Wednesday, September 28, 2016

ပဏာမ လက်ရွေးစင်အသင်း ကစားသမား နှစ်ဦး လျှော့ချ

ဂျာမနီနိုင်ငံ၌ ရောက်ရှိနေသည့် မြန်မာ့လက်ရွေးစင် အသင်းသည် ဥရောပ ကလပ်အသင်းများနှင့် ခြေစမ်းပွဲ လေးပွဲ ကစားပြီးနောက် လက်ရှိ လူစာရင်း ၂၅ဦးမှ နှစ်ဦးကို လျှော့ချကာ ပဏာမ ကစားသမား ၂၃ ဦးဖြင့် ဆက်လက် လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်း ထုတ်ပြန်သည်။ ပဏာမ လူစာရင်းမှ ချန်လှပ်ခဲ့ရသည့် ကစားသမား နှစ်ဦးမှာ ရှေ့တန်းမှ ကျော်ကိုကိုနှင့် ကွင်းလယ်မှ သီဟဇော်တို့ ဖြစ်ကြပြီး ယနေ့ (စက်တင်ဘာ ၂၈ ရက်) တွင် Emirates လေကြောင်းလိုင်း လေယာဉ်အမှတ် EK 56 ဖြင့် ဂျာမနီမှ ဒူဘိုင်း (ယူအေအီး)၊ ယင်းမှ လေယာဉ်အမှတ် Emirates - EK 388 ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာကြမည်ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာ့ လက်ရွေးစင် အသင်းနည်းပြ အဖွဲ့အနေဖြင့် အဆိုပါ ကစားသမား နှစ်ဦးကို ဆိုက်ပရပ်စ် လေ့ကျင့်ရေး ခရီးစဉ်သို့ လိုက်လိုက လိုက်ပါ နေထိုင်ပြီးမှသာ အတူတကွ ရန်ကုန်သို့ ပြန်ရန် (သို့မဟုတ်) ဆိုက်ပရပ်စ်ထိ မလိုက်တော့ဘဲ ဂျာမနီမှ ရန်ကုန်သို့ ပြန်မည်ဆိုက ပြန်ရန် ရွေးချယ်ခွင့် ပေးခဲ့ရာ ကစားသမားများက ရန်ကုန်သို့ ပြန်ရန်သာ ရွေးချယ်ခဲ့သဖြင့် လေယာဉ်ခရီးစဉ် စီစဉ် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ပဏာမ မြန်မာ့ လက်ရွေးစင် ကစားသမား (၂၃) ဦး စာရင်း ဂိုး ၁။ ကျော်ဇင်ဖြိုး (မကွေး) ၂။ ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ) ၃။ ရန်အောင်လင်း (ရတနာပုံ) နောက်တန်း ၄။ ဒေးဗစ်ထန် (ရန်ကုန်) ၅။ ဇော်မင်းထွန်း (ရန်ကုန်) ၆။ ဖြိုးကိုကိုသိန်း (ဧရာ၀တီ) ၇။ နန္ဒကျော် (မကွေး) ၈။ ကျော်ဇင်လွင် (မကွေး) ၉။ အောင်ဇော် (ဟံသာ၀တီ) ၁၀။ ဇော်လင်း (ရှမ်း) အလယ်တန်း ၁၁။ မျိုးကိုထွန်း (ရတနာပုံ) ၁၂။ ရဲကိုဦး (ရတနာပုံ) ၁၃။ ရန်အောင်ကျော် (ရန်ကုန်) ၁၄။ မောင်မောင်လွင် (ဟံသာ၀တီ) ၁၅။ လှိုင်းဘိုဘို (ရတနာပုံ) ၁၆။ ဇင်ဖြိုးအောင် (ဇွဲကပင်) ၁၇။