Friday, September 23, 2016


၉/၁၁ တိုက်ခိုက်မှု ခံစားခဲ့ရသည့် မိသားစုများက ဆော်ဒီနိုင်ငံကို တရားစွဲမည့် ဥပဒေအား အိုဘားမားက ဗီတိုအာဏာဖြင့် ပယ်ချမည် ၉/၁၁ တိုက်ခိုက်ခံခဲ့ရမှု ကြုံတွေ့ခဲ့ရသည့် မိသားစု၀င်များအား ဆော်ဒီကို တရားစွဲဆိုခွင့် ပြုသည့် ယင်းဥပဒေကြမ်းကို ကွန်ဂရက်က တညီတညွတ်တည်း အတည်ပြုထားသည်။ ယင်းဥပဒေကြမ်းသည် ဆိုးကျိုးဖြစ်စေနိုင်ဟု ယုံကြည်သဖြင့် သမ္မတက ဗီတိုဖြင့် ပယ်ချမည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဂျို့စ်အာနက်စ်က စက်တင်ဘာ ၂၂ ရက်တွင် အတည်ပြုခဲ့သည်။ ယင်းဥပဒေကြမ်းသည် အချုပ်အခြာအာဏာပိုင် နိုင်ငံများ တရားစွဲဆိုခံရမှုမှ ကင်းလွတ်ခွင့်ရရှိထားမှုကို အားလျော့စေနိုင်ပြီး အမေရိကန် တာ၀န်ရှိသူများနှင့် ၀န်ထမ်းများကိုလည်း အမှုသည်များအဖြစ် အကာအကွယ်မဲ့စေသည့် အလားအလာများ ရှိနိုင်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် - - - -> http://ift.tt/2d2Z9tu
Source : http://ift.tt/2d2Z9tu
via IFTTT

No comments:

Post a Comment