သမဝါယမပိုင်မြေကို ရယူထားသည့် ပြည်ခိုင်ဖြိုး မန္တလေးတိုင်းရုံး နေရာကို နိုင်ငံတော်ပိုင် ပြန်လည် သိမ်းယူရန် အစီအစဉ်ရှိ၊ မရှိ လွှတ်တော်တွင် မေးမြန်း သမဝါယမပိုင်မြေ ရယူထားသည့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မန္တလေးတိုင်း ဒေသကြီး တိုင်းရုံးမြေ နေရာနှင့် အဆောက်အအုံကို နိုင်ငံတော်ပိုင်မြေအဖြစ် ပြန်လည် သိမ်းယူရန် အစီအစဉ်ရှိ၊ မရှိ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက မန္တလေးတိုင်း ဒေသကြီး လွှတ်တော်တွင် မေးခွန်း မေးမြန်းခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီက မန္တလေး တိုင်းရုံးအဖြစ် အသုံးပြုနေသော မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ်၊ ၇၃ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ဧရိယာ တစ်ဧကခန့် ကျယ်ဝန်းသော မြေနေရာသည် ယခင်က သမဝါယမပိုင် မြေနေ ရာဖြစ်ခဲ့ပြီး ၂၀၀၂ တွင် ပြည်ခိုင်ဖြိုးအသင်း ပိုင် မြေနေရာ အဖြစ် လွှဲပြောင်း ရယူခဲ့ရာ၌ ငွေကြေးတစ်စုံတစ်ရာ ပေးသွင်းခဲ့ ခြင်းမရှိဘဲ ရယူထားခြင်းဖြစ်ရာ နိုင်ငံတော်ပိုင်မြေ ဖြစ်၍ နိုင်ငံတော်က ပြန်လည် သိမ်းယူရန် အစီအစဉ်ရှိ၊ မရှိ ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင် ရွှေက စက်တင်ဘာ ၂၀ရက်တွင် ကျင်းပခဲ့သည့် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ပထမနေ့၌ မေးခွန်း မေးမြန်းခဲ့သည်။ ကာလပေါက်စျေးအရ ကျပ်သိန်းပေါင်း သိန်းချီ တန်ဖိုးရှိပြီး အကျယ်အဝန်း တစ်ဧကခန့်ရှိ သည့် ပြည်ခိုင်ဖြိုးပါတီ မန္တလေးရုံး နေရာကို ၂၀၀၂ ခုနှစ်တွင် ပြည် ခိုင်ဖြိုးအသင်း အမည်ပေါက် အဖြစ် လွှဲပြောင်းရယူခဲ့ကြောင်း၊ အဆိုပါမြေနှင့် အဆောက်အအုံ များ၏ မူလပိုင်ရှင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ လက်ကား သမဝါယမ အသင်း အဖွဲ့ချုပ်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ကိုယ်စားလှယ် ဦးအောင်ရွှေက ပြောသည်။ ပြည်ခိုင်ဖြိုးအသင်းပိုင်မြေ အဖြစ် စတင် လွှဲပြောင်းယူစဉ်က ကျပ်သိန်း ငါးထောင်ခန့် တန်ကြေး ရှိခဲ့သော်လည်း တစ်စုံတစ်ရာ ငွေပေးသွင်းခြင်း၊ မူလပိုင်ရှင် ဖြစ်သည့် သမဝါယမအသင်းအား မြေနေရာအစားထိုး ပေးအပ်ခြင်းမရှိခဲ့ဘဲ အမည်ပြောင်းကာ လွှဲပြောင်း ရယူသွားခဲ့သည်ဟု ဦးအောင်ရွှေက လွှတ်တော်တွင် ပြောသည်။ ‘‘မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော် ပိုင်ဖြစ်တဲ့ အစိုးရပိုင်ပစ္စည်းကို နိုင်ငံတော်ပိုင်အဖြစ် ပြန်လည် သိမ်းယူရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းအပ်ပါတယ်’’ ဟု ၎င်းက မန္တလေးတိုင်း ဒေသကြီး လွှတ်တော်တွင် မေးမြန်းခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ၏ မန္တလေး တိုင်းရုံးအဖြစ် အသုံးပြုနေသော မြေနေရာသည် မန္တလေးမြို့ ချမ်း အေးသာစံမြို့နယ် ၇၃ လမ်းနှင့် ၂၈ လမ်းကြား ပတ်ကုန်းဝန်းကျင် ရပ်ကွက် အကွက်အမှတ် ၇၃၂၊ ဦးပိုင်အမှတ် ၅(ဃ)၊ ဧရိယာ ၀.