ပြည်တွင်းသုံးအတွက် ရေအားနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ တစ်ရက်လျှင် ပျမ်းမျှကီလိုဝပ်နာရီ သန်းပေါင်းငါးသောင်းကျော် ထုတ်လုပ်သုံးစွဲလျက် ရှိပြီး လာမည့်နွေရာသီတွင် ပိုမိုထုတ်လုပ်မည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှုအတွက် ရေအားလျှပ်စစ် စီမံကိန်းများနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ကီလိုဝပ်နာရီ သန်းပေါင်း ငါးသောင်းကျော် ထုတ်လုပ် သုံးစွဲလျက် ရှိပြီး လာမည့် နွေရာသီကာလများတွင် လက်ရှိထက် ပိုမိုထုတ်လုပ်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးစန်းယုက ပြောကြားသည်။ “လက်ရှိမှာ တစ်ရက်ကို ပျမ်းမျှအားဖြင့် ကီလိုဝပ်နာရီ သန်းပေါင်းငါးသောင်းကျော် ထုတ်လုပ်နေပါတယ်။ ရေအားကနေ ကီလိုဝပ်နာရီသန်းပေါင်း သုံးသောင်းကျော်နဲ့ သဘာဝဓာတ်ငွေ့ကတော့ နှစ်သောင်းကျော် ထုတ်လုပ်နေပါတယ်။ အဲဒီအထဲမှာ ကျောက်မီးသွေးကနေ လုံးဝထုတ်လုပ်နေတာ မရှိပါဘူး” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးစန်းယုက ပြောကြားသည်။ လက်ရှိကာလတွင် ပြည်တွင်းသုံးအတွက် ရေအားလျှပ်စစ်စီမံကိန်း ၂၆ ခုနှင့် နေရာ ၁၄ ခုမှ ထုတ်လုပ်နေသည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ထုတ်ယူ သုံးစွဲနေခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အဖြစ် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်နေပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၄၅၃၁ မဂ္ဂါဝပ်အထိ လိုအပ်ချက်ရှိလာမည် ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ တည်ဆောက်ပြီး ရေအား၊ သဘာဝဓာတ်ငွေ့၊ ဒီဇယ်နှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများတွင် စုစုပေါင်း စက်တပ်ဆင်အား ၅၂၃၅ မဂ္ဂါဝပ်ရှိပြီး နိုင်ငံတော် ဓာတ်အားစနစ်မှ ထုတ်လုပ်ဖြန့်ဖြူးမှုမှာ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းအထိ ၂၅၀၀ မဂ္ဂါဝပ် အထိ ရှိနေသည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နှစ်စဉ် မြင့်တက်နေသော မြန်မာနိုင်ငံ၌ အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၇၈ သန်းအနက် လျှပ်စစ်ဓာတ်အား မရရှိသေးသည့် အိမ်ထောင်စု ၆၆ ရာခိုင်နှုန်း (အိမ်ထောင်စုပေါင်း ၇ ဒသမ ၁၇၈ သန်း) ရှိနေပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးရေး စီမံချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အား ၄၅၃၁ မဂ္ဂါဝပ်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ၈၁၂၁ မဂ္ဂါဝပ်၊ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် ၁၄၅၄၂ မဂ္ဂါဝပ်အထိ လိုအပ်ဦးမည် ဖြစ်ကာ လာမည့် ၂၀၁၇ ခုနှစ် နွေရာသီတွင်လည်း လျှပ်စစ်ဓာတ်အား လိုအပ်မှု မဂ္ဂါဝပ် ၃၀၀ ဖြစ်ပေါ်ဦးမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်တွင် လူဦးရေ သုံးပုံနှစ်ပုံနှင့် ကျေးလက်အိမ်ထောင်စု ၈၄ ရာခိုင်နှုန်းသည် နိုင်ငံတော်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်မှုမရှိချေ။ အစိုးရ၏ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး အစီအစဉ်သည် ၂၀၃၀ ပြည့်နှစ်တွင် အိမ်ထောင်စုပေါင်း ၇ ဒသမ၂ သန်းကို မီးပေးရန်နှင့် လူတိုင်းလျှပ်စစ်မီး အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
Source : http://ift.tt/2cMISvt
via IFTTT
No comments:
Post a Comment