Wednesday, September 28, 2016


တောင်ကြီးတန်ဆောင်တိုင်တွင် ပြိုင်ပွဲဝင်မည့် မီးပုံးပျံစာရင်း စတင်ကောက်ခံမည် တောင်ကြီးတန် ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်မီးပုံးပျံ အဖွဲ့ဝင်စာရင်း စတင် ကောက်ခံမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များ အသင်းမှ သတင်းရရှိသည်။ ပြိုင်ပွဲဝင်မည့်သူများသည် အောက်တိုဘာ ၄ ရက်မှ ၂၀ ရက် အထိ ကန်ရှေ့ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးသို့ လာရောက်စာရင်း ပေးသွင်းနိုင်ကြောင်း ရှမ်းပြည်နယ် မီးပုံးပျံ ပညာရှင်များအသင်းက သတင်းထုတ်ပြန်ထားသည်။ ပြိုင်ပွဲဝင် မီးပုံးပျံအမျိုးအ စားများဖြစ်သည့် ညမီးကြီး၊ စိန် နားပန်၊ အရုပ်ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ အရုပ်အုပ်စုအဖွဲ့များအား အောက်တိုဘာ ၂၃ ရက်တွင် ယှဉ်ပြိုင်ရမည့် နေ့ရက်ကို ကန်ရှေ့အုပ်ချုပ်ရေးမှူးရုံး၌ မဲနှိုက်ပေးမည်ဟု ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘အခုက မီးပုံးပျံ ကိုယ်ထည်ပိုင်းတွေ စလုပ်နေပါတယ်။ ဒီဇိုင်းရေးတာတွေ၊ ဆေးပန်းချီဆွဲတာတွေ လုပ်နေတယ်။ ယမ်းပိုင်းက တော့ နောက်လထဲလောက် စတင် လုပ်ဆောင်တော့မယ်’’ဟု ညမီးကြီး မီးပုံးပျံ ပြိုင်ပွဲဝင်ရောက်ယှဉ် ပြိုင်မည့် ရွှေတောင်ရိုး မီးပုံးပျံအဖွဲ့မှ ဦးခင်မောင်ဝင်းက ပြောသည်။ တောင်ကြီးမြို့ တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင် ဘာ ၆ ရက်မှ ၁၄ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ကော်မတီက သတင်းထုတ်ပြန်ထား သည်။ ယခုနှစ်ကျင်းပမည့် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သည် ရှမ်းပြည်နယ် အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ် တာဝန်ယူကျင်းပမည့် ပွဲတော်လည်း ဖြစ်သည်။
Source : http://ift.tt/2cAwMlN
via IFTTT

No comments:

Post a Comment