၀၂၁၃ ဧကနှင့် ဦးပိုင်အမှတ် ၈(ဇ)၊ ဧရိယာ ၀.၉၁၁၉၈ စုစု ပေါင်း ၀.၉၄၁၁ ဧက (တစ်ဧက နီးပါးဖြစ်ကြောင်း)၊ အဆိုပါမြေ ကွက်သည် ဘိုးဘပိုင်မြေအမျိုး အစား မြေကွက်ဖြစ်ပြီး မန္တလေး တိုင်းသမဝါယမ ဦးစီးဌာနက အသုံးပြုခဲ့ကာ ဘိုးဘအမှုတွဲ အမှတ် ၀၃၆/ဘ-၆/၂၀၀၂- ၂၀၀၃ ဖြင့် မန္တလေးတိုင်းဒေသ ကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အမည်ပေါက် သို့ ပြောင်းလဲခဲ့ကြောင်း မြေရာဇာ မှတ်ပုံတင်မှတ်တမ်း အမှုတွဲများ အရ သိရှိရပါသည်ဟု မန္တလေးတိုင်း ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ပြောသည်။ မြေအမှုတွဲ မှတ်တမ်းများ အရ သမဝါယမ ဝန်ကြီးဌာနပိုင် မြေကွက်ဖြစ်ခဲ့သော်လည်း ၂၀၀၂ဇွန်လအတွင်း သမဝါယမဝန်ကြီးဌာနက ပြည်ခိုင်ဖြိုးအသင်းပိုင် မြေအဖြစ် လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးရဲလွင်က ပြောသည်။ ပြည်ခိုင်ဖြိုးအသင်း မြေကွက်ကို လွှဲပြောင်းရယူစဉ် အချိန်က မူလ ပိုင်ရှင်ဖြစ်သည့် သမဝါယမ အသင်းအား မန္တလေးစက်မှုဇုန်တွင် မြေကွက် အစားထိုး ပြန်ပေးရန် ပြည်ခိုင်ဖြိုးအသင်း အတွင်းရေးမှူးက အကြောင်းကြားခဲ့သည်ကို တွေ့ရှိရသော်လည်း အသင်းအနေဖြင့် သမဝါယမ အသင်းထံ မြေကွက်အစားထိုး ပေးအပ်ခြင်း မရှိခဲ့ဟု ဦးရဲလွင်က ပြောသည်။ သို့သော် မန္တလေးတိုင်း သမဝါယမ ဦးစီးဌာန အနေဖြင့် မြေကွက်ကို ပြည်ခိုင်ဖြိုးအသင်းသို့ လွှဲပြောင်းပေးရန် သဘောတူ လက်ခံခဲ့သည့်အတွက် စည်ပင်သာယာအနေဖြင့် လုပ်ထုံးလုပ်နည်းများ အတိုင်း မြေကွက်အား ပြည်ခိုင်ဖြိုးအသင်းထံ အမည်လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်သည်ဟု ဦးရဲလွင်က ပြောသည်။ ‘‘လက်ရှိ အမည်ပေါက် ပိုင်ဆိုင် အသုံးပြုလျက် ရှိသည့်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဆောင်ရွက်ပေး၍ မရပါကြောင်း ’’ဟု မြို့တော်ဝန် ဦးရဲလွင်က ပြော သည်။အမည်ပေါက်လွှဲပြောင်းရ ယူထားပြီး ဖြစ်သကဲ့သို့ လက်ရောက်ရယူကာ အသုံးပြုနေပြီဖြစ်၍ တိုင်းအစိုးရအနေဖြင့် မည်သို့မျှ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း စည်ပင်သာယာရေး ဝန်ကြီးဦးရဲလွင်က မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား လွှတ်တော်တွင် ပြန်လည်ဖြေကြားသည်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး ရှိပြီး ဒီချုပ်ပါတီကိုယ်စားလှယ် ၄၇ ဦး၊ ပြည်ခိုင်ဖြိုးပါတီ ကိုယ် စားလှယ်ရှစ်ဦးနှင့် ဒီမိုကရက်တစ် ပါတီ (မြန်မာ)မှ ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ တိုင်းရုံးအဖြစ် အသုံးပြုနေ သော မြေနှင့် အဆောက်အအုံများ အား နိုင်ငံတော်ပိုင်အဖြစ် ပြန်လည်သိမ်းယူရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည့် ဦးအောင်ရွှေ သည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ တစ်ဦးတည်းသော လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။
Source : http://ift.tt/2d5GZcr
via IFTTT
No comments:
Post a Comment