Thursday, September 22, 2016


မန္တလေးတွင် ဆောက်လုပ်မည့် ဝန်ထမ်း အိမ်ရာများ၌ ရပ်ဝေးမှ ပညာရေး ဝန်ထမ်းများကို ဦးစားပေးမည် မန္တလေး၊ စက်တင်ဘာ ၂၁ မန္တလေးမြို့တော်အတွင်း အိုးအိမ် ဦးစီးဌာနက ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်မည်ဖြစ်ရာ ရပ်ဝေးဒေသများမှ တာဝန် ထမ်းဆောင်ရန် ရောက်လာသည့် ပညာရေး ဝန်ထမ်းများကို ဦးစားပေး ချထားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။ ဒုတိယအကြိမ်မြောက် မန္တလေး တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်းအဝေးကို စက်တင်ဘာလ ၂၁ ရက်နေ့က ဆက်လက် ကျင်းပခဲ့ရာ ချမ်းမြသာစည်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်၏ မေးခွန်းကို ဝန်ကြီးချုပ်က ဖြေကြားလိုက်ခြင်းဖြစ်သည်။ “ဆရာ၊ ဆရာမများ နေထိုင်ရေး၊ ကျောင်းသား ကျောင်းသူများ သောက်သုံးရေ ရရှိရေးနဲ့ ပတ်သက်လို့ အခုလို မေးတာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ဝန်ထမ်းအိမ်ရာတွေအတွက် အလေး ထားပါတယ်။ အိုးအိမ် ဦးစီးဌာနက ဝန်ထမ်းအိမ်ရာတွေ ဆောက်တဲ့အခါ အိမ်ခြေ မရှိတဲ့ ပညာရေး ဝန်ထမ်းတွေကို ဦးစားပေးဖို အစီအစဉ် ရှိပါတယ်။ ပညာရေး ဝန်ထမ်းတွေ အနေနဲ့ လျှောက်ထားဖို့တော့ လိုပါတယ်”ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံ ဒေသအနှံ့မှ ဝန်ထမ်းများ မန္တလေးမြို့တွင် တာဝန် ထမ်းဆောင်ရာ၌ ပညာရေး ဝန်ထမ်းများ အနေနှင့် အခြားဝန်ထမ်းများထက် နေမှုထိုင်မှုကိစ္စအတွက် ပိုမိုခက်ခဲကြောင်း ချမ်းမြသာစည်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောကြားသည်။ ဆရာ၊ ဆရာမများ နားနေသည့် အဆောင်များကို သက်ဆိုင်ရာ ကျောင်းများ၌ သီးသန့် ဆောက်လုပ်ပေးမည့်အစား မြေဧရိယာ ကျယ်ဝန်းသည့် ကျောင်းများတွင် အဆောက်အအုံ ဆောက်လုပ်ခွင့်၊ နေထိုင်ခွင့် ချထားပေးနိုင်ခြင်း ရှိ မရှိနှင့် စာသင်ကျောင်းများတွင် ကျောင်းသား ကျောင်းသူများအတွက် သောက်ရေသန့်များ ထားရှိပေးနိုင်ရန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ်မြောက် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေးကို စက်တင်ဘာလ ၂၁ ရက်နေ့က လွှတ်တော်ခန်းမတွင် ကျင်းပခဲ့ရာ တက်ရောက်ခွင့် ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၇၆ ဦးအနက် ၇၂ ဦး တက်ရောက် ခဲ့သည်။
Source : https://goo.gl/mg3Iqp
via IFTTT

No comments:

Post a Comment