သဘာဝဘေးကြောင့် သီးနှံများ ပျက်စီးခဲ့သော တောင်သူများအား ထောက်ပံ့ငွေပေးအပ် ကန့်ဘလူ စက်တင်ဘာ ၂၉ ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာများမှ သဘာဝဘေး ဒဏ်ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးသွားခဲ့သော တောင်သူများအား ထောက်ပံ့ငွေများကို စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက အဖွဲ့နှစ်ဖွဲ့ခွဲ၍ စက်တင်ဘာ ၂၇ ရက်က ကျေးရွာများအရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ခေါ်သန္တီကျေးရွာအုပ်စုမှ တောင်သူ ၄၉ ဦး၏ နွေနှမ်း နှစ်ဧကနှင့် မိုးကြိုပဲတီစိမ်း ၁၂၈ ဧက အတွက် ထောက်ပံ့ငွေ ကျပ် ၃၆၁၄ဝဝဝ နှင့် ရွက်ကြမ်းကျေးရွာအုပ်စုမှ တောင်သူ ၉၁ ဦး၏ မိုးကြိုပဲတီစိမ်း ၁၃၁ ဧက အတွက် ထောက်ပံ့ငွေ ကျပ် ၃၆၆၈ဝဝဝ ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ်၊ စက်မှုလယ်ယာ ဦးစီးအရာရှိ ဦးဘိုအေး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးအရာရှိ ဦးတည်အေးငြိမ်း၊ သမဦးစီးအရာရှိ ဒေါ်ထွေးညွန့်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြလင်းဌေးတို့ ပါဝင်သည့်အဖွဲ့က ပေးအပ်ခဲ့သည်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်သူဟန်ထွန်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်၊ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမြင့်မောင်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးအရာရှိ ဦးခင်မောင်မြင့်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများ ပါဝင်သည့်အဖွဲ့က သောက္ကန်ကျေးရွာ အုပ်စုမှ တောင်သူ ၁၂၉ ဦး၏ နွေနှမ်း ၂၂ ဧကနှင့် မိုးကြိုပဲတီစိမ်း ၄၁၁ ဧကတို့အတွက် ထောက်ပံ့ငွေ ကျပ် ၁၁၈၃၈ဝဝဝ ကိုလည်းကောင်း၊ ရသားကျေးရွာ အုပ်စုမှ တောင်သူ ရှစ်ဦး၏ နွေနှမ်းသုံးဧကနှင့် မိုးကြိုပဲတီစိမ်း ၂၈ ဧက အ တွက် ထောက်ပံ့ငွေ ကျပ် ၈၂၉ဝဝဝ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါကျေးရွာများတွင် ယခုနှစ် ဧပြီနှင့် မေလအ တွင်းက ဧရာဝတီမြစ် ရေကြီးရေလျှံခြင်း၊ လေပြင်းကျခြင်း၊ မိုးသီးကြွေခြင်းတို့ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ သီးသန့်ရန်ပုံငွေမှ နွေနှမ်း တစ်ဧကလျှင် ကျပ် ၁၅ဝဝဝ နှုန်းဖြင့်လည်းကောင်း၊ မိုးကြိုပဲတီစိမ်း တစ်ဧကလျှင် ကျပ် ၂၈ဝဝဝ နှုန်းဖြင့် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တောင်သူပေါင်း ၂၇၇ ဦး၏ နွေနှမ်း ၂၇ ဧကနှင့် မိုးကြို ပဲတီစိမ်း ၆၉၈ ဧကအတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ် ၁၉၉၄၉ဝဝဝ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။ အောင်ဝင်းငြိမ်း(ကန့်ဘလူ)
Source : http://ift.tt/2doYQwJ
via IFTTT
No comments:
Post a Comment