မလေးရှားလေကြောင်း ခရီးသည်တင်လေယာဉ် ပစ်ချခံရမှုတွင် ရုရှားလုပ်ဒုံးကျည် အသုံးပြုခဲ့ဟုဆို ကွာလာလမ်ပူ စက်တင်ဘာ ၂၈ ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ပစ်ချခံခဲ့ရသော မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်သည် အစိုးရတပ်ဖွဲ့များကို တိုက်ခိုက်နေသော သူပုန်များက ထိန်းချုပ်ထားသည့် ကျေးရွာမှနေ၍ ပစ်ခတ်ခဲ့သော ဘတ် အမျိုးအစား ဒုံးကျည်ထိမှန်ခံခဲ့ရကြောင်း၊ ယင်း ဒုံးကျည်မှာ ရုရှားလုပ်ဒုံးကျည်ဖြစ်ကြောင်း နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးမှူးများက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။ ၂ဝ၁၄ ခုနှစ် ဇူလိုင်လက နယ်သာလန်နိုင်ငံ ဒမ်စတာအမ်မြို့မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ပျံသန်းသော ခရီးစဉ်အမှတ် အမ်အိပ်ခ်ျ-၁၇လေယာဉ်ကို ယူကရိန်းတပ်ဖွဲ့က ပစ်ချခဲ့ဖွယ်ရှိသည်ဟု ရုရှားနိုင်ငံက အစောပိုင်းတွင် ပြောကြားခဲ့ရာ စုံစမ်းစစ်ဆေးတွေ့ရှိချက်နှင့် ကွဲလွဲနေကြောင်း သတင်းတွင်ဖော်ပြသည်။ အဆိုပါခရီး သည်တင်လေယာဉ် ပစ်ချခံ ရမှုကြောင့် လေယာဉ်ပေါ်လိုက် ပါလာသူများအားလုံးသေ ဆုံးခဲ့ရပြီး သေဆုံးသူအများစုမှာ ဒတ်ခ်ျလူမျိုးများ ဖြစ်သည်။ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့သည် စွပ်စွဲမှုများ ပြုလုပ်မည် မဟုတ်သော်လည်း လေယာဉ်ပစ်ချခံရမှု ဖြစ်ရပ်နှင့် ပတ်သက်၍ အတိအကျသိရှိရခြင်းဖြင့် လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရသူများ၏ ဆွေမျိုးသားချင်းများ အနေဖြင့် တရားစွဲဆိုမှု ပြုလုပ်လာကြဖွယ်ရှိသည်။ မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်ပစ်ချခံရမှုဖြစ်ရပ်ကို အကြောင်းပြု၍ အရှေ့တိုင်းနှင့် အနောက်တိုင်းနိုင်ငံများအကြား တင်းမာမှုများဖြစ်ပေါ်ခဲ့ရသည်။ ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ပစ်ချခံခဲ့ရသော ခရီးသည်တင်လေယာဉ်သည် ဘတ်အမျိုးအစား ဒုံးကျည် ထိမှန်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ သူပုန်တို့ ထိန်းချုပ် ထားသော ပါဗိုမေယက်ကျေးရွာမှနေ၍ ဒုံးကျည်ကို ပစ်ခတ်ခဲ့ကြောင်း၊ နယ်သာ လန်၊ ဩစတြေးလျ၊ ဘယ်ဂျီယံ၊ မလေးရှားနှင့် ယူကရိန်းနိုင်ငံတို့မှ အစိုးရရှေ့နေများ က ပြောကြားကြသည်။ ရိုက်တာ။
Source : http://ift.tt/2dEMqBB
via IFTTT
No comments:
Post a Comment