Wednesday, September 28, 2016


ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်လာပြီဟု ဒေါက်တာတင်မျိုးဝင်း ပြောကြား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန်နေပြီဟု မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြောသည်။ ‘‘အခုတော့ အများကြီး သက်သာပါပြီ’’ ဟု ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက စက်တင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီက 7Day Daily သတင်းစာအား ပြောကြား သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နှင့် အမေရိကန်နိုင်ငံ များသို့ ၁၆ ရက်ကြာ ခရီးသွား ရောက်ခဲ့ပြီး ယခုလ ၂၅ ရက် ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာရာ ခရီးပန်းသည့်ဒဏ် ခံစားနေရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက် အရ ကျန်းမာရေး အခြေအနေ စိုးရိမ်စရာ မရှိကြောင်း၊ အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်း အစီအစဉ် များပြားလွန်းပြီး နားချိန် နည်းပါးသဖြင့် ပင်ပန်းနွမ်းနယ် ခြင်း၊ ခရီးစဉ်အတွင်း စားချိန် သောက်ချိန်မမှန်သဖြင့် အစာအိမ် ရောင်ရမ်းခြင်း၊ ကွန်ပျူတာ အကြည့်များသဖြင့် အရိုးကျီး ပေါင်းတက်ခြင်းတို့ကို ကျွမ်းကျင် ဆရာဝန်ကြီး များဖြင့် စစ်ဆေးရာမှ တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် အနားယူနေကာ ကျန်းမာရေးအခြေအနေ သက်သာလာပြီ ဖြစ်သော်လည်း ရက်အနည်းငယ်ကြာ အနားယူရဦးမည် 7Day Daily သတင်းစာအား ပြောထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင် မျိုးဝင်းက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအတွက် သမားတော်ကြီးများကလည်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်ဟုဆိုသည်။ အမေရိကန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကြီးအကဲများနှင့် ယခုလ ၂၂ ရက်က တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ခရီးပန်း၍ ဆရာဝန်၏ အနားယူရန် အကြံ ပေးချက်အရ စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ပြုလုပ်သည့် အစည်းအဝေးများသို့ တက်ရောက်ခဲ့ခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်သည် အသက် (၇၁)နှစ် အရွယ်ရှိပြီ ဖြစ်ကာ မြန်မာ့ ဒီမိုကရေစီအရေး အတွက် နှစ်ပေါင်းများစွာ ဦးဆောင်ရုန်းကန် လှုပ်ရှားခဲ့သူတစ်ဦး ဖြစ်ပြီး လက်ရှိတွင် ၎င်းဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရပါတီအဖြစ် ရပ်တည်နေပြီဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးနှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီးတာဝန်များ ကိုပါ ထမ်းဆောင်နေသည်။
Source : http://ift.tt/2cAjJRn
via IFTTT

No comments:

Post a Comment