Saturday, September 24, 2016

MOI Webportal Myanmar

မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲထပ်မံကစား ရန်ကုန် စက်တင်ဘာ ၂၃ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေ သည့်အနေဖြင့် ဥရောပနိုင်ငံများတွင် သွားရောက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အသင်းသည် စက်တင်ဘာ ၂၂ ရက် မြန်မာစံတော်ချိန် ညပိုင်းက နယ်သာလန် ပထမတန်းကလပ် Roda JC ယူ-၂၃ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ပြည့်ဖြိုး အောင်(ဂိုး) ၊ဒေးဗစ်ဒန်း၊ ဖြိုးကိုကိုသိန်း၊ ဇော်မင်းထွန်း၊ နန္ဒကျော်၊ ဟိန်းသီဟဇော်၊ ရဲကိုဦး၊ ရန်အောင် ကျော်၊ မျိုးကိုထွန်း၊ သန်းပိုင်၊ ဝင်းနိုင်စိုးတို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည် တိုက်စစ်ကစားပုံ ကောင်းမွန်ခဲ့ပြီး ဂိုးသွင်းခွင့်များ ဖန်တီးနိုင်ခဲ့သော်လည်း ဝင်းနိုင်စိုး အဆုံးသတ် အားနည်းခဲ့သောကြောင့် ဂိုးမရခဲ့ပေ။ ဒုတိယပိုင်းတွင် မြန်မာအသင်း ခံစစ်ပိုင်းအမှား များခဲ့သောကြောင့် နှစ်ဂိုးပေးခဲ့ရသည်။ မြန်မာအသင်းသည် ဒုတိယပိုင်းတွင် ကျော်ဇင်လွင်၊ ကျော်ကိုကို၊ ဆောင်လမန်၊ မောင်မောင်လွင်နှင့် ရန်အောင်လင်း(ဂိုး)တို့ကို ထည့်သွင်းကစားခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ခြေစမ်းပွဲ သုံးပွဲ ကစားအပြီးတွင် နှစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ထားသည်။ မြန်မာ့လက်ရွေးစင် အသင်းသည် စက်တင်ဘာ ၂၆ ရက်တွင် ခြေစမ်းပွဲ ထပ်မံ ကစားရန် စီစဉ်ထားသည်။ ဖိုးသော်ဇင်
Source : http://ift.tt/2cA7Td5
via IFTTT

No comments:

Post a Comment