ဗင်နီဇွဲလားသမ္မတနှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံ ကရာကတ် စက်တင်ဘာ ၂၇ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မက်ဒူရိုနှင့် တနင်္လာနေ့က ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြသည်။ ယခုကဲ့သို့ တွေ့ဆုံမှုမှာ ဂျွန်ကယ်ရီ နိုင်ငံခြားရေးဝန်ကြီး အဖြစ် စတင် တာဝန်ထမ်းဆောင်ချိန်မှစ၍ ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်းပင် ဖြစ်သည်။ မစ္စတာကယ်ရီသည် ကိုလံဘီယာမြို့တော်၌ ပြုလုပ်သည့် ပြည်တွင်းစစ် ရပ်စဲရေး ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်မှုအပြီးတွင် ဗင်နီဇွဲလားသမ္မတနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိိုသို့ တွေ့ဆုံစဉ် မစ္စတာကယ်ရီက ဗင်နီဇွဲလားနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးနှင့် နိုင်ငံရေးစိန်ခေါ်မှုများကို စိုးရိမ်မိကြောင်း၊ ထို့ကြောင့် သမ္မတမက်ဒူရိုအနေဖြင့် အတိုက်အခံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး သင့်ကြောင်း တိုက်တွန်းခဲ့သည်။ မစ္စတာကယ်ရီနှင့် သမ္မတမက်ဒူရိုတို့သည် နှစ်နိုင်ငံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန် သဘောတူခဲ့သည်။ ဗင်နီဇွဲလားအစိုးရသည် ငွေကြေးဖောင်းပွမှု များ၊ အခြေခံစားသောက်ကုန်ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။ အတိုက်အခံအုပ်စုဘက်မှ အောက်တိုဘာ ၁၂ ရက်တွင် လူထုဆန္ဒခံယူပွဲ ကျင်းပနိုင်ရေးတောင်းဆိုထားသည်။ (ရိုက်တာ)
Source : http://ift.tt/2dybTJL
via IFTTT
No comments:
Post a Comment