Friday, September 30, 2016


ပါကစ္စတန် နယ်စပ်ဒေသရှိ စစ်သွေးကြွနှင့် အကြမ်းဖက် အုပ်စုများကို အိန္ဒိယစစ်တပ် စတင် ထိုးစစ်ဆင် နယူးဒေလီ၊ စက်တင်ဘာ ၂၉ ပါကစ္စတန် နယ်စပ်ဒေသတွင် ခြေကုပ်ယူ လှုပ်ရှားနေသော စစ်သွေးကြွများကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီ ဖြစ်သည်ဟု အိန္ဒိယစစ်တပ်က ထုတ်ဖော် ပြောဆိုလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား ကက်ရှ်မီးယား ဒေသနှင့် ပတ်သက်၍ ဆက်ဆံရေး တင်းမာနေချိန်တွင် အိန္ဒိယ စစ်တပ်က နယ်စပ်ဒေသရှိ စစ်သွေးကြွ အုပ်စုများကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုမှာ ပါကစ္စတန်နိုင်ငံ နယ်နိမိတ်ထဲသို့ ရောက်ရှိသည်ဟု ဆိုသော်လည်း ပါကစ္စတန် အစိုးရက အိန္ဒိယ စစ်တပ်၏ ကြေညာချက် မှန်ကန်မှု မရှိဟု တုံ့ပြန်သည်။ အဆိုပါ ထိုးစစ်သည် မကြာသေးမီက ကက်ရှ်မီးယား ဒေသရှိ အိန္ဒိယစစ် အခြေစိုက် စခန်းကို စစ်သွေးကြွများ ဝင်ရောက် တိုက်ခိုက်မှုကြောင့် အိန္ဒိယစစ်သား ၁၈ ဦး ကျဆုံးသွားရခြင်းကို လက်တုံ့ပြန်သည့် သဘော ဖြစ်သည်။ အိန္ဒိယစစ်တပ်၏ စစ်ဆင်ရေးဌာန အကြီးအကဲ ရာဘီယာဆင်းက ယခုထိုးစစ်သည် ပါကစ္စတန်နှင့် နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်း ပွားနေသော ကက်ရှ်မီးယားနှင့် နယ်စပ်ဒေသ တစ်လျှောက်မှ အကြမ်းဖက် အုပ်စုများနှင့် စစ်သွေးကြွ ပစ်မှတ်များကို အလုံးစုံ ဖျက်ဆီးပစ်ရန် ဦးတည်ကြောင်း သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။ “အကြမ်းဖက် အုပ်စုတွေ အနေနဲ့ အဖျက်အမှောင့် လုပ်ရပ်တွေ ဘယ်လိုမှ ထပ်လုပ်လို့ မရအောင် ဦးတည်တိုက်ခိုက် နေတာပါ။ ကျွန်တော်တို့ တိုင်းပြည် (အိန္ဒိယ) အပေါ် အန္တရာယ် ထပ်မပေးနိုင်တဲ့အထိ သူတို့ကို ဖျက်ဆီး ချေမှုန်း ပစ်မှာပါ” ဟု ၎င်းက ဆိုသည်။ အဆိုပါ စစ်ဆင်ရေးနှင့် ပတ်သက်၍ ပါကစ္စတန်နိုင်ငံမှ စစ်ဘက် အရာရှိများကို အသိပေး အကြောင်း ကြားထားပြီး ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားသည်။ အိန္ဒိယစစ်တပ်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် နာရီပိုင်းအကြာတွင်ပင် ပါကစ္စတန် စစ်တပ်က “အကြမ်းဖက် အုပ်စုများကို နှိမ်နင်းရေးဟူသည့် ခေါင်းစဉ်ဖြင့် အကောင်အထည် ဖော်နေသော အိန္ဒိယ၏ စစ်ဆင်ရေးသည် မှားယွင်းသည့် အကျိုးဆက်များကိုသာ ရရှိစေမည်ဖြစ်သည်”ဟု ကြေညာချက် ထုတ်ပြန်သည်။ ထိုသို့ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးများ ဆင်နွှဲခြင်းကြောင့် ပါကစ္စတန် စစ်သား နှစ်ဦး ကျဆုံးကာ ကိုးဦး ဒဏ်ရာ ရရှိသွားသည်ဟု ပါကစ္စတန် စစ်တပ်က ဆိုသည်။ လက်ရှိအချိန်အထိလည်း အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်ဒေသတွင် နယ်စပ်ဖြတ်ကျော် ထိုးစစ်ကြီးများ ဆင်နွှဲလျက်ပင် ရှိသည်ဟု အိန္ဒိယပြည်တွင်း မီဒီယာများက ဖော်ပြသည်။
Source : https://goo.gl/Brornx
via IFTTT

No comments:

Post a Comment