ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၄) အား စီရင်ချက် (အမိန့်) ချမှတ် နေပြည်တော် စက်တင်ဘာ ၂၆ ၁။ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီ မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဉာဏ်လင်းဦးက ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ တအာင်း (ပလောင်) အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်နှင့် ယင်းမဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းသန်းစိန် (ခ) ဦးထွန်းအောင်တို့ ရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသောမဲများပါရှိခဲ့လျှင် လျှောက်ထား သူကသာ မဲအများဆုံးရရှိသူဖြစ်၍ မိမိအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကြေညာပေးပါရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထား မှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၄/၂၀၁၅)ဖြင့် ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်မှ လက်ခံခဲ့သည်။ ၂။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးစန်းရွှေ (ဥပဒေ ကျွမ်းကျင်သူ) နှင့် ဦးဝင်းမော် (ဥပဒေကျွမ်းကျင်သူ) တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၁)က ဆက်လက် ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂၆ရက်တွင် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အဖြစ် လျှောက်ထား ခံရသူ(၁) ဦးအေးမောင် “တအာင်း (ပလောင်) အမျိုးသား ပါတီ” အား ရွေးကောက် တင်မြှောက်ခြင်းသည် တရားဝင် အတည် ဖြစ်ကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဉာဏ်လင်းဦး (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ၏ ကန့်ကွက်လွှာကို စရိတ်နှင့် တကွပယ်ကြောင်းနှင့် ရှေ့နေစရိတ် ကျပ်သုံးသောင်း သတ်မှတ်သည့် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ၃။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ရွေးကောက်ပွဲ ခုံရုံးများမှ ဆုံးဖြတ်ချက်(အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုပေါင်းမှာ စက်တင်ဘာ ၂၆ ရက်နေ့အထိ (၃၃)မှု ရှိပြီး အပြီးသတ် အမိန့်ချ မှတ်ပြီး နိုင်ငံတော် ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ (၂၃)မှု ရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2dm9ndD
via IFTTT
No comments:
Post a Comment