Monday, September 26, 2016

ကြိုးဆွဲချသေဆုံးမှုကို ပြန်လည်သရုပ်ပြသူ သေဆုံး

မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် သုခိတာလမ်းသွယ် (၂) ၌ စက်တင်ဘာ ၂၅ ရက်က လမ်းဘေးသစ်ပင်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးနေသည်ကို သွားရောက်ကြည့်ရှုခဲ့သည့် အသက် ၆၀ အရွယ် အမျိုးသားက နေအိမ်ရှိဇနီးနှင့် သမီးဖြစ်သူကို ပြန်လည်သရုပ်ပြစဉ် ၎င်းပါ သေဆုံးခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ကြိုးဆွဲချ သေဆုံးမှုကို သရုပ်ပြရာမှ သေဆုံးသူ ဦးလှအောင်မှာ တစ်လမ်းထဲနေသူ အသက် ၂၅ နှစ်အရွယ် ကိုမျိုးဇော်ဦး လမ်းဘေးရှိ ဗန်ဒါပင်တွင် ကြိုးဆွဲချ သေဆုံးနေသည်ကို သွားရောက် ကြည့်ရှု၍ နေအိမ်ပြန်လာပြီး ဇနီးနှင့် သမီးဖြစ်သူကို ကြိုးဆွဲချ သေဆုံးနေပုံ လုပ်ပြမည်ဟု ပြောဆိုကာ အပေါ်ထပ်မှ အောက်ထပ်သို့ ဆင်းသွားခဲ့ကြောင်း၊ ယင်းနောက် ၎င်း၏အသံ မကြားရသောကြောင့် ဇနီးကအောက်ထပ် ဆင်းကြည့်စဉ် နေအိမ်ရှိ စတီးလှေကား လက်ရမ်းတွင် ပုဆိုးကို ကွင်းပုံသဏ္ဍန်ပြုလုပ်၍ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ “သေဆုံးသူက အစအနောက်သန်သူလို့ မိသားစုထံက သိရတယ်။ လမ်းထဲက ကောင်လေးကြိုးဆွဲချ သေဆုံးတာသွားကြည့်ပြီး အိမ်ကမိသားစုကို ကြိုးဆွဲချသေဆုံးပုံလုပ်ပြရာက သူပါ သေဆုံးခဲ့တာ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ ကြိုးဆွဲချသေဆုံးခဲ့သည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများကို အင်းစိန်ဆေးရုံသို့ ပို့အပ်ပြီး မင်္ဂလာဒုံမြို့မရဲစခန်းက သေမှုသေခင်း ဖွင့်လှစ် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
Source : https://goo.gl/e5NOVz
via IFTTT

No comments:

Post a Comment