Wednesday, September 28, 2016


နယ်သာလန်နိုင်ငံသားက ဘာသာရေး အဆောက်အအုံ ဖြစ်ကြောင်း မသိဟု ထွက်ဆို မန္တလေး၊ စက်တင်ဘာ ၂၈ ဓမ္မာရုံအတွင်း ဝင်ရောက်ကာ ပရိတ်ရွတ်နေသည်ကို နှောင့်ယှက်ခဲ့သည့် နယ်သာလန် နိုင်ငံသားက ဓမ္မာရုံကို ဘာသာရေး အဆောက်အအုံဖြစ်ကြောင်း သိရှိခြင်း မရှိဟု တရားခွင်တွင် ထွက်ဆိုခဲ့သည်။ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သူ နယ်သာလန်နိုင်ငံသား Mr.Klaas Haijtemaက ပရိတ် ရွတ်ဖတ်နေသည့် အသံကြောင့် အိပ်မရဘဲ ဖြစ်နေသည့်အတွက် တည်းခိုရာ အခန်းအတွင်းမှ အပြင် ထွက်ကြည့်ရာ ဆောင်းဘောက်များ အနီးမှ ကလေးငယ်များကို မြင်တွေ့ပြီး ဆော့ကစား ဆူညံနေကြခြင်း ဖြစ်သည်ဟု ထင်မှတ်ကာ ယင်းသို့ ပြုမူခဲ့ခြင်းသာ ဖြစ်ပြီး ယင်းအဆောက်အအုံသည် ဘာသာရေး အဆောက်အအုံ တစ်ခုဖြစ်မှန်း မသိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ရဲစခန်းတွင် အမှုဖွင့်လှစ် တိုင်ကြားခံရပြီး ယနေ့ (စက်တင်ဘာ ၂၈ ရက်) မွန်းလွဲပိုင်းက ပထမဆုံး တရားရင်ဆိုင်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ဒီနိုင်ငံကို လှည့်လည်သွားလာမယ့် နိုင်ငံခြားသားတွေ အနေနဲ့ နိုင်ငံတစ်ခုရဲ့ တည်ဆဲ ဥပဒေတွေနဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို လိုက်နာပါ့မယ် ဆိုတာကို ဗီဇာလျှောက်စဉ် ကတည်းက လက်မှတ်ထိုး သဘောတူပြီးသား ဖြစ်ပါတယ်”ဟု မဟာအောင်မြေမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးအရာရှိ ဦးသောင်းဒန်က ပြောသည်။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၂ လမ်းနှင့် ၈၃ လမ်းကြား၊ ၃၇ လမ်း နှင့် ၃၈ လမ်းကြားရှိ တမာကုန်း ရပ်ကွက်မှ သုစရိတ ဓမ္မာရုံတွင် ပရိတ် ရွတ်နေစဉ် ယင်းရပ်ကွက်နှင့် မျက်နှာချင်းဆိုင်တွင် ရှိသည့် Four Rivers Hostel ၌ တည်းခိုနေသည့် နိုင်ငံခြားသား တစ်ဦးက စက်တင်ဘာ ၂၃ ရက် ည ၁၀ နာရီခန့်တွင် ဓမ္မရုံအတွင်းသို့ ဝင်ရောက်ကာ အသံချဲ့စက် ကြိုးများ ဆွဲဖြတ်ခြင်း၊ ခလုတ်များကို ပိတ်ခြင်းတို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ Mr.Klaas Haijtema ကို လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ (လတ်တလော ပြဋ္ဌာန်းချက်များ) ပုဒ်မ ၄ (၂)၊ ၁၃ (၁) တို့အပြင် သာသနာတော် ညှိုးနွမ်းစေမှုဖြင့် ရာဇသတ်ကြီး ပုဒ်မ ၂၉၅ တို့ဖြင့် အမှုဖွင့်ထားကြောင်း မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ Mr.Klaas Haijtema ကို ယနေ့ ရုံးချိန်းတွင် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ (လတ်တလော ပြဋ္ဌာန်းချက်များ) ပုဒ်မ ၄(၂)/၁၃(၁) ကို စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၂၉ ရက်တွင် ထပ်မံစစ်ဆေးရန် တရားရုံးက ချိန်းဆိုသည်။
Source : https://goo.gl/R8lWUt
via IFTTT

No comments:

Post a Comment