြီး အမှတ်ကူဖျက်ခိုင်း နှိပ်ခိုင်းတာတွေ ရှိတော့ တခြားကျောင်းသားတွေကို စာကျက်ခိုင်းထားပြီး ဆရာ များနားနေခန်းမှာ ကျူးလွန်တာ၊ တစ်ယောက်က တစ်လမ်းတည်း နေတော့ ကျောင်းဆင်းချိန် အတူတူပြန်ရင်း ညနေပိုင်းတွေမှာ စာသင်ခန်းအတွင်းမှာပဲ ကျူးလွန်လေ့ရှိတယ်။”ဟု ကျိုက်လတ်မြို့မ ရဲစခန်မှ ဒုရဲမှူး ထင်အောင်က ပြောသည်။ ကျောင်းသူများအား သားမယားအဖြစ် ကျူးလွန်ခဲ့သည့် သမိုင်းဘာသာရပ်သင် ဆရာရန်နိုင်အား ကျိုက်လတ် မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေပြီး ၎င်းတာဝန်ကျရာ မအူပင်ခရိုင်အတွင်းမှ စာသင်ကျောင်းများ၊ ရွှေ ညောင်ပင်ကျေးရွာ အလက(ခွဲ)မှ ကျောင်းအုပ်ဆရာကြီးအား ၎င်းတာဝန် ထမ်းဆောင်ချိန်မှစ၍ အလားတူဖြစ်ရပ်များ ကျူးလွန်ခဲ့ခြင်း ရှိမရှိ စုံစမ်းနေကြောင်း ဒုရဲမှူးထင်အောင်က ဆက်ပြောသည်။ သမိုင်းဘာသာရပ်သင်ဆရာ ဦးရန်နိုင်သည် ပညာရေးကောလိပ်မှ ၂၀၀၅-၂၀၀၆ ခုနှစ်တွင် ကျောင်းဆင်းကာ မူလတန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မအူပင်မြို့နယ် ရေနုတ်ချောင်းကျောင်း၊ ဂင်္ဂါးကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၄ အောက်တိုဘာလမှ စတင်ကာ ရွှေညောင်ပင်အလက (ခွဲ)တွင် တာဝန် ထမ်းဆောင်ပြီး ကညင်ကုန်း ကျေးရွာရှိ နေအိမ်တစ်ခုတွင် နေထိုင်နေသူ ဖြစ်ကြောင်း သိရသည်။ “ကျောင်းက ဆရာမတစ်ယောက်ရဲ့ တူမတော်စပ်တဲ့ ကျောင်းသူတစ်ယောက်က တစ်နေ့ကျောင်းက အပြန် အိမ်မှာ ဒီလိုအကျင့်မကောင်းတဲ့ ဆရာဆီမှာ စာမသင်ချင်ဘူးလို့ လူကြီးတွေကို ပြောရာကနေ ဘာဖြစ်တာလဲ လို့မေးကြည့်မှ သူ့သူငယ်ချင်း နှစ်ယောက်ကို ဆရာက ဒီလိုတွေ ကျူးလွန်နေတယ် ဆိုတာ ပေါ်ပေါက်ခဲ့တာပါ။” ဟု ကညင်ကုန်းကျေးရွာ နေထိုင်သူတစ်ဦးက ပြောသည်။ ဆရာဦးရန်နိုင်ကို ၁၅ နှစ်အရွယ် ၈ တန်း ကျောင်းသူအား ၅ ကြိမ်တိုင်တိုင် သားမယား ပြုကျင့်ကျူးလွန်ခဲ့ခြင်းကို အရေးယူ ပေးပါရန် ဖခင်ဖြစ်သူမှ တိုင်တန်းချက်အရ ကျိုက်လတ် မြို့မရဲစခန်းမှ (ပ)၁၉၆/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့်လည်းကောင်း၊ ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသူကို ၃ ကြိမ်တိုင်တိုင် သားမယား ပြုကျင့် ကျူးလွန်ခဲ့ခြင်းကို အရေးယူပေးပါရန် ဖခင်ဖြစ်သူ၏ တိုင်တန်းချက်အရ ကျိုက်လတ်မြို့မ ရဲစခန်းမှ(ပ) ၁၉၇/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။
Source : https://goo.gl/TZElu8
via IFTTT
MOI Webportal Myanmar
မလေးရှားလေကြောင်း ခရီးသည်တင်လေယာဉ် ပစ်ချခံရမှုတွင် ရုရှားလုပ်ဒုံးကျည် အသုံးပြုခဲ့ဟုဆို ကွာလာလမ်ပူ စက်တင်ဘာ ၂၈ ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ပစ်ချခံခဲ့ရသော မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်သည် အစိုးရတပ်ဖွဲ့များကို တိုက်ခိုက်နေသော သူပုန်များက ထိန်းချုပ်ထားသည့် ကျေးရွာမှနေ၍ ပစ်ခတ်ခဲ့သော ဘတ် အမျိုးအစား ဒုံးကျည်ထိမှန်ခံခဲ့ရကြောင်း၊ ယင်း ဒုံးကျည်မှာ ရုရှားလုပ်ဒုံးကျည်ဖြစ်ကြောင်း နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးမှူးများက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။ ၂ဝ၁၄ ခုနှစ် ဇူလိုင်လက နယ်သာလန်နိုင်ငံ ဒမ်စတာအမ်မြို့မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ပျံသန်းသော ခရီးစဉ်အမှတ် အမ်အိပ်ခ်ျ-၁၇လေယာဉ်ကို ယူကရိန်းတပ်ဖွဲ့က ပစ်ချခဲ့ဖွယ်ရှိသည်ဟု ရုရှားနိုင်ငံက အစောပိုင်းတွင် ပြောကြားခဲ့ရာ စုံစမ်းစစ်ဆေးတွေ့ရှိချက်နှင့် ကွဲလွဲနေကြောင်း သတင်းတွင်ဖော်ပြသည်။ အဆိုပါခရီး သည်တင်လေယာဉ် ပစ်ချခံ ရမှုကြောင့် လေယာဉ်ပေါ်လိုက် ပါလာသူများအားလုံးသေ ဆုံးခဲ့ရပြီး သေဆုံးသူအများစုမှာ ဒတ်ခ်ျလူမျိုးများ ဖြစ်သည်။ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့သည် စွပ်စွဲမှုများ ပြုလုပ်မည် မဟုတ်သော်လည်း လေယာဉ်ပစ်ချခံရမှု ဖြစ်ရပ်နှင့် ပတ်သက်၍ အတိအကျသိရှိရခြင်းဖြင့် လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရသူများ၏ ဆွေမျိုးသားချင်းများ အနေဖြင့် တရားစွဲဆိုမှု ပြုလုပ်လာကြဖွယ်ရှိသည်။ မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်ပစ်ချခံရမှုဖြစ်ရပ်ကို အကြောင်းပြု၍ အရှေ့တိုင်းနှင့် အနောက်တိုင်းနိုင်ငံများအကြား တင်းမာမှုများဖြစ်ပေါ်ခဲ့ရသည်။ ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ပစ်ချခံခဲ့ရသော ခရီးသည်တင်လေယာဉ်သည် ဘတ်အမျိုးအစား ဒုံးကျည် ထိမှန်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ သူပုန်တို့ ထိန်းချုပ် ထားသော ပါဗိုမေယက်ကျေးရွာမှနေ၍ ဒုံးကျည်ကို ပစ်ခတ်ခဲ့ကြောင်း၊ နယ်သာ လန်၊ ဩစတြေးလျ၊ ဘယ်ဂျီယံ၊ မလေးရှားနှင့် ယူကရိန်းနိုင်ငံတို့မှ အစိုးရရှေ့နေများ က ပြောကြားကြသည်။ ရိုက်တာ။
Source : http://ift.tt/2dEMqBB
via IFTTT
Wednesday, September 28, 2016
နယ်သာလန်နိုင်ငံသားက ဘာသာရေး အဆောက်အအုံ ဖြစ်ကြောင်း မသိဟု ထွက်ဆို မန္တလေး၊ စက်တင်ဘာ ၂၈ ဓမ္မာရုံအတွင်း ဝင်ရောက်ကာ ပရိတ်ရွတ်နေသည်ကို နှောင့်ယှက်ခဲ့သည့် နယ်သာလန် နိုင်ငံသားက ဓမ္မာရုံကို ဘာသာရေး အဆောက်အအုံဖြစ်ကြောင်း သိရှိခြင်း မရှိဟု တရားခွင်တွင် ထွက်ဆိုခဲ့သည်။ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သူ နယ်သာလန်နိုင်ငံသား Mr.Klaas Haijtemaက ပရိတ် ရွတ်ဖတ်နေသည့် အသံကြောင့် အိပ်မရဘဲ ဖြစ်နေသည့်အတွက် တည်းခိုရာ အခန်းအတွင်းမှ အပြင် ထွက်ကြည့်ရာ ဆောင်းဘောက်များ အနီးမှ ကလေးငယ်များကို မြင်တွေ့ပြီး ဆော့ကစား ဆူညံနေကြခြင်း ဖြစ်သည်ဟု ထင်မှတ်ကာ ယင်းသို့ ပြုမူခဲ့ခြင်းသာ ဖြစ်ပြီး ယင်းအဆောက်အအုံသည် ဘာသာရေး အဆောက်အအုံ တစ်ခုဖြစ်မှန်း မသိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ရဲစခန်းတွင် အမှုဖွင့်လှစ် တိုင်ကြားခံရပြီး ယနေ့ (စက်တင်ဘာ ၂၈ ရက်) မွန်းလွဲပိုင်းက ပထမဆုံး တရားရင်ဆိုင်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ဒီနိုင်ငံကို လှည့်လည်သွားလာမယ့် နိုင်ငံခြားသားတွေ အနေနဲ့ နိုင်ငံတစ်ခုရဲ့ တည်ဆဲ ဥပဒေတွေနဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို လိုက်နာပါ့မယ် ဆိုတာကို ဗီဇာလျှောက်စဉ် ကတည်းက လက်မှတ်ထိုး သဘောတူပြီးသား ဖြစ်ပါတယ်”ဟု မဟာအောင်မြေမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးအရာရှိ ဦးသောင်းဒန်က ပြောသည်။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၂ လမ်းနှင့် ၈၃ လမ်းကြား၊ ၃၇ လမ်း နှင့် ၃၈ လမ်းကြားရှိ တမာကုန်း ရပ်ကွက်မှ သုစရိတ ဓမ္မာရုံတွင် ပရိတ် ရွတ်နေစဉ် ယင်းရပ်ကွက်နှင့် မျက်နှာချင်းဆိုင်တွင် ရှိသည့် Four Rivers Hostel ၌ တည်းခိုနေသည့် နိုင်ငံခြားသား တစ်ဦးက စက်တင်ဘာ ၂၃ ရက် ည ၁၀ နာရီခန့်တွင် ဓမ္မရုံအတွင်းသို့ ဝင်ရောက်ကာ အသံချဲ့စက် ကြိုးများ ဆွဲဖြတ်ခြင်း၊ ခလုတ်များကို ပိတ်ခြင်းတို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ Mr.Klaas Haijtema ကို လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ (လတ်တလော ပြဋ္ဌာန်းချက်များ) ပုဒ်မ ၄ (၂)၊ ၁၃ (၁) တို့အပြင် သာသနာတော် ညှိုးနွမ်းစေမှုဖြင့် ရာဇသတ်ကြီး ပုဒ်မ ၂၉၅ တို့ဖြင့် အမှုဖွင့်ထားကြောင်း မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ Mr.Klaas Haijtema ကို ယနေ့ ရုံးချိန်းတွင် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ (လတ်တလော ပြဋ္ဌာန်းချက်များ) ပုဒ်မ ၄(၂)/၁၃(၁) ကို စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၂၉ ရက်တွင် ထပ်မံစစ်ဆေးရန် တရားရုံးက ချိန်းဆိုသည်။
Source : https://goo.gl/R8lWUt
via IFTTT
အာဆင်နယ်ကွင်းလယ်လူ ကိုကွီလင် သုံးပတ်ခန့် နားရမည် ချယ်လ်ဆီး အသင်းအား ၃-၀ ဂိုးဖြင့် အနိုင် ရရှိခဲ့သော ပွဲစဉ်တွင် ဒူးဒဏ်ရာ ရရှိသွားခဲ့သည့် အာဆင်နယ် ကွင်းလယ်လူ ကိုကွီလင်မှာ သုံးပတ်ခန့် အနားယူရတော့မည် ဖြစ်သည်။ ပထမပိုင်း ပွဲချိန် ၃၂ မိနစ်မှာပင် ဒဏ်ရာ ရရှိသွားခဲ့ပြီး လူစားလဲခဲ့ရသော ကိုကွီလင်၏ ဒဏ်ရာ အခြေအနေမှာ စိုးရိမ်စရာ ဖြစ်ခဲ့သော်လည်း လက်ရှိ အနေအထားအရ သုံးပတ်သာ အနား ယူရတော့မည်ဟု ဆေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ ယခုနှစ် ဘောလုံးရာသီတွင် အာဆင်နယ်၏ ကွင်းလယ်နေရာအတွက် အကောင်းဆုံး ခြေစွမ်းပြနေသော ကိုကွီလင်၏ ဒဏ်ရာ ရရှိမှုမှာ ရမ်ဆေးအား ဆုံးရှုံး ထားရသည့် အာဆင်နယ်အတွက် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာခဲ့သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ပြင်သစ် ကွင်းလယ်လူမှာ ပြီးခဲ့သည့် ဘောလုံး ရာသီကလည်း တံကောက်ကြော ဒဏ်ရာကြောင့် အသင်း၏ ပွဲစဉ် အတော်များများကို လွဲချော်ခဲ့ရပြီး အသင်းအတွက် ၂၅ ပွဲသာ ပွဲထွက်ကစားပေးနိုင်ခဲ့သည်။ Ref : Goal.com
Source : https://goo.gl/EA6FmH
via IFTTT
ဂျာမနီ၌ ဗလီ တစ်ခု ဗုံးခွဲ တိုက်ခိုက် ခံရပြီးနောက် လုံခြုံရေး အထူး တင်းကြပ် ဘာလင်၊ စက်တင်ဘာ ၂၈ ဂျာမနီနိုင်ငံ အရှေ့ပိုင်း ဆက်ဇိုနီပြည်နယ် ဒရက်စ်ဒန်မြို့၌ ဗလီ တစ်ခုနှင့် ကွန်ဖရင့် တစ်ခုတို့ကို ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းမြို့တွင် လုံခြုံရေး အထူး တင်းကြပ်ထားကြောင်း ဂျာမန် လုံခြံုရေး အာဏာပိုင်များ၏ ပြောကြားချက်ကို CNN သတင်းဌာနက ရေးသား ဖော်ပြသည်။ အဆိုပါ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် တစ်စုံတစ်ဦးမျှ ထိခိုက်ခဲ့ခြင်း မရှိကြောင်း၊ ဗုံးမှာ လက်လုပ်ဗုံး အမျိုးအစား ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ယင်းဖြစ်ရပ် ပေါ်ပေါက်ပြီးနောက် ဒရက်စ်ဒန်မြို့ရှိ မွတ်ဆလင် အသင်းအဖွဲ့များ အားလုံးကို အနီးကပ် စောင့်ကြည့် လေ့လာလျက် ရှိသည်ဟု ဆက်ဇိုနီပြည်နယ်ရေးရာ ဝန်ကြီး မာကတ်စ်အူးလ်ဘစ်က သတင်းထောက်များကို ပြောကြားသည်။ ဗုံးခွဲ တိုက်ခိုက်မှုကို မည်သူမည်ဝါက လုပ်ဆောင်ခဲ့သည် ဟူသောအချက်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ပထမ ပေါက်ကွဲမှုမှာ ဗလီတွင်ဖြစ်ပြီး ဒုတိယ ပေါက်ကွဲမှုမှာ ကွန်ဖရင့် စင်တာတွင် ဖြစ်သည်။ ပေါက်ကွဲမှု နှစ်ခုစလုံး ဆက်စပ်မှု ရှိနေသည်ဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ လာမည့် သတင်းပတ်အတွင်း အဆိုပါမြို့တွင် ကျင်းပရန်ရှိသည့် အရှေ့နှင့် အနောက် ဂျာမနီ ပြန်လည် ပေါင်းစည်းမှု ၂၆ နှစ်ပြည့် အခမ်းအနားသို့ ဂျာမနီ အဓိပတိ အင်ဂလာမာကဲလ် တက်ရောက်ရန် စီစဉ်ထားသည်။ “ဒီဗုံးတွေကို ဘယ်သူဘယ်ဝါက ဖောက်ပါတယ်လို့ ကြေညာတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ လူမျိုးခြား၊ ပြည်ပ နိုင်ငံသားတွေကို ရွံမုန်းတဲ့စိတ်ကြောင့် ဖြစ်လာတယ်လို့ စဉ်းစားစရာ ရှိပါတယ်”ဟု ဒရက်စ်ဒန်မြို့ ရဲချုပ် ဟော့စ်ကရက်ဆက်မာက ပြောကြားပြီး ယင်းမြို့ရှိ အစ္စလာမ်ဆိုင်ရာ အဆောက်အအုံများကို ကာကွယ်ပေးရန် အထူး ရဲတပ်ဖွဲ့ဝင်များ ညလုံးပေါက် ဖြန့်ကြက်ထားကြောင်း ပြောကြားသည်။ ဂျာမနီတွင် အရှေ့ အလယ်ပိုင်းဒေသမှ ရွှေ့ပြောင်း ဒုက္ခသည်များ အဆမတန် ဝင်ရောက်လာမှုကို မကျေနပ်သူ အင်အားစုများက အမျိုးသားရေး လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသလို လူမျိုးရေး တင်းမာမှုများလည်း မြင့်တက်လျက် ရှိသည်။
Source : https://goo.gl/8s7HaK
via IFTTT
"ကလင်တန်-ထရန့် စကားစစ်ထိုးပွဲ ဘယ်သူအသာရခဲ့သလဲ " ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရန့်တို့ရဲ့ နှုတ်ရေးကြွယ်ကြွယ် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုဟာ အမေရိကန် သမ္မတလောင်းတွေ စကားစစ်ထိုးမှု သမိုင်းကြောင်းမှာ အပြင်းထန်ဆုံး၊ ပရိသတ် စိတ်အဝင်စားဆုံး၊ အကြိတ်အနယ်အရှိဆုံး ဖြစ်လာမယ်လို့ ကြိုတင် ခန့်မှန်းခဲ့ကြတယ်။ စက်တင်ဘာ ၂၆ ရက် ညက နယူးယောက်မြို့က ဟော့ဖ်စထရာ တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးမှုဟာ တကယ်ပဲ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တယ်။ အမေရိကန်မှာ ရုပ်မြင်သံကြားကနေ လူပေါင်း သန်း၁၀၀ ကျော်လောက် စောင့်ကြည့်ခဲ့တဲ့အတွက် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်ခဲ့တယ်ဆိုတာလည်း သေချာတယ်။ ဒါပေမဲ့ အကြိတ်အနယ်ရှိခဲ့သလား ဆိုတာကတော့ ရှုထောင့်အမျိုးမျိုးကနေ အမြင်ကွဲပြားပါလိမ့်မယ်။ အပြည့်အစုံဖတ်ရှုရန်...... http://ift.tt/2djYZ0D
Source : http://ift.tt/2djYZ0D
via IFTTT
ပဏာမ လက်ရွေးစင်အသင်း ကစားသမား နှစ်ဦး လျှော့ချ
ဂျာမနီနိုင်ငံ၌ ရောက်ရှိနေသည့် မြန်မာ့လက်ရွေးစင် အသင်းသည် ဥရောပ ကလပ်အသင်းများနှင့် ခြေစမ်းပွဲ လေးပွဲ ကစားပြီးနောက် လက်ရှိ လူစာရင်း ၂၅ဦးမှ နှစ်ဦးကို လျှော့ချကာ ပဏာမ ကစားသမား ၂၃ ဦးဖြင့် ဆက်လက် လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်း ထုတ်ပြန်သည်။ ပဏာမ လူစာရင်းမှ ချန်လှပ်ခဲ့ရသည့် ကစားသမား နှစ်ဦးမှာ ရှေ့တန်းမှ ကျော်ကိုကိုနှင့် ကွင်းလယ်မှ သီဟဇော်တို့ ဖြစ်ကြပြီး ယနေ့ (စက်တင်ဘာ ၂၈ ရက်) တွင် Emirates လေကြောင်းလိုင်း လေယာဉ်အမှတ် EK 56 ဖြင့် ဂျာမနီမှ ဒူဘိုင်း (ယူအေအီး)၊ ယင်းမှ လေယာဉ်အမှတ် Emirates - EK 388 ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာကြမည်ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာ့ လက်ရွေးစင် အသင်းနည်းပြ အဖွဲ့အနေဖြင့် အဆိုပါ ကစားသမား နှစ်ဦးကို ဆိုက်ပရပ်စ် လေ့ကျင့်ရေး ခရီးစဉ်သို့ လိုက်လိုက လိုက်ပါ နေထိုင်ပြီးမှသာ အတူတကွ ရန်ကုန်သို့ ပြန်ရန် (သို့မဟုတ်) ဆိုက်ပရပ်စ်ထိ မလိုက်တော့ဘဲ ဂျာမနီမှ ရန်ကုန်သို့ ပြန်မည်ဆိုက ပြန်ရန် ရွေးချယ်ခွင့် ပေးခဲ့ရာ ကစားသမားများက ရန်ကုန်သို့ ပြန်ရန်သာ ရွေးချယ်ခဲ့သဖြင့် လေယာဉ်ခရီးစဉ် စီစဉ် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ပဏာမ မြန်မာ့ လက်ရွေးစင် ကစားသမား (၂၃) ဦး စာရင်း ဂိုး ၁။ ကျော်ဇင်ဖြိုး (မကွေး) ၂။ ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ) ၃။ ရန်အောင်လင်း (ရတနာပုံ) နောက်တန်း ၄။ ဒေးဗစ်ထန် (ရန်ကုန်) ၅။ ဇော်မင်းထွန်း (ရန်ကုန်) ၆။ ဖြိုးကိုကိုသိန်း (ဧရာ၀တီ) ၇။ နန္ဒကျော် (မကွေး) ၈။ ကျော်ဇင်လွင် (မကွေး) ၉။ အောင်ဇော် (ဟံသာ၀တီ) ၁၀။ ဇော်လင်း (ရှမ်း) အလယ်တန်း ၁၁။ မျိုးကိုထွန်း (ရတနာပုံ) ၁၂။ ရဲကိုဦး (ရတနာပုံ) ၁၃။ ရန်အောင်ကျော် (ရန်ကုန်) ၁၄။ မောင်မောင်လွင် (ဟံသာ၀တီ) ၁၅။ လှိုင်းဘိုဘို (ရတနာပုံ) ၁၆။ ဇင်ဖြိုးအောင် (ဇွဲကပင်) ၁၇။ ဟိန်းသီဟဇော် (ရှမ်း) ၁၈။ ရန်နိုင်ဦး (ရှမ်း) ၁၉။ ဆက်ဖြိုးဝေ (မကွေး) ရှေ့တန်း ၂၀။ အောင်သူ (ရတနာပုံ) ၂၁။ သန်းပိုင် (ရန်ကုန်) ၂၂။ ဝင်းနိုင်စိုး (ရတနာပုံ) ၂၃။ ဆမ်လန်မန် (ချင်း)
Source : https://goo.gl/EDyPZm
via IFTTT
အင်္ဂလန်နည်းပြသစ် မည်သူဖြစ်လာမည် ဆိုသည်ကို ဘွတ်ကီများ လောင်းကြေးဖွင့် အင်္ဂလန်အသင်းမှ နည်းပြ ဆမ်အလာဒွိုက်စ် ထွက်ခွာသွားပြီး နာရီပိုင်းအကြာတွင်ပင် အင်္ဂလန်နည်းပြသစ် မည်သူ ဖြစ်လာမည် ဆိုသည့်အပေါ် ဘွတ်ကီများက လောင်းကြေး ဖွင့်လှစ်လိုက်ကြသည်။ လောင်းကစား ဒိုင်များမှ ဖွင့်လှစ်သော လောင်းကြေးတွင် ပဲလေ့စ်အသင်း နည်းပြ အလန်ပါဂျူးက ၃ လေး ၁ လေးဖြင့် ထိပ်ဆုံးက ဦးဆောင်နေပြီး ဟူးလ်စီးတီး အသင်းနည်းပြ စတိဗ်ဘရုစ်က ၆ လေး ၁ လေးဖြင့် ဒုတိယ နေရာမှ ရပ်တည်နေသည်။ ဘွတ်ကီများမှ လောင်းကြေး ဖွင့်ထားသည့် ထိပ်ဆုံး (၁၀) ဦး စာရင်းတွင် အာဆင်နယ် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် နည်းပြ အာစင်ဝင်းဂါးလည်း ပါဝင်နေပြီး ၂၂ လေး ၁ လေးအဖြစ် ကြေးဖွင့်လှစ်ခြင်း ခံထားရသည်။ အင်္ဂလန်နည်းပြ ရာထူးအတွက် ရေပန်းစားနေသည့် ဂယ်ရီနဗီးလ်မှာမူ ၂၅ လေး ၁ လေးသာ အဆပေးခြင်း ခံခဲ့ရပြီး ဂယ်ရီနဗီးလ် အနေဖြင့် အင်္ဂလန် နည်းပြဖြစ်လာရန် ဖြစ်နိုင်ချေ အနည်းငယ်သာ ရှိသည်ဟု ဘွတ်ကီများက သတ်မှတ် ထားကြသည်။ အင်္ဂလန် နည်းပြရာထူးအတွက် လောင်းကြေး ဖွင့်လှစ်မှုများ အလန်ပါဂျူး ၃/၁ စတိဗ်ဘရုစ် ၆/၁ အက်ဒီ ဟိုဝီ ၈/၁ ဂလင်းဟော်ဒယ် ၁၀/၁ ဆောက်ဂိတ် ၁၀/၁ ကလင်းစမန်း ၁၄/၁ အလန်ရှီးယား ၂၀/၁ အာစင်ဝင်းဂါး ၂၂/၁ ဘီလစ် ၂၅/၁ ဂယ်ရီနဗီးလ် ၂၅/၁ Ref : Mirror
Source : https://goo.gl/wHg8tY
via IFTTT
တောင်ကြီးတန်ဆောင်တိုင်တွင် ပြိုင်ပွဲဝင်မည့် မီးပုံးပျံစာရင်း စတင်ကောက်ခံမည် တောင်ကြီးတန် ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်မီးပုံးပျံ အဖွဲ့ဝင်စာရင်း စတင် ကောက်ခံမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များ အသင်းမှ သတင်းရရှိသည်။ ပြိုင်ပွဲဝင်မည့်သူများသည် အောက်တိုဘာ ၄ ရက်မှ ၂၀ ရက် အထိ ကန်ရှေ့ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးသို့ လာရောက်စာရင်း ပေးသွင်းနိုင်ကြောင်း ရှမ်းပြည်နယ် မီးပုံးပျံ ပညာရှင်များအသင်းက သတင်းထုတ်ပြန်ထားသည်။ ပြိုင်ပွဲဝင် မီးပုံးပျံအမျိုးအ စားများဖြစ်သည့် ညမီးကြီး၊ စိန် နားပန်၊ အရုပ်ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ အရုပ်အုပ်စုအဖွဲ့များအား အောက်တိုဘာ ၂၃ ရက်တွင် ယှဉ်ပြိုင်ရမည့် နေ့ရက်ကို ကန်ရှေ့အုပ်ချုပ်ရေးမှူးရုံး၌ မဲနှိုက်ပေးမည်ဟု ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘အခုက မီးပုံးပျံ ကိုယ်ထည်ပိုင်းတွေ စလုပ်နေပါတယ်။ ဒီဇိုင်းရေးတာတွေ၊ ဆေးပန်းချီဆွဲတာတွေ လုပ်နေတယ်။ ယမ်းပိုင်းက တော့ နောက်လထဲလောက် စတင် လုပ်ဆောင်တော့မယ်’’ဟု ညမီးကြီး မီးပုံးပျံ ပြိုင်ပွဲဝင်ရောက်ယှဉ် ပြိုင်မည့် ရွှေတောင်ရိုး မီးပုံးပျံအဖွဲ့မှ ဦးခင်မောင်ဝင်းက ပြောသည်။ တောင်ကြီးမြို့ တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင် ဘာ ၆ ရက်မှ ၁၄ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ကော်မတီက သတင်းထုတ်ပြန်ထား သည်။ ယခုနှစ်ကျင်းပမည့် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သည် ရှမ်းပြည်နယ် အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ် တာဝန်ယူကျင်းပမည့် ပွဲတော်လည်း ဖြစ်သည်။
Source : http://ift.tt/2cAwMlN
via IFTTT
Eleven Broadcasting
ထိုင်းနိုင်ငံရောက် MOU ရွှေ့ပြောင်း အလုပ်သမားများ ပြဿနာကို သက်ဆိုင်ရာ အေဂျင်စီမှ ၁၀ ရက်အတွင်း ဖြေရှင်းပေးရမည်ဟု ထိုင်းအလုပ်သမားကော်မတီက သတိပေးထုတ်ပြန် (ရုပ်သံ) MOUစနစ်နဲ့ ထိုင်းနိုင်ငံကို သွားရောက် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ပြဿနာတစ် စုံတစ်ရာဖြစ်ခဲ့ပါက ပို့ဆောင်ပေးခဲ့တဲ့ သက်ဆိုင်ရာအေဂျင်စီကနေ ၁၀ ရက်အတွင်း ဖြေရှင်းပေးရမယ်လို့ ထိုင်းအလုပ်သမား ကော်မတီကနေ သတိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAF) က သိရပါတယ်။
Source : http://ift.tt/2dq7koZ
via IFTTT
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်လာပြီဟု ဒေါက်တာတင်မျိုးဝင်း ပြောကြား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန်နေပြီဟု မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြောသည်။ ‘‘အခုတော့ အများကြီး သက်သာပါပြီ’’ ဟု ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက စက်တင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီက 7Day Daily သတင်းစာအား ပြောကြား သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နှင့် အမေရိကန်နိုင်ငံ များသို့ ၁၆ ရက်ကြာ ခရီးသွား ရောက်ခဲ့ပြီး ယခုလ ၂၅ ရက် ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာရာ ခရီးပန်းသည့်ဒဏ် ခံစားနေရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက် အရ ကျန်းမာရေး အခြေအနေ စိုးရိမ်စရာ မရှိကြောင်း၊ အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်း အစီအစဉ် များပြားလွန်းပြီး နားချိန် နည်းပါးသဖြင့် ပင်ပန်းနွမ်းနယ် ခြင်း၊ ခရီးစဉ်အတွင်း စားချိန် သောက်ချိန်မမှန်သဖြင့် အစာအိမ် ရောင်ရမ်းခြင်း၊ ကွန်ပျူတာ အကြည့်များသဖြင့် အရိုးကျီး ပေါင်းတက်ခြင်းတို့ကို ကျွမ်းကျင် ဆရာဝန်ကြီး များဖြင့် စစ်ဆေးရာမှ တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် အနားယူနေကာ ကျန်းမာရေးအခြေအနေ သက်သာလာပြီ ဖြစ်သော်လည်း ရက်အနည်းငယ်ကြာ အနားယူရဦးမည် 7Day Daily သတင်းစာအား ပြောထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင် မျိုးဝင်းက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအတွက် သမားတော်ကြီးများကလည်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်ဟုဆိုသည်။ အမေရိကန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကြီးအကဲများနှင့် ယခုလ ၂၂ ရက်က တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ခရီးပန်း၍ ဆရာဝန်၏ အနားယူရန် အကြံ ပေးချက်အရ စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ပြုလုပ်သည့် အစည်းအဝေးများသို့ တက်ရောက်ခဲ့ခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်သည် အသက် (၇၁)နှစ် အရွယ်ရှိပြီ ဖြစ်ကာ မြန်မာ့ ဒီမိုကရေစီအရေး အတွက် နှစ်ပေါင်းများစွာ ဦးဆောင်ရုန်းကန် လှုပ်ရှားခဲ့သူတစ်ဦး ဖြစ်ပြီး လက်ရှိတွင် ၎င်းဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရပါတီအဖြစ် ရပ်တည်နေပြီဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးနှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီးတာဝန်များ ကိုပါ ထမ်းဆောင်နေသည်။
Source : http://ift.tt/2cAjJRn
via IFTTT
Eleven Broadcasting
သက်တမ်းလွန်ဆေးဝါး၊ စံမမီဆေးဝါးနှင့် ဆေးဝါးအတုများ ထုတ်လုပ်ရောင်းချသူများကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့် ဥပဒေဖြင့် အရေးယူမည် (ရုပ်သံ) သက်တမ်းလွန် ဆေးဝါး၊ စံမမီဆေးဝါးနှင့် ဆေးဝါးအတုများ ထုတ်လုပ် သိုလှောင်ဖြန့်ဖြူး ရောင်းချသူတွေကို ထောင်ဒဏ် ၇နှစ်အထိ ချမှတ်နိုင်တဲ့ အမျိုးသားဆေးဝါးဥပဒေနဲ့ ဆက်လက် စစ်ဆေးအရေးယူသွားမယ်လို့ သိရပါတယ်။
Source : http://ift.tt/2dqrmvd
via IFTTT
MOI Webportal Myanmar
ဗင်နီဇွဲလားသမ္မတနှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံ ကရာကတ် စက်တင်ဘာ ၂၇ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မက်ဒူရိုနှင့် တနင်္လာနေ့က ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြသည်။ ယခုကဲ့သို့ တွေ့ဆုံမှုမှာ ဂျွန်ကယ်ရီ နိုင်ငံခြားရေးဝန်ကြီး အဖြစ် စတင် တာဝန်ထမ်းဆောင်ချိန်မှစ၍ ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်းပင် ဖြစ်သည်။ မစ္စတာကယ်ရီသည် ကိုလံဘီယာမြို့တော်၌ ပြုလုပ်သည့် ပြည်တွင်းစစ် ရပ်စဲရေး ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်မှုအပြီးတွင် ဗင်နီဇွဲလားသမ္မတနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိိုသို့ တွေ့ဆုံစဉ် မစ္စတာကယ်ရီက ဗင်နီဇွဲလားနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးနှင့် နိုင်ငံရေးစိန်ခေါ်မှုများကို စိုးရိမ်မိကြောင်း၊ ထို့ကြောင့် သမ္မတမက်ဒူရိုအနေဖြင့် အတိုက်အခံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး သင့်ကြောင်း တိုက်တွန်းခဲ့သည်။ မစ္စတာကယ်ရီနှင့် သမ္မတမက်ဒူရိုတို့သည် နှစ်နိုင်ငံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန် သဘောတူခဲ့သည်။ ဗင်နီဇွဲလားအစိုးရသည် ငွေကြေးဖောင်းပွမှု များ၊ အခြေခံစားသောက်ကုန်ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။ အတိုက်အခံအုပ်စုဘက်မှ အောက်တိုဘာ ၁၂ ရက်တွင် လူထုဆန္ဒခံယူပွဲ ကျင်းပနိုင်ရေးတောင်းဆိုထားသည်။ (ရိုက်တာ)
Source : http://ift.tt/2dybTJL
via IFTTT
ပုသိမ်၌ အများပြည်သူဆိုင်ရာနေရာတွင် အရက်သောက်သူ ၆၀ကျော်ကို ဖမ်းဆီး ပုသိမ်၊ စက်တင်ဘာ၂၇ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အများပြည်သူ အပန်းဖြေသော နေရာများတွင် ညအချိန်၌ အရက်ဝိုင်းဖွဲ့ သောက်သုံးသူများကို စက်တင်ဘာလ စတုတ္ထအပတ်မှ စတင် အရေးယူလျက်ရှိရာ စက်တင်ဘာ ၂၆ ရက် နေ့အထိ မူးယစ်ရမ်းကားသူ ၆၀ ကျော်ကို အရေးယူထားကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ ပုသိမ်မြို့ရှိ အပန်းဖြေရာ နေရာများဖြစ်သော ရေပေါ်စျေး၊ ရှုခင်းသာ၊ ကန်သုံးဆင့် ကန်ပတ်လမ်းနှင့် ဧရာဝတီ ဆိုရှယ်စင်တာလမ်းနှင့် မြကျွန်းသာ အိမ်ရာလမ်းများ၊ ပုသိမ်ကမ်းနားလမ်း မြစ်ရေကာ ကျောက်တန်းပေါ်တွင် ညအချိန် အရက်ဝိုင်းဖွဲ့ သောက်သုံးသူများကို စက်တင်ဘာလ ၂၂ရက်နေ့မှ စတင်ကာ မူးယစ်သောက်စား ရမ်းကားမှု ပုဒ်မ ၄၇ ဖြင့် ဖမ်းဆီး အရေးယူနေကြောင်း၊ စက်တင်ဘာလ ၂၂ ရက်မှ စက်တင်ဘာ လ ၂၆ ရက်နေ့အထိ မူးယစ်ရမ်းကားသူ ၆၅ ဦးကို အရေးယူထားကြောင်း အဆိုပါ ရုံးထံမှ သိရှိရသည်။ "ညအချိန် လမ်းဘေးတွေနဲ့ အများပြည်သူ အပန်းဖြေတဲ့ နေရာတွေမှာ ဝိုင်းဖွဲ့ပြီး အရက်သောက်ကြတာဟာ ပြည်သူကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အပြင် တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပါတယ်၊ ပြည်သူတွေ လုံခြုံမှု ကင်းမဲ့လာတဲ့ အခြေအနေ ဖြစ်လာတယ်၊ ဒါကြောင့် အများပြည်သူအတွက် လိုအပ်နေတဲ့ ဝန်ဆောင်မှုကို ဆောင်ရွက်တာပါ"ဟု ပုသိမ်နယ်မြေ ရဲစခန်းမှူး ရဲအုပ်သိန်းဇော်ဦးက ပြောကြားသည်။ မူးယစ်ရမ်းကားမှုအပြင် တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်သည်ကို စစ်ဆေးတွေ့ရှိပါက လက်နက်ကိုင်ဆောင်မှု ပုဒ်မဖြင့် ဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း၊ အရက်ဝိုင်းဖွဲ့ သောက်မှုဖြင့် ဖမ်းဆီးမိသည့် သူများတွင် တက္ကသိုလ် ကျောင်းသား လူငယ်အချို့ ပါဝင်သောကြောင့် လူငယ်များအတွက် နာမည်ပျက် အမည်းစက် မဖြစ်စေရန်တက္ကသိုလ်မှ တာဝန်ရှိသူများထံ အပ်နှံကြောင်း၊ ကျန်သူများကို တရားရုံးမှ စစ်ဆေးပြီး ထောင်ဒဏ် ၇ ရက် ပြစ်ဒဏ်ချမှတ်ကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သောင်းကြည်က ပြောဆိုသည်။ "ညဘက် အရက်ဝိုင်း သောက်တာကနေ ရန်ဖြစ်တာ ခဏခဏပါပဲ။ ဓားထိုးမှု လူသေမှုတွေအထိ ဖြစ်ခဲ့တာမျိုးရှိတယ်၊ ခုလို ထိထိရောက်ရောက် လုပ်တာကို ကြိုက်တယ်။ အစိုးရရုံးနားက အရက်ဆိုင်ကြီးနဲ့ မြို့ထဲ စားသောက်တချို့ လမ်းဘေးပလက်ဖောင်းပေါ် တက်ပြီး စားပွဲတွေ ခင်းပြီး အရက်ရောင်းနေတာရယ်၊ ညလုံးပေါက်ဖွင့်တဲ့ အရက်ဆိုင်တွေ KTV တွေကိုလည်း အရေးယူသင့်တယ်" ဟု ပုသိမ် မြို့မိမြို့ဖ တစ်ဦးက အကြံပြုသည်။
Source : https://goo.gl/OVB56T
via IFTTT
Tuesday, September 27, 2016
အိမ်ထောင်မပြုသည့် အမျိုးသမီးများ များပြားလာမှု ထိန်းချုပ်နိုင်ရန် လူဦးရေမူဝါဒ ရေးဆွဲမည
မြန်မာနိုင်ငံတွင် အိမ်ထောင်မကျသည့် အမျိုးသမီး ရာခိုင်နှုန်း မြင့်တက်မှုနှင့်အတူ ကလေးမွေးဖွားနှုန်းလည်း ကျဆင်းလာသောကြောင့် ယင်းကိစ္စမှာ တိုင်းပြည်၏ အနာဂတ်နှင့်ပါ သက်ဆိုင်နေသဖြင့် လူဦးရေ ထိန်းညှိနိုင်ရန် “လူဦးရေမူ၀ါဒ” တရပ်ကို ရေးဆွဲ ပြဌာန်းရန် အလုပ်သမား၊ လူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2cA3bO5
via IFTTT
အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့ ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်တစ်ခုရရှိ ရန်ကုန်၊ စက်တင်ဘာ ၂၇ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ စက်တင်ဘာလ ၂၄ ရက်မှ အောက်တိုဘာ ၃ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၆)ကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်တစ်ခု ရရှိခဲ့သည်။ အဆိုပါ အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ၏ သုံးယောက်တွဲ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသားအသင်းက ရွှေတံဆိပ်၊ အမျိုးသမီးအသင်းက ငွေတံဆိပ်တို့ ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသားအသင်းသည် ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် အုပ်စုတွင်းပြိုင်ဘက် လာအိုအသင်းကို ထပ်မံအနိုင်ရရှိကာ ရွှေတံဆိပ် ရရှိခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးအသင်းမှာမူ အုပ်စုတွင်း ပြိုင်ဘက်ဖြစ်သည့် ဗီယက်နမ်အသင်းကို အနိုင်မယူနိုင်ဘဲ ဒုတိယဆု ငွေတံဆိပ်သာ ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာအမျိုးသားအသင်းသည် ပြိုင်ပွဲစဉ် တစ်လျှောက်တွင် ရှုံးပွဲလုံးဝမရှိခဲ့ဘဲ အုပ်စုပွဲစဉ်များတွင် အိမ်ရှင်ဗီ ယက်နမ်၊ တောင်ကိုရီးယား၊ လာအိုအသင်းတို့ကို အနိုင်ရရှိခဲ့သလို အကြိုဗိုလ်လုပွဲတွင်လည်း ဘရူနိုင်းအသင်းကို အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရသည့် အမျိုးသမီးအသင်းသည် အုပ်စုပွဲစဉ်များတွင် အိမ်ရှင်ဗီယက်နမ်ကို ရှုံးနိမ့်ခဲ့သော်လည်း တရုတ်အသင်းကို အနိုင်ရရှိကာ အကြိုဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီး အကြိုဗိုလ်လုပွဲတွင် လာအိုအသင်းကို အနိုင်ရရှိခဲ့သော်လည်း ဗိုလ်လုပွဲတွင်မူ ဗီယက်နမ်အသင်းကို ထပ်မံ အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။ လက်ရှိ ကျင်းပလျက်ရှိသည့် အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲ၏ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် လေးယောက်တွဲ အမျိုးအစားပွဲစဉ်များကို ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသား၊ အမျိုးသမီး အသင်းများ ဆက်လက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၂ဝ၁၆ အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ရှိ Bien Dong Park ၊ Phuong Trang Area၊ My Khe Beach၊ Son Thuy Beach တို့တွင် အားကစားနည်း ၂၂ မျိုးဖြင့် ကျင်းပနေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံက ပိုက်ကျော်ခြင်းနှင့် ဗိုဗီနမ်အားကစားနည်း နှစ်မျိုးသာ ယှဉ်ပြိုင်မည်ဖြစ်သည်။
Source : https://goo.gl/C0ar9i
via IFTTT
ရှမ်းပြည်နယ် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်း အဖြုတ်ခံခဲ့ရသည့်ကိစ္စ စုံစမ်းဖော်ထုတ်မည် - DVB
ရှမ်းပြည်နယ် တောင်ကြီးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းကို ဖြုတ်ထုတ်တဲ့ကိစ္စ စုံစမ်းဖော်ထုတ်သွားမယ်လို့ ပါတီအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့က ပြောဆိုလိုက်ပါတယ်။
Source : http://ift.tt/2cyoL0n
via IFTTT
ဆီးရီးယား ပဋိပက္ခအတွက် ကုလလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်
ခြောက်နှစ်ကြာ ဆီးရီးယားစစ်ပွဲအတွင်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လာမှုကြောင့် တနင်္ဂနွေနေ့က ခေါ်ယူခဲ့သော ကုလလုံခြုံရေးကောင်စီ အရေးပေါ်ဘအစည်းအဝေးတွင် ကုလ အထူးကိုယ်စားလှယ်က ၎င်း၏ ကဏ္ဍကို ဆက်လက်ထိန်းသိမ်းရင်း ဆီးရီးယားတွင် ထိုးစစ်များ ရပ်ဆိုင်းအောင် ဖိအားပေးရန် တောင်းဆိုခဲ့သည်ဟု Xinhua သတင်းတွင် ဖော်ပြထားသည်။
Source : https://goo.gl/6LE6jH
via IFTTT
The Voice
ပြည်ထဲရေး ၀န်ကြီးဌာနမှ ဦးစီးဌာန ငါးခုကို တိုင်း/ပြည်နယ် ၀န်ကြီးချုပ်၏ ကွပ်ကဲမှုအောက် ထားရှိခြင်းကို ပြန်လည်ပယ်ဖျက် ရန်ကုန်၊ စက်တင်ဘာ ၂၆ ပြည်ထဲရေး၀န်ကြီးဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ( သတင်း ရဲတပ်ဖွဲ့နှင့် ရဲလုံခြုံရေး ကွပ်ကဲမှု အဖွဲ့များမပါ) ၊အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့ကို ဝန်ကြီးချုပ်၏ ကွပ်ကဲမှုဖြင့် သက်ဆိုင်ရာ တိုင်း/ပြည်နယ် ၀န်ကြီးဌာနများအောက်သို့ ထည့်သွင်းဖွဲ့စည်းမှုကို ပြန်လည် ပယ်ဖျက်လိုက်ကြောင်း ပြည်ထဲရေး၀န်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ အကြောင်းကြားစာ ပေးပို့လိုက်သည်။ စက်တင်ဘာလ ၂၂ ရက်စွဲဖြင့် ပေးပို့သော အကြောင်းကြားစာတွင် ပြည်ထဲရေး၀န်ကြီးဌာန အုပ်ချုပ်မှုအောက်ရှိ ဦးစီးဌာနငါးခုကို တိုင်း/ပြည်နယ် ဝန်ကြီးချုပ်၏ ကွပ်ကဲမှုဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးဌာနများ အောက်သို့ သင့်တော်သလို ထည့်သွင်းဖွဲ့စည်း၍ တာ၀န်ပေး ဆောင်ရွက်ရန်ဟူသော စာသားကို ပယ်ဖျက်၍ သက်ဆိုင်ရာ တိုင်း/ပြည်နယ် အစိုးရအဖွဲ့၀န်ကြီး ချူပ်များအနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၅၆ နှင့် ၂၆၀ အရလည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရဥပဒေ ပုဒ်မ ၃၀ အရလည်းကောင်း ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ် ညှိနှိုင်းပေးခြင်း ပြုနိုင်သည်ဟု ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ "ပထမ ထွက်တဲ့စာက ပြည်ထဲရေး ဝန်ကြီးဌာနအောက်က ဦးစီးဌာန ငါးခုကို ဝန်ကြီးချုပ်ရဲ့ စီမံမှုအောက်မှာ ထည့်သွင်း ဖွဲ့စည်းရန်ဆိုပြီး စာက ထွက်ပြီးပြီ။အခုစာက ဒုတိယဖြစ်တယ်၊ ပြည်ထဲရေး ၀န်ကြီးအောက်မှာပဲ ဦးစီးဌာနတွေကို ပြန်ထားမယ်ဆိုတဲ့ သဘောကို သူတို့ တွေ ပြန်လုပ်နေတာဖြစ်တယ်" ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးက ဆိုသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည် ထဲရေး ၀န်ကြီးဌာနသို့ အတည်ပြုမေးမြန်းခဲ့ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၅၆ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လက်ထောက် အတွင်းဝန် ဦးမောင်မောင်မြင့်က ပြန်လည်ဖြေကြားသည်။ ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့၏ ကွပ်ကဲမှုအောက်တွင်သာ ရှိသင့်ပြီး တသီးတခြားအဖြစ် ရှိနေခြင်းမှာ ဒီမိုကရေစီ စံနှုန်းနဲ့ ကိုက်ညီမှု မရှိကြောင်း ပျဉ်းမနား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်က မှတ်ချက်ပေးသည်။
Source : https://goo.gl/L88SIg
via IFTTT
Eleven Broadcasting
Youths In Their Crazes (ရုပ်သံအစီအစဉ်) ၈ တန်းကျောင်းသားဘ၀ကတည်းက စကိတ်စီးတာ ၀ါသနာပါတဲ့ DJ တီးသူ - ငယ်ငယ်က ၀ါသနာနဲ့ ဘ၀ရပ်တည်မှု တစ်ထပ်တည်း မကျပေမဲ့ အခုအထိ ၀ါသနာကို မစွန့်လွှတ်သူ - အလုပ်ချိန်ပြင်ပမှာ ၀ါသနာပါတဲ့ အလုပ်ကိုအချိန်ပေးပြီး လုပ်ဖြစ်ပုံတွေကို ဒီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။
Source : http://ift.tt/2d2boMg
via IFTTT
MOI Webportal Myanmar
မန္တလေး အနုပညာရပ်ဝန်းမှ ဖျော်ဖြေတင်ဆက်မည့် ပရဟိတ ရန်ပုံငွေပဒေသာကပွဲ အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပမည် မန္တလေး စက်တင်ဘာ ၂၆ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ပေးအပ် လှူဒါန်းနိုင်ရန်အတွက် မိတ်ကပ်အလှ ဖန်တီးရှင်များ၊ ဒီဇိုင်နာများ၊ ပန်းအလှဖန်တီးရှင်များ ပူးပေါင်းတင်ဆက်သည့် မန္တလေးအနုပညာရပ်ဝန်းမှ ဖျော်ဖြေတင်ဆက်ကပြမည့် ရန်ပုံငွေပဒေသာကပွဲ ကြီးကို အောက်တိုဘာ ၁၃ ရက် ညနေ ၄ နာရီခွဲမှ ၉ နာရီခွဲထိ မန္တလေးမြို့တော် ခန်းမ (၁)တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ပဒေသာကပွဲတွင် မိတ်ကပ်အလှ ဖန်တီးရှင်များ၊ ဒီဇိုင်နာများ၊ ပန်းအလှ ဖန်တီးရှင်များနှင့်အတူ အလှမယ်များ၊ ကာယအလှမယ်၊ ကာယဗလမောင်၊ အိပ်မက်ဆုံရာနှင့် Myanmar IDOL မှ အဆိုတော်များလည်းပါဝင်ပြီး အဆိုအက၊ ပြဇာတ်များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကာ Star & Model နှင့် NYM တို့မှ မော်ဒယ်လေးများ၏ ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်မည်ဖြစ်သည်။ အဆိုပါ ပရဟိတ ရန်ပုံငွေပွဲအား Linn Entertainment နှင့် Kiss Entertainment တို့မှ ပူးပေါင်းကာ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ပဒေသာကပွဲမှ ရရှိမည့် အကျိုး အမြတ်များအားလုံးအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ပေးအပ်လှူဒါန်းမည် ဖြစ်သဖြင့် ပါဝင် လှူဒါန်းလိုသူများ အနေဖြင့် ရန်ပုံငွေပဒေသာက ပွဲကြီး ဖြစ်မြောက်ရေးကော်မတီ ဖုန်း ဝ၉-၂၅၆၂၆၂၆၄၂ နှင့် ဝ၉-၄၃ဝ၁၄၄၇၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
Source : http://ift.tt/2cxMKNx
via IFTTT
Anomalisa
Anomalisa ရုပ်ရှင်ကားသည် ပြင်ပက ပကတိဇာတ်ကောင်များနှင့် ဖန်တီး တင်ဆက်ထားသော ရုပ်ရှင်ကားတစ်ကား မဟုတ်ချေ။ ကာတွန်းကားတစ်ကားဟု ယျေဘုယျအားဖြင့် ပြောလို့ရနိုင်သော်လည်း ကွန်ပျူတာ ထွန်းကားသည့် လက်ရှိခေတ်ကာလမှာ ကွန်ပျူတာ နည်းပညာများဖြင့် အထူးဖန်တီးထားခြင်း မဟုတ်ပေ။ Stop-motion ဟု ခေါ်ဝေါ်သော နည်းပညာဖြင့် ဖန်တီးထားသည့် ဇာတ်ကားတစ်ကား ဖြစ်ပါသည်။ ကျွန်တော် နားလည်မိသမျှ တင်ပြရလျှင် ယင်းနည်းပညာသည် တုတ်ထိုးရုပ်သေးရုပ်များနှင့် ဆင်တူပါသည်။ ဇာတ်အိမ်ထဲတွင် ထည့်သွင်းဖန်တီးထားသော ဇာတ်ကောင်များအတွက် ဇာတ်ကောင်စရိုက်နှင့် ထင်ဟပ်ထပ်တူကျနိုင်တဲ့ အရုပ်များအား ပြုလုပ်ကာ တင်ဆက်ဖန်တီးခြင်း ဖြစ်ပါသည်။ ဆက်တင်နောက်ခံတွေကို လက်ဖြင့်ပဲ တည်ဆောက်ကြရသည်။ ထို့နောက်မှာ အရုပ်ကလေးကို ထည့်သွင်း၍ တစ်ကွက်ခြင်း ရွှေ့ကာ ကင်မရာနည်းပညာ/အခြားစက်မှု နည်းပညာဖြင့် ပေါင်းစပ်ဖန်တီးခြင်း ဖြစ်သည်။ ယခုရုပ်ရှင်ကားသည် ထိုနည်းပညာဖြင့် ဖန်တီးရိုက်ကူးထားခြင်း ဖြစ်ပါသည်။
Source : https://goo.gl/xLT9tN
via IFTTT
Eleven Broadcasting
ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဟော်မုန်းနှင့် ဆိုင်သည့် ရောဂါ၀ေဒနာရှင်များ ပိုများလာသဖြင့် ဟော်မုန်းဌာန ထပ်မံတိုးချဲ့ထား (ရုပ်သံ) ရန်ကုန်ဆေးရုံကြီးမှာတက်ရောက်ကုသနေတဲ့ လူနာရှင်တွေအထဲမှာ ဟော်မုန်းနဲ့ ပတ်သက်တဲ့ ရောဂါရှင်တွေ အရင်ကထက် များပြားလာလို့ ၂၀၁၆ ခုနှစ်အတွင်းမှာပင် ဟော်မုန်းဌာနကို ထပ်မံ တိုးချဲ့ ဖွင့်လှစ်ထားရတယ်လို့ ရန်ကုန်ပြည့်သူ့ ဆေးရုံကြီးရဲ့ လက်ထောက်ဆေးရုံအုပ် ဒေါက်တာ နေ၀င်းသိန်းထံက သိရပါတယ်။
Source : http://ift.tt/2cGVwfv
via IFTTT
MOI Webportal Myanmar
လွှတ်တော်ကို စော်ကားတာဟာ ပြည်သူကို၊ နိုင်ငံကို စော်ကားတာဖြစ်သည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ၁၆-၉-၂ဝ၁၆ ရက်နေ့တွင် ထုတ်ဝေသော မြန်မာ့အလင်း သတင်းစာ၏ စာမျက်နှာ ၉ ''ပြည်သူ့သဘောထားစင်မြင့်'' ကဏ္ဍတွင် ဆောင်းပါးရှင်ယမင်းမြတ်အေး၏ ''မြန်မာ့လူ့အဖွဲ့ အစည်းကို ခြိမ်းခြောက်နေသော အကျင့်ပျက် ခြစားမှု'' ဟူသော ဆောင်းပါးတစ်ပုဒ် ဖော်ပြသည်ကို ဖတ်ရှုရပါသည်။ ယင်းဆောင်းပါး၏ ဥပဒေပြင်ဆင်ရေး ခေါင်းစဉ်ငယ် အောက်တွင် အောက်ပါစာသားများကို ဖော်ပြထားပါသည်- ''ထို့အတူ ခြစားမှုတိုက်ဖျက်ရေး ဥပဒေသည် ခရိုနီများနှင့် တစ်ချိန်က အာဏာရှိသူများ အကျိုးစီးပွားကို ကာကွယ်ထား ကြောင်းနှင့် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ယင်းကဲ့သို့ အကျိုးစီးပွားကာကွယ်သည့် ဥပဒေပေါင်း ၂၃၂ ခုကို အသစ် ပြန်လည်ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်းလည်း သိရသည်။ ယင်းမှာ အစိုးရသစ်အတွက် ခေါင်းခဲရသည့် ပြဿနာ ဖြစ်နေသည် - - - - - - -'' အထက်ဖော်ပြချက်ကို ဖတ်ရှုရသည့်အခါ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အထူးစိတ်မကောင်း ဖြစ်မိပါ သည်။ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ဆောင်ရွက်ခဲ့သော ဥပဒေများမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်- (က) အသစ်ပြုစုရေးဆွဲသည့်ဥပဒေ ၄၃ (ခ) တည်ဆဲဥပဒေကို ရုပ်သိမ်းပြီး ၅ဝ အသစ်ရေးဆွဲသည့် ဥပဒေ (ဂ) ပြင်ဆင်သည့်ဥပဒေ ၁ဝ၃ (ဃ) ရုပ်သိမ်းသည့်ဥပဒေ ၁၇ (င) နှစ်စဉ်ပြဋ္ဌာန်းရသော ၁၉ ဘဏ္ဍာရေးဆိုင်ရာဥပဒေ စုစုပေါင်း ၂၃၂ ထို့ကြောင့် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် အသစ် ပြန်လည်ရေးဆွဲ အတည်ပြုသည့် ဥပဒေ ၂၃၂ ခုဆိုသည်မှာ မှန်ကန်ခြင်းမရှိပါ။ ထို့ပြင် ''ခြစားမှုတိုက်ဖျက်ရေးဥပဒေ'' ဆိုသည့် အခေါ် အဝေါ်မှာလည်း မှန်ကန်တိကျမှုမရှိပါ။ အမှန်စင်စစ် ''အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ''ကိုသာ လွှတ်တော်များအတွင်း အကြိမ်ကြိမ် ဆွေးနွေးပြီး ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၂၃/ ၂ဝ၁၃) အဖြစ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။ ယနေ့ပြည်သူလူထု အများစုကြီးက တစ်ခဲနက် ဆန္ဒပြု ရွေးချယ်ခဲ့သဖြင့် အစိုးရနှင့်လွှတ်တော်များ ဖွဲ့စည်းနိုင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်စားလှယ်များသည် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွင် အနိုင်ရရှိပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ပါဝင် ဆောင်ရွက်နေခဲ့ပါသည်။ ထိုအချိန်က လွှတ်တော် အတွင်း၌ တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များလည်း ပါဝင်ပါသည်။ ထို့အပြင် ပထမအကြိမ် လွှတ်တော်များသည်- ပြည်သူ့အသံ - လွှတ်တော်အသံ ပြည်သူ့ဆန္ဒ - လွှတ်တော်ဆန္ဒ ပြည်သူတို့၏ မျှော်လင့်ချက် - လွှတ်တော်က ဖော်ဆောင်ရွက် ဟူသော ဆောင်ပုဒ်ချမှတ်ကာ မေးခွန်းများ၊ အဆိုများ၊ ဥပဒေ များ ရေးဆွဲ ပြဋ္ဌာန်းခဲ့ပါသည်။ လွှတ်တော်များ၏ ဆောင်ရွက်ချက် သည် မည်ကာမတ္တမဟုတ်၊ Rubber Stamp တံဆိပ်တုံး အမှတ်အသား မဟုတ်၊ လက်ညှိုးထောင် ခေါင်းညိတ် မဟုတ်ကြောင်း ကမ္ဘာသိ၊ မြန်မာသိ ဖော်ထုတ်ပြသနိုင်ခဲ့ပြီ ဖြစ်ပါသည်။ လွှတ်တော်သည် နိုင်ငံ၏အသက်သွေးကြော အသက်ဝိညာဉ် ဖြစ်သည်။ လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိနိုင်ချေ။ လွှတ်တော် ရှိ၍ ဒီမိုကရေစီရှိနေပြီး ယင်းကို အားလုံးက သိရှိနားလည် ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ဆောင်းပါးရှင်၏ ''ယင်းမှာ အစိုးရသစ်အတွက် ခေါင်းခဲရ သည့် ပြဿနာဖြစ်နေသည် - - - - - - -'' ဟု ဖော်ပြ ချက်မှာ ပထမအကြိမ်၊ ပြည်ထောင်စုလွှတ်တော်၏ ဂုဏ်သိက္ခာ ရှိစွာဖြင့် ဆောင်ရွက်ချက်များကို လွန်စွာထိခိုက်စေပါသည်။ ဆောင်းပါးရှင်၏ ဖော်ပြချက်များမှာ- (က) ဥပဒေပြဋ္ဌာန်းခြင်းနှင့် ပတ်သက်သည့် အချက် အလက်များ လွဲမှားခြင်း၊ (ခ) လွှတ်တော်များ၏ ဂုဏ်သိက္ခာနှင့် ပြည်သူအများကို ထိပါး စော်ကားခြင်း၊ (ဂ) ပြည်သူများအနေဖြင့် ပြီးခဲ့သော အစိုးရနှင့် လက်ရှိ အစိုးရအပေါ် အထင်အမြင် လွဲမှားစေနိုင်ခြင်း စသည့် မလိုလားအပ်သော ကိစ္စရပ်များကို ဖြစ်ပွားစေနိုင်သော ရေးသားထားခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယနေ့ခေတ်ကာလမှာ ပြည်သူအများ၏ဆန္ဒအရ တင် မြှောက်ထားသည့် လွှတ်တော်နှင့် အစိုးရအသစ်များအနေဖြင့် တိုင်းပြည်ငြိမ်းချမ်းမှု ရရှိရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိ စေရေးတို့ကို အစွမ်းကုန် ဆောင်ရွက်နေချိန် ဖြစ်ရာ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေသော ယခုကဲ့သို့ ဆောင်းပါးများကို ရေးသားခြင်းသည် စာရေးသူ၏ အဆင့်အတန်းကို ဖော်ပြရာ ရောက်ပါသည်။ အလျဉ်းသင့်၍ ဖော်ပြလိုသည်မှာ လွှတ်တော်သည် ဥပဒေပြုရေး တာဝန်ယူရသည်။ တစ်နည်းအားဖြင့် ဥပဒေပြုရေး၊ အချုပ်အခြာအာဏာကို လွှတ်တော်အား နိုင်ငံတော် နှင့်ပြည်သူက တာဝန်ပေးထားခြင်း ဖြစ်ပါသည်။ လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်သည်- (က) ဥပဒေပြုရေးတာဝန် (ခ) ကိုယ်စားပြုရေးတာဝန် (ဂ) စောင့်ကြည့်ထိန်းညှိရေး တာဝန်တို့ ဖြစ်သည်။ ဥပဒေပြုရေးတာဝန်ကို ဆောင်ရွက်ရာတွင် နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေသော ဥပဒေများကို ပြဋ္ဌာန်းရသည်။ ဥပဒေပြုရာတွင် တစ်ယောက်တည်း၏ သဘောထားနှင့် မရ။ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထား ဆန္ဒများဖြင့် အတည်ပြုရသည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့်ဖြစ်ပေါ်ခဲ့သော အခြေအနေများအရ အုပ်စိုးသူ အလိုကျ ဥပဒေများရှိခဲ့၍ လည်း ခေတ်စနစ်နှင့် မလျော်ညီသော ထိုဥပဒေများကို ဖျက်သိမ်းခြင်း၊ အစားထိုးရေးဆွဲခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်း ခြင်းများ ပြုလုပ်ခဲ့ရသည်။ ယနေ့လည်း ပြုလုပ်နေရပါသည်။ ပြည်သူများကို တင်ပြလိုသည်မှာ ပြောင်းလဲချိန် တန်ပြီ ဆိုလျှင် ဦးစွာ ပြောင်းလဲရမှာက ပြည်သူအကျိုးစီးပွားကို ဖြစ်စေသော၊ ပြည်သူကို ကာကွယ်စောင့်ရှောက်သော ဥပဒေ များကို ရေးဆွဲပြဋ္ဌာန်းရန်ဖြစ် ပါကြောင်းနှင့် ပြည်သူ့ကိုယ်စား လှယ်များနှင့်လွှတ်တော်အား စော်ကားမှု များသည် ပြည်သူ နှင့်နိုင်ငံတော်ကို စော်ကားရာရောက်ပါကြောင်း ရေးသား တင်ပြလိုက်ပါသည်။ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့နှင့်စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကြမ်းတမ်း ပြင်းထန်သော အယူအဆ၊ အရေးအသားများကို သတင်းစာ၏ မူဝါဒအရ ဖော်ပြပေးနိုင်မည် မဟုတ်ကြောင်းနှင့် ဤကဏ္ဍတွင် ပါရှိသမျှတို့သည် သက်ဆိုင်ရာ ဆောင်းပါးရှင် အသီးသီး၏ အာဘော် များသာ ဖြစ်ပါကြောင်း အစီရင်ခံအပ်ပါသည်။
Source : http://ift.tt/2dy4eOE
via IFTTT
လေပိုင်နက်အနီးကပ်လာသည့် တရုတ်လေယာဉ်များကို ဂျပန်တို့ဟန့်တား
တရုတ်လေတပ်မှ လေယာဉ် ၈စင်း အရှေ့ တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေသည့် ကျွန်းများပေါ်သို့ ချဉ်းကပ်လာသည့် အတွက် ဂျပန်လေတပ်က ဟန့်တားလိုက်ကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။
Source : https://goo.gl/YInxy7
via IFTTT
မြိတ်တွင် မူးယစ်ဆေးဖမ်း ရဲတပ်ဖွဲ့ ဓားဖြင့် တိုက်ခိုက်ခံရပြီး တရာခံများ ထွက်ပြေးနေ
ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးရာတွင် အိမ်ရှင် အမျိုးသမီး နှင့် သားဖြစ်သူ ၂ ဦးက ဓားကိုယ်စီဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မီးသတ် တပ်ဖွဲ့ဝင်တဦး လက်တွင် ပြတ်ရှ ဒဏ်ရာ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦးမှာ ခြံစည်းရိုးပေါ် ခုတ်ကျော်ရာက ပုလင်းကွဲရှသည့် ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်ဖတ်ရှုရန် - https://goo.gl/9Qxjv3
Source : https://goo.gl/9Qxjv3
via IFTTT
Monday, September 26, 2016
Eleven Broadcasting
ပြင်ပဒေါ်လာဈေးမြင့်တက်လာမှုနှင့်အတူ ပြည်တွင်းအခေါက်ရွှေဈေးကျပ် ၈၉၀၀၀၀ ကျော်အထိ မြင့်တက် (ရုပ်သံ) ပြင်ပဒေါ်လာဈေးတစ်ဒေါ်လာကို ၁၂၆၂ ကျပ်၀န်းကျင်သို့မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းအခေါက် ရွှေဈေးဟာလည်း ကျပ် ၈၉၀၀၀၀ ကျော် အထိထပ်မံ မြင့်တက်ခဲ့ပါတယ်။
Source : http://ift.tt/2cFxiSA
via IFTTT
The Irrawaddy - Burmese Edition
လက်နက်ကိုင်ပြီး ဖြေရှင်းမယ်ဆိုရင် လူထုကို အရင်ဆုံး ကြည့်ပေးကြပါ (ရုပ်/သံ) ဧရာ၀တီ၊ စက်တင်ဘာ ၂၆၊ ၂၀၁၆ ရိုက်ကူး - နန်းဆိုင်နွမ်
Source : http://ift.tt/2ddiZCd
via IFTTT
MOI Webportal Myanmar
ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၄) အား စီရင်ချက် (အမိန့်) ချမှတ် နေပြည်တော် စက်တင်ဘာ ၂၆ ၁။ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဉာဏ်လင်းဦးက ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ တအာင်း (ပလောင်) အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်နှင့် ယင်းမဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းသန်းစိန် (ခ) ဦးထွန်းအောင်တို့ ရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသောမဲများပါရှိခဲ့လျှင် လျှောက်ထား သူကသာ မဲအများဆုံးရရှိသူဖြစ်၍ မိမိအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကြေညာပေးပါရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထား မှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၄/၂၀၁၅)ဖြင့် ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်မှ လက်ခံခဲ့သည်။ ၂။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးစန်းရွှေ (ဥပဒေ ကျွမ်းကျင်သူ) နှင့် ဦးဝင်းမော် (ဥပဒေကျွမ်းကျင်သူ) တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၁)က ဆက်လက် ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂၆ရက်တွင် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အဖြစ် လျှောက်ထား ခံရသူ(၁) ဦးအေးမောင် “တအာင်း (ပလောင်) အမျိုးသား ပါတီ” အား ရွေးကောက် တင်မြှောက်ခြင်းသည် တရားဝင် အတည် ဖြစ်ကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဉာဏ်လင်းဦး (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ၏ ကန့်ကွက်လွှာကို စရိတ်နှင့် တကွပယ်ကြောင်းနှင့် ရှေ့နေစရိတ် ကျပ်သုံးသောင်း သတ်မှတ်သည့် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ၃။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ရွေးကောက်ပွဲ ခုံရုံးများမှ ဆုံးဖြတ်ချက်(အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုပေါင်းမှာ စက်တင်ဘာ ၂၆ ရက်နေ့အထိ (၃၃)မှု ရှိပြီး အပြီးသတ် အမိန့်ချ မှတ်ပြီး နိုင်ငံတော် ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ (၂၃)မှု ရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2dm9ndD
via IFTTT
ကြိုးဆွဲချသေဆုံးမှုကို ပြန်လည်သရုပ်ပြသူ သေဆုံး
မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် သုခိတာလမ်းသွယ် (၂) ၌ စက်တင်ဘာ ၂၅ ရက်က လမ်းဘေးသစ်ပင်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးနေသည်ကို သွားရောက်ကြည့်ရှုခဲ့သည့် အသက် ၆၀ အရွယ် အမျိုးသားက နေအိမ်ရှိဇနီးနှင့် သမီးဖြစ်သူကို ပြန်လည်သရုပ်ပြစဉ် ၎င်းပါ သေဆုံးခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ကြိုးဆွဲချ သေဆုံးမှုကို သရုပ်ပြရာမှ သေဆုံးသူ ဦးလှအောင်မှာ တစ်လမ်းထဲနေသူ အသက် ၂၅ နှစ်အရွယ် ကိုမျိုးဇော်ဦး လမ်းဘေးရှိ ဗန်ဒါပင်တွင် ကြိုးဆွဲချ သေဆုံးနေသည်ကို သွားရောက် ကြည့်ရှု၍ နေအိမ်ပြန်လာပြီး ဇနီးနှင့် သမီးဖြစ်သူကို ကြိုးဆွဲချ သေဆုံးနေပုံ လုပ်ပြမည်ဟု ပြောဆိုကာ အပေါ်ထပ်မှ အောက်ထပ်သို့ ဆင်းသွားခဲ့ကြောင်း၊ ယင်းနောက် ၎င်း၏အသံ မကြားရသောကြောင့် ဇနီးကအောက်ထပ် ဆင်းကြည့်စဉ် နေအိမ်ရှိ စတီးလှေကား လက်ရမ်းတွင် ပုဆိုးကို ကွင်းပုံသဏ္ဍန်ပြုလုပ်၍ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ “သေဆုံးသူက အစအနောက်သန်သူလို့ မိသားစုထံက သိရတယ်။ လမ်းထဲက ကောင်လေးကြိုးဆွဲချ သေဆုံးတာသွားကြည့်ပြီး အိမ်ကမိသားစုကို ကြိုးဆွဲချသေဆုံးပုံလုပ်ပြရာက သူပါ သေဆုံးခဲ့တာ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ ကြိုးဆွဲချသေဆုံးခဲ့သည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများကို အင်းစိန်ဆေးရုံသို့ ပို့အပ်ပြီး မင်္ဂလာဒုံမြို့မရဲစခန်းက သေမှုသေခင်း ဖွင့်လှစ် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
Source : https://goo.gl/e5NOVz
via IFTTT
Eleven Broadcasting
မဲသ၀ေါ စစ်ဘေးရှောင်ပြည်သူများ ကူညီနိုင်ရေး ပန်းရဲ့လမ်းအဖွဲ့မှ ဂီတဖြင့် အလှူခံ (ရုပ်သံ) ကရင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူတွေကို ကူညီနိုင်ရေးအတွက် ပန်းရဲ့လမ်း အဖွဲ့က ဂီတနဲ့ အ လှုခံခြင်းကို စက်တင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက တော်၀င်နှင်းဆီစားသောက်ဆိုင်နဲ့ Morning Star လက်ဖက်ရည်ဆိုင်တွေမှာ ပြုလုပ်ခဲ့ပါတယ်။
Source : http://ift.tt/2d35Xc5
via IFTTT
တရားရေးဝန်ကြီးဌာနအသစ်ဖွဲ့စည်းပေးရန် နိုင်ငံရေးအကျဉ်းသားဟောင်းများ တောင်းဆို
တရားရေးဝန်ကြီးဌာနအသစ် ဖွဲ့စည်းပေးရန် နိုင်ငံရေးအကျည်းသားဟောင်းများ တောင်းဆို အကျဉ်းသားတယောက်က သူ့အခွင့်အရေး နစ် နာဆုံးရှုံးလို့တိုင်ပြီဆိုရင် အကျဉ်းထောင်နဲ့ သဘောက ပြည်ထဲရေးနဲ့မပတ်သက်တဲ့ ယုံကြည်အားကိုးလောက်တဲ့ တခြား တယောက်ဖြစ်ဖို့လိုတယ်။ အဲဒါသည် တကယ်က တရားရေး၀န်ကြီးဌာနပဲ ဆက်လက်ဖတ်ရှုရန် -https://goo.gl/lgqAc9
Source : https://goo.gl/lgqAc9
via IFTTT
လယ်ယာမြေ မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်း ဆောင်ရွက်ရာတွင် စနစ်ကျမှု မရှိခြင်း၊ အငြင်းပွားမှုများကို မှန်ကန်စွာ ဖြေရှင်းနိုင်မှု မရှိခြင်းတို့ကြောင့် တောင်သူလယ်သမားများ ဒုက္ခရောက်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် တင်ပြ လယ်ယာမြေ မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်း ဆောင်ရွက်ရာတွင် စနစ်ကျမှု မရှိခြင်း၊ အငြင်းပွားမှုများကို မှန်ကန်စွာ ဖြေရှင်းနိုင်မှု မရှိခြင်းတို့ကြောင့် တောင်သူလယ်သမားများ ဒုက္ခရောက်နေရကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိမ်းက လွှတ်တော်၌ မေးခွန်းမေးမြန်းစဉ် ပြောကြားခဲ့သည်။ စက်တင်ဘာ၂၂ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိမ်းက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းနှင့် ပုံစံသတ်မှတ်မှုများကို တစ်ပေါင်းတည်းဖြင့် လယ်ယာမြေဥပဒေ လက်စွဲအဖြစ် စာအုပ်ဖြန့်ဝေ ပေးနိုင်ခြင်းနှင့် ဆင့်ပွားသင်တန်းပေး ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိနှင့် ပတ်သက်သည့် မေးခွန်းမေးမြန်းစဉ် ပြောကြားခဲ့သည်။ ဦးဘမျိုးသိမ်းက “တောင်သူတွေအတွက် အလွန်အရေးပါတဲ့ လယ်ယာမြေ မှတ်ပုံတင်ခြင်းနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းတွေကို စနစ်ကျမှု မရှိခြင်း၊ အချိန်ယူဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ တောင်သူတွေ ခံစားနေကြရပါတယ်” ဟု ပြောကြားခဲ့သည်။ ထိုကဲ့သို့ ဆိုးကျိုးများ ပေါ်ပေါက်လာရခြင်း၏ အဓိကအချက်မှာ ၂၀၁၂ လယ်ယာမြေဥပဒေ အတည်ပြု ပြဋ္ဌာန်းပြီးနောက် ၂၀၁၃ ခုနှစ်မှ စတင်ကာ မြေယာမှတ်ပုံတင် လုပ်ငန်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များ ထုတ်ပေးခြင်းကို အလျင်စလို ပြုလုပ်ခဲ့ခြင်း၊ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ ဆောင်ရွက်မှု အလွန်အားနည်းခြင်း၊ ဝန်ထမ်းအင်အား မပြည့်စုံခြင်း၊ အချို့နေရာများတွင် ဝန်ထမ်းအင်အား ထက်ဝက်ခန့်သာ ရှိသော်လည်း ရှိသည့်အင်အားနှင့် မဖြစ်မနေ ပြီးမြောက်အောင် ဆောင်ရွက်ရခြင်း၊ ဝန်ထမ်းများကိုလည်း ဥပဒေ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြိုတင်လေ့ကျင့် သင်ကြားပေးထားမှု မရှိခြင်း၊ အကျိုးဆက်အားဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားစဉ် အငြင်းပွားမှုများ၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများကို မှန်ကန်စွာ ဖြေရှင်းနိုင်မှု မရှိခြင်း၊ မလိုအပ်ဘဲ တရားရုံးများ၌ မပြီးစီးနိုင်သော လယ်ယာမြေမှုခင်းများနှင့် ရင်ဆိုင်ရကာ တောင်သူလယ်သမား ဒုက္ခရောက်နေခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း ဦးဘမျိုးသိမ်းက ပြောကြားခဲ့သည်။ ထို့အတွက် မြေယာမှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အလျင်စလို ထုတ်ပေးထားခဲ့သော အသုံးပြုခွင့် လက်မှတ်များအား မြေပြင်အခြေအနေ အမှန်အတိုင်း ပြင်ဆင်ခွင့်ပြုခြင်း၊ တစ်ပြည်လုံး အတိုင်းအတာအရ သက်ဆိုင်ရာ ဝန်ထမ်းများအား ဥပဒေပါ အချက်အလက်များ၊ ပညာပေး သင်တန်းများဖြင့် ဟောပြောပို့ချပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။ အဆိုပါ မေးမြန်းမှုအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေစာအုပ်များကို ဖြန့်ဝေရောင်းချ ပေးလျက်ရှိကြောင်း၊ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တောင်သူများ အကျိုးခံစားခွင့် ရရှိနိုင်ရေး အတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များမှ ဆင့်ပွားပညာပေး သင်တန်းများ တိုးချဲ့ဆောင်ရွက် ပေးလျက်ရှိကြောင်း ဖြေကြားခဲ့သည်။
Source : http://ift.tt/2dc6VBp
via IFTTT
အမျိုးသမီးငယ်ကို ချုပ်နှောင်ညှဉ်းပန်း ပေါင်းသင်းသူကို အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ရေး အယူခံ ဝင်မည် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးကို ထိုးကြိတ် ရိုက် နှက် ကာ နေအိမ် အတွင်း သံကြိုးဖြင့် ချည်နှောင် ပိတ်လှောင်ပြီး ခိုးယူပေါင်းသင်း ခဲ့သည့် သူကို ထောင် ဒဏ် ၂ နှစ် အမိန့်ချမှတ်မှုအပေါ် မကျေနပ်သည့်အတွက် တရားလိုဘက်က အမြင့် ဆုံး ပြစ်ဒဏ် ချမှတ်နိုင်ရေး အယူခံဝင်မည် ဖြစ်ကြောင်း သိရှိရသည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလခန့်က အောင်မင်္ဂလာ အဝေးပြေးရှိ လက်မှတ် အရောင်းဌာနတခုတွင် အလုပ်လုပ်ကိုင်နေသည့် ၁၈နှစ် အမျိုးသမီးတဦးကို တလခန့်ကြာ နေအိမ်တွင် သံကြိုးဖြင့် ချည် နှောင် သော့ခတ်ပိတ်လှောင်ကာ ထိုးကြိတ် ရိုက်နှက်ခဲ့သည့် အသက် ၃၂ နှစ်အရွယ် ကိုကျော် လင်း ထွန်း ကို နှိပ်စက်ခံရသည့် အမျိုးသမီး၏ မိခင်က တရားလို ပြုလုပ်ကာ မြောက်ဥက္က လာပ မြို့နယ်၊ ဝေဘာဂီ ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။ ကိုကျော်လင်းထွန်းသည် နေအိမ်တွင် အဆိုပါ အမျိုးသမီး၏ ခြေထောက်ကို သံကြိုးနှင့် ချုပ်နှောင် ပြီး အလိုမတူဘဲ သားမယားပြုကျင့်ခြင်း၊ လက်သီးနှင့်ထိုးနှက်ခြင်း၊ စတီးဓားဖြင့် ဆွဲခြစ်ခြင်း၊ ကြက် မွှေး လက်ကိုင်ရိုးဖြင့် ရိုက်နှက်ခြင်း၊ ပျဉ်ပြားဖြင့် ရိုက်နှက်ခြင်း၊ ဆံပင်များကို မညီမညာ ညှပ် ပစ် ခြင်း များ အပြင် နေအိမ်တွင် ၁ လခန့် သော့ခတ် ပိတ်လှောင်ထားခဲ့ သည့်အတွက် မြောက် ဥက္က လာပ တရားရုံး၊ တွဲဘက်မြို့နယ် တရားသူကြီးမှ ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၃၆၅ (လူကို လျှို့ ၀ှက်စွာ မတရားသဖြင့် ချုပ်နှောင်ထားရန် အကြံဖြင့် ခိုးယူမှု သို့မဟုတ် ချုပ်နှောင်မှု)၊ ရာဇသတ် ကြီးပုဒ်မ ၃၂၃ (သာမန် နာကျင်စေမှု)ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရှိရသည်။ ယင်းအမှုကို မြောက်ဥက္ကလာပတရားရုံးတွင် ရုံးချိန်းပေါင်း ၃၀ ဖြင့် တရားလိုပြ သက်သေ၈ ဦး၊ တရားခံပြ သက်သေ နှစ်ဦးကို ရုံးတင်စစ်ဆေးခဲ့ပြီး အပြီးသတ်စီရင်ချက်ကို ၂၀၁၆ ခုနှစ် စက်တင် ဘာလ ၁၅ ရက်နေ့တွင် ပြစ်ဒဏ်နှစ်ရပ်ကို တပေါင်းထည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သဖြင့် အယူခံဝင်၍ ပြစ်ဒဏ် အမြင့်ဆုံး ချမှတ်နိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တရားလို ရှေ့နေ ဒေါ်လှလှရီက ပြောသည်။ “ပုဒ်မ ၃၆၅ အရ ပြစ်ဒဏ်က ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်လည်း ချလို့ရတယ်။ ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် တနှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်လို့ရတယ်။ အခုက ပုဒ်မ နှစ်ခုကို တပေါင်းတည်း ၂ နှစ် ဆိုတော့ အမျိုးသမီးရဲ့ ခံရတဲ့အနေအထားနဲ့ ထိရောက်တဲ့ ပြစ်ဒဏ်ကို ချမှတ်ပေးတာကို လိုချင်တဲ့အတွက် အပေါ်ရုံးကို ပြစ်ဒဏ်တိုးဖို့အတွက် ပြင်ဆင် ရုံးတက်မှာ ဖြစ်ပါတယ်” ဟု တရားလို ရှေ့နေ ဒေါ်လှလှရီ က ဆိုသည်။ ယင်းအမှုတွင် ချုပ်နှောင် နှိပ်စက်ခံရသူ အမျိုးသမီးကမူ တရားရုံးက ချမှတ်သော ပြစ်ဒဏ်သည် နည်းပါးကြောင်း ပြောဆိုသည်။ “သမီး ၁၀ တန်းတုန်းက သူနဲ့ ကြိုက်ဖူးပါတယ်။ သူက ရှုပ်တဲ့အတွက် နောက်ပိုင်း သမီး အဆက် ဖြတ်လိုက်တာပါ။ သူနဲ့ အဆက်ဖြတ်လိုက်တာ ကြာပြီ။ တရက် သမီးအလုပ်ကို လိုက်လာတယ်။ သမီးကို ခေါင်းပုတ်တယ်။ သမီး သူ့ကို တွေ့တော့ အမေ့ကို ဖုန်းဆက်မလို့ နောက်ဖေးကို သွား တယ်။ သူလိုက်လာတယ်။ သမီးကို ဓားနဲ့ ထောက်ပြီး သူနဲ့ အတူ ပါလာတဲ့ကားနဲ့ ခေါ်သွားတယ်။ သမီးကို အိမ်မှာ သံကြိုးခတ်ထားတယ်။ အစာကိုလည်း ကျွေးချင်မှ ကျွေးတယ်။ ကျွေးရင်လည်း ပန်းကန်ကို ပြစ်ကျွေးတယ်။ တလလုံး သူလုပ်ချင်သလို လုပ်တယ်” ဟု ကာယကံရှင် အမျိုးသမီးက ဆိုသည်။ အဆိုပါ အမျိုးသမီးငယ် ပြန်လည် ရပ်တည်ရေးနှင့် အမျိုးသမီး အမှု ဆက်လက် လုပ်ဆောင် နိုင်ရန် အခရာအဖွဲ့က ကူညီပေးနေကြောင်း၊ အခရာအဖွဲ့သည် အမျိုးသမီးများ အခွင့်အရေး ဆုံးရူံး နေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဥပဒေအရ ထိရောက်သော အရေးယူမှုများ ဖြစ်ပေါ်လာရေး အတွက် အမျိုးသမီးများဘက်မှ လိုက်ပါကူညီနေသည့် အဖွဲ့အစည်းတခုဖြစ်ကြောင်း သိရှိရသည်။
Source : https://goo.gl/LGdFdD
via IFTTT
Eleven Broadcasting
Profile (ရုပ်သံအစီအစဉ်) အမေရိကန်ပြည်ထောင်စု IFES ဒါရိုက်တာဘုတ်အဖွဲ့က ပေးအပ်ခဲ့တဲ့ Charles T. Manatt Democracy Award ကို ရရှိထားတဲ့ ကိုနေလင်းစိုး " သံမဏိစိတ်ဓာတ်ပိုင်ရှင် " (အပိုင်း -၂) ■ သူနဲ့ဘ၀တူ အမျိုးသမီးတစ်ဦးနဲ့ ဘ၀ကို လျှောက်လှမ်းနေသူ ■ မြန်မာနိုင်ငံမှာ မသန်စွမ်းကားမောင်းလိုင်စင် ပထမဆုံးရရှိထားသူ ■ အမေရိကန် သမ္မတအိုဘားမားနဲ့ မသန်စွမ်းအရေးတွေ ့ဆုံခဲ့သူ ■ မသန်စွမ်းပေမယ့် အားမလျှော့တဲ့ သူရဲ့စိတ်ဓာတ်ကို ဘ၀မှာအားငယ် စိတ်ဓာတ်ကျနေတဲ့ လူငယ်တွေ အတုယူ လေ့လာနိုင်စေဖို့ ဒီအစီအစဉ်ကနေ ရည်ရွယ်ရိုက်ကူး တင်ဆက်ထားပါတယ်။ နေလင်းစိုး (အပိုင်း-၁) ကြည့်ရှုရန် - http://ift.tt/2cOVXBN
Source : http://ift.tt/2cECeXS
via IFTTT
မိတ္ထီလာမြို့တွင် အဓိက လမ်းမကြီးများ ဆိုးရွားစွာ ပျက်စီးမှုကြောင့် ကျောင်းသား၊ ကျောင်းသူများနှင့် မြို့ခံလူထု သွားလာရေး အခက်တွေ့ မြို့ရှောင်လမ်း မရှိခြင်းကြောင့် ကုန်ကားကြီးများ မြို့တွင်းဖြတ်သန်းသွားလာခြင်း၊ လမ်းအရည်အသွေး အားနည်းခြင်း၊ မိုးတွင်းကာလ ဖြစ်ခြင်းကြောင့် မိတ္ထီလာမြို့တွင်း အဓိက လမ်းမကြီးများ ဆိုးရွားစွာ ပျက်စီးနေပြီး ကျောင်းသား၊ ကျောင်းသူများနှင့် မြို့ခံလူထု သွားရေးလာရေး အခက်အခဲ တွေ့နေပြီး ယာဉ်မတော်တဆမှုများ မကြာခဏ ကြုံနေရကြောင်း မိတ္ထီလာမြို့ခံ လူထုမှ သိရသည်။ “မိတ္ထီလာရဲ့ အဓိက လမ်းမကြီးတွေက အပျက်အစီး အများဆုံး ဖြစ်နေတယ်။ အဓိက မြို့ထဲလမ်းမကြီးတွေကို စည်ပင်နဲ့ လမ်းတံတား ဘယ်သူပြင်ဆင်ပေးသင့်လဲ စုံစမ်းကြည့်တော့ လမ်းခွန်ကောက်ခံနေတဲ့ ကုမ္ပဏီတွေက ပြင်ပေးရမယ့်တာဝန် ရှိတယ်ဆိုတာ စုံစမ်း သိရှိရတယ်။ အရည်အသွေး ပြည့်မီတဲ့ လမ်းတွေဖြစ်ဖို့ လမ်းဦးစီးဌာနတွေ အနေနဲ့ ဘာဖြစ်လို့ ကြီးကြပ်ကွပ်ကဲမှု မရှိတာလဲ။ အရည်အသွေးအတွက် လမ်းဦးစီးက စစ်ဆေးရမယ်လို့ ယူဆရတယ်။ လမ်းခင်းရင် တန်ဘယ်လောက် မောင်းတဲ့ကား ဖြတ်ရမယ်၊ အရည်အသွေး ဘယ်လောက်ရှိရမယ် ဆိုတာ စံချိန်စံညွှန်း အရည်အသွေး သတ်မှတ်ချက်ဆိုတာ လမ်းဦးစီးမှာ ရှိပြီးသားပါ။ အဲဒီဟာတွေကို ကြီးကြပ်ရမယ့် အင်ဂျင်နီယာတွေလည်း လမ်းဦးစီးမှာ အပြည့်အစုံ ရှိပြီးသားပါ။ လမ်းတစ်လမ်းဟာ ဆိုရင် ခြောက်လတောင်မှ မခံတဲ့ လမ်းတွေ၊ ဖွင့်ပွဲပြီးရင် ပျက်တဲ့လမ်းတွေ ဖြစ်နေတယ်။ မိတ္ထီလာမှာ ခင်းပြီးကာစ လမ်းတွေ အားလုံး ကောင်းတယ်။ ခင်းပြီးလို့ တစ်လနှစ်လ ကြာသွားရင် အဲဒီလမ်းတွေ မကောင်းတော့ဘူး။ အဲဒီလိုဆိုတော့ ချိုင့်ခွက်တွေ ရှောင်ပြီးသွားရတယ်။ ဟိုဘက်လမ်းကြောကနေ ဒီဘက်လမ်းကြော ရောက်တယ်။ လမ်းမှန်အတိုင်း မမောင်းနိုင်တော့ တစ်ဦးနဲ့တစ်ဦး ထိခိုက်မိတာတွေ ဖြစ်တယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်တယ်” ဟု မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက်နေ ဦးထိန်မင်းခိုင်က ပြောကြားသည်။ “လမ်းတွေဆိုးချက်ကတော့ မြို့တွင်းလမ်းမတွေမှာ နွေဆို ဖုန်တလုံးလုံး သွားရတယ်။ မိုးတွင်းဆို ဗွက်အိုင်ကြီးတွေ၊ ချိုင့်ဝှမ်းကြီးတွေ ဖြစ်ကုန်တော့ ရှောင်မောင်းကြရင်းနဲ့ တိုက်ကြ၊ ခိုက်ကြတာလည်း ရှိတယ်။ ဟိုရက်ကပဲ ဆိုင်ကယ်ချင်း ချိတ်လဲတာ (၂၂)ဘီးအောက် ရောက်သွားတော့ သေသွားတယ်။ မြို့ရှောင်လမ်း မရှိတော့ ကုန်ကားတွေဆိုတာ မြို့လယ်ကောင်ကနေ ဖြတ်မောင်း၊ အထက ကျောင်းဆင်းချိန်တွေဆို ကလေးတွေ ကားကြိုကားကြားမှာ အရမ်းအန္တရာယ်များတယ်။ ဝန်ဇင်းအကွေ့က လမ်းဆို လမ်းပေါ်မှာ ရေအိုင်ကြီး ဖြစ်နေတော့ မိုးရွာရင် ရှောင်မောင်းရင်းနဲ့ ခဏခဏ တိုက်ကြတယ်။ အဆိုးဆုံး လမ်းကတော့ လူအများစု သွားတဲ့ စျေးကြီးလမ်းမတွေပဲ။ နောက်ထပ်တော့ ရတနာမာရ်အောင် လမ်းမကြီးကနေ တောက်လျှောက် တော်ဝင်နန်းအထိ လမ်းတအား ဆိုးတယ်။ ကျန်တဲ့ မြို့ထဲလမ်းတွေလည်း ချိုင့် တွေ၊ ကျင်းတွေနဲ့ သိပ်မကောင်းဘူး။ လမ်းပေါ်ချိုင့်တွေကလည်း အနက်ကြီးတွေ။ ဖို့ပြီး ခဏနေ ပြန်ပျက်တာပဲ” ဟု မိတ္ထီလာမြို့ ရတနာမာရ်အောင် ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောကြားသည်။ Writer: ၀ဏ္ဏ (မိတ္ထီလာ)
Source : http://ift.tt/2diWkcJ
via IFTTT
စက်မှုဇုန်နှင့် နီးသည့်နေရာတွင် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပေးရန် တိုင်းအစိုးရထံ တောင်းဆို ရန်ကုန်၊ စက်တင်ဘာ ၂၅ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအတွက် နေထိုင်စရာ အိမ်ရာစီမံကိန်း ဖော်ဆောင်ရာတွင် စက်မှုဇုန်နှင့် နီးသည့်နေရာများ၌ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပေးရန် တိုင်းအစိုးရအဖွဲ့ထံ တောင်းဆိုထားကြောင်း အလုပ်ရှင်၊ အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့များထံ သိရသည်။ "မြေက ဒေသအစိုးရက ပေးရမှာဖြစ်တယ်။ ပေးမယ့်မြေက ကိုယ့်စက်ရုံနဲ့ နီးတဲ့နေရာမှာ ပေးဖို့လိုတယ်။ လှိုင်သာယာ စက်မှုဇုန်မှာ အလုပ်လုပ်နေပြီး တခြားမြို့နယ်မှာရှိတဲ့ ဇုန်တွေမှာ တည်ဆောက်ထားရင် အလုပ်သမားတွေအတွက် အခက်အခဲ ရှိနိုင်တယ်။ ဒါကြောင့် ဒီအချက်ကို ထည့်သွင်း စဉ်းစားပေးဖို့လိုတယ်" ဟု မြန်မာ့လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးယုလွင်အောင်က ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနှင့် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများ နေထိုင်နိုင်ရန် အိမ်ရာ စီမံကိန်းများကို တည်ဆောက်ပေးရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းအတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ လိုအပ်ချက်များ၊ လုပ်ဆောင်နိုင်ခြေများကို သုံးသပ်ညှိနှိုင်းကာ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရာတွင် မူလ ကုန်ကျစရိတ်တန်ဖိုးထက် နည်းပါးသည့် ပမာဏဖြင့် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများကို ပြန်လည် ရောင်းချပေးသင့်ပြီး ရေရှည် အနာဂတ်အစီအစဉ်များ ရေးဆွဲထားသင့်ကြောင်း ဦးယုလွင်အောင်က ပြောကြားသည်။ "ဒီစက်ရုံမှာ အလုပ်လုပ်ရင်းထည့် ဝင်ကြေးနဲ့ အိမ်ရာ ဝယ်ယူနေထိုင်နေပြီးမှ စက်ရုံကထွက်ရင် အိမ်ပေါ်က မဆင်းပေးရအောင် ဆောင်ရွက်ပေးဖို့ လိုတယ်" ဟု ၎င်းက ဆိုသည်။ အလုပ်သမားများ၏ လုပ်နိုင်စွမ်းအားကို ထည့်သွင်း စဉ်းစားရန် လိုအပ်ပြီး အစိုးရအနေနှင့် အလုပ်သမားများအတွက် အိမ်ရာစီမံကိန်း ဆောင်ရွက်ပေးခြင်းကို ကြိုဆိုကြောင်း၊ အလုပ်သမားများက ထည့်ဝင်ရမည့် ပမာဏကို ပေးဆောင်နိုင်ခြေ ရှိ၊မရှိကို စဉ်းစား သုံးသပ်ရန် လိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြော ကြားသည်။ "အလုပ်သမားတိုင်းကို အိမ်ပိုင်နဲ့ နေနိုင်အောင် လက်တွေ့လုပ်ဆောင်ရင် ဖြစ်နိုင်ခြေရှိတယ်။ တကယ်လုပ်ဖို့ပဲ လိုတယ်" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ဆိုသည်။ အလုပ်သမား အများစုအတွက် တိုင်းဝန်ကြီးချုပ်အနေနှင့် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပေးခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး အိမ်ရာ တည်ဆောက် ပြီးစီးပါက မည်သို့ရောင်းမည်၊ မည်သို့ ငွေပေးချေရမည်ကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေမည်ဖြစ်ကြောင်း တောင်း ဆိုမှု၊ ဆွေးနွေးမှုများကို အသေးစိတ် ပြန်လည် စဉ်းစားပေးမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား လူမျိုးရေးရာနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။ မြန်မာနိုင်ငံတွင် အလုပ်သမား ရှစ်သိန်းခန့်ရှိပြီး အသက် ၁၅ နှစ်မှ ၅၉ နှစ်ထိ အလုပ် လုပ်နိုင်စွမ်းရှိသူ ၃၃ သန်းရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM ထံမှ သိရသည်။
Source : https://goo.gl/pIrMYy
via IFTTT
ဗြိတိန်နှင့် အမေရိကန်ခရီးစဉ်မှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ရောက်ရှိ၊ ခရီးပန်းသည့်ဒဏ်ခံစ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိပြီး နာရီပိုင်းအကြာမှာ ဆရာ၀န်နဲ့ ဆေးစစ်ချက် ရယူခဲ့ရာ ခရီးပင်ပန်းခြင်း၊ အစာစားချိန် မမှန်၍ အစာအိမ်၀ေဒနာ ခံစားနေရခြင်း၊ ကွန်ပျူတာအသုံး ပြုချိန်များ၍ အရိုးကျီးပေါင်း ၀ေဒနာ ခံစားနေရတယ်လို့ သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာ ၂၅ ရက် ည ၁၁ နာရီ ၄၅ မိနစ််ခန့် မှာ ပြောပါတယ်။
Source : http://ift.tt/2cYX1Zj
via IFTTT
လူမျိုးရေး တင်းမာမှုများကြားမှ ဘော့စနီးယားဆာ့ဘ်တို့ အငြင်းပွားဖွယ် ဆန္ဒခံယူပွဲ ကျင်းပ
ဘော့စနီးယားတွင် လူမျိုးရေး တင်းမာမှုများ ကြီးထွားလာမည့် အန္တရာယ် ရှိသောကြောင့် မဲပေးပွဲ လုပ်ငန်းစဉ်ကို ဖျက်သိမ်းရန် ဘော့စနီးယား အထက်ခုံရုံး၏ သတိပေးမှုနှင့် အနောက်နိုင်ငံများ၏ ဖိအားပေးမှုများကို အာခံကာ အငြင်းပွားဖွယ် အမျိုးသားရုံးပိတ်ရက် ပြဿနာနှင့် ပတ်သက်သည့် ဆန္ဒခံယူပွဲကို တနင်္ဂနွေနေ့က ကျင်းပခဲ့ကြသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ ဇန်နဝါရီ ၉ ရက်ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် သင့်၊ မသင့် မဲခွဲ ဆုံးဖြတ်မည့် ဆန္ဒခံယူပွဲသည် ၁၉၉၂ တွင် ဘေးစနီးယားယားနိုင်ငံမှ ခွဲထွက်လာခဲ့ပြီး နောက်ပိုင်း ပထမဆုံး ပြုလုပ်ခြင်း ဖြစ်သည်။ မဲပေးမှုရလဒ်များကို မဲရုံပိတ်ပြီး နောက် ၄၈ နာရီအတွင်း ထုတ်ပြန်ပေးရန် မျှော်မှန်းထားကြောင်း စီစဉ်ကျင်းပသူများက ပြောကြားသည်။ ၎င်းရုံးပိတ်ရက်သည် ဆားဗီးယား အော်သိုဒေါ့ဂ် ခရစ်ယာန်ရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေသည့်အပြင် ရီပတ်ဘလစ်နိုင်ငံအတွင်း နေထိုင်ကြသော မွတ်ဆလင် ဘာသာဝင် ဘော့စနစ်များနှင့် ကက်သိုလစ် ဘာသာဝင် ခရုတ်တို့ကိုလည်း ခွဲခြားဆက်ဆံရာ ရောက်သောကြောင့် တရားမဝင်ကြောင်း ဆာရာဂျေဗို အခြေစိုက် အခြေခံဥပဒေခုံရုံးက အဆုံးအဖြတ် ပေးထားပြီး ဆန္ဒခံယူပွဲကိုလည်း ကျင်းပခြင်း မပြုရန် ပိတ်ပင်ခဲ့သည်။ ဇန်နဝါရီလ ၉ ရက်သည် ၁၉၉၂ တွင် ဘော့စနီးယားမှ ခွဲထွက်ရန် ဆာ့ဘ်တို့က လွတ်လပ်ရေး ကြေညာခဲ့သောနေ့ ဖြစ်သည်။ ဆာ့ဘ်လူမျိုးများက ၎င်းတို့ သီးသန့်နိုင်ငံ ဖြစ်စေရန် ၎င်းနယ်မြေအတွင်းမှ ဘော့စနစ်နှင့် ခရုတ်လူမျိုးများကို လူမျိုးတုန်း သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သောကြောင့် ဒုတိယကမာ္ဘစစ်အပြီး ဥရောပတွင် သွေးစွန်းမှု အကြီးမားဆုံး ပဋိပက္ခဖြစ်ခဲ့သည်။ ဆာ့ဘ်အစိုးရက အမျိုးသားနေ့နှင့် ပတ်သက်သည့် ခုံရုံးဆုံးဖြတ်ချက်ကို လိုက်နာမည် ဖြစ်ကြောင်းနှင့် အခြားပြည်သူများကို ခွဲခြားဆက်ဆံမှု မဖြစ်စေရန် ရုံးပိတ်ရက်နှင့် ပတ်သက်သည့် ဥပဒေများကို ပြင်ဆင်မှု ပြုလုပ်မည် ဖြစ်ကြောင်း၊ သို့သော် ဆန္ဒခံယူပွဲပြီးမှ ဆောင်ရွက်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားထားသည်။ အများစုကမူ ဆာ့ဘ်ခေါင်းဆောင် မီလိုရတ်ဒိုဒေါက်သည် ခုံရုံးဆုံးဖြတ်ချက်ကို အာခံခြင်းအားဖြင့် စစ်ပွဲအလွန် ဆာရာဂျေဗိုမှ အာဏာပိုင်များ၏ အားနည်းချက်ကို ဖော်ထုတ်ရန်နှင့် ခွဲထွက်ရေး ဆန္ဒခံယူပွဲ ပြုလုပ်ရန် ရည်ရွယ်နေခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားနိုင်သောကြောင့် ၎င်းအငြင်းပွားဖွယ် ဆန္ဒခံယူပွဲကို ဖျက်သိမ်းရန် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က တောင်းဆိုထားသော်လည်း ရုရှားကမူ ယင်းဆန္ဒခံယူပွဲကို ထောက်ခံအားပေးလျက် ရှိသည်။
Source : https://goo.gl/6gOFuX
via IFTTT