Tuesday, September 27, 2016
အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအဖွဲ့ ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်တစ်ခုရရှိ ရန်ကုန်၊ စက်တင်ဘာ ၂၇ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ စက်တင်ဘာလ ၂၄ ရက်မှ အောက်တိုဘာ ၃ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၆)ကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်တစ်ခု ရရှိခဲ့သည်။ အဆိုပါ အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ၏ သုံးယောက်တွဲ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသားအသင်းက ရွှေတံဆိပ်၊ အမျိုးသမီးအသင်းက ငွေတံဆိပ်တို့ ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသားအသင်းသည် ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် အုပ်စုတွင်းပြိုင်ဘက် လာအိုအသင်းကို ထပ်မံအနိုင်ရရှိကာ ရွှေတံဆိပ် ရရှိခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးအသင်းမှာမူ အုပ်စုတွင်း ပြိုင်ဘက်ဖြစ်သည့် ဗီယက်နမ်အသင်းကို အနိုင်မယူနိုင်ဘဲ ဒုတိယဆု ငွေတံဆိပ်သာ ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာအမျိုးသားအသင်းသည် ပြိုင်ပွဲစဉ် တစ်လျှောက်တွင် ရှုံးပွဲလုံးဝမရှိခဲ့ဘဲ အုပ်စုပွဲစဉ်များတွင် အိမ်ရှင်ဗီ ယက်နမ်၊ တောင်ကိုရီးယား၊ လာအိုအသင်းတို့ကို အနိုင်ရရှိခဲ့သလို အကြိုဗိုလ်လုပွဲတွင်လည်း ဘရူနိုင်းအသင်းကို အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရသည့် အမျိုးသမီးအသင်းသည် အုပ်စုပွဲစဉ်များတွင် အိမ်ရှင်ဗီယက်နမ်ကို ရှုံးနိမ့်ခဲ့သော်လည်း တရုတ်အသင်းကို အနိုင်ရရှိကာ အကြိုဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီး အကြိုဗိုလ်လုပွဲတွင် လာအိုအသင်းကို အနိုင်ရရှိခဲ့သော်လည်း ဗိုလ်လုပွဲတွင်မူ ဗီယက်နမ်အသင်းကို ထပ်မံ အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။ လက်ရှိ ကျင်းပလျက်ရှိသည့် အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲ၏ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် လေးယောက်တွဲ အမျိုးအစားပွဲစဉ်များကို ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသား၊ အမျိုးသမီး အသင်းများ ဆက်လက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၂ဝ၁၆ အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ရှိ Bien Dong Park ၊ Phuong Trang Area၊ My Khe Beach၊ Son Thuy Beach တို့တွင် အားကစားနည်း ၂၂ မျိုးဖြင့် ကျင်းပနေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံက ပိုက်ကျော်ခြင်းနှင့် ဗိုဗီနမ်အားကစားနည်း နှစ်မျိုးသာ ယှဉ်ပြိုင်မည်ဖြစ်သည်။
Source : https://goo.gl/C0ar9i
via IFTTT
No comments:
Post a Comment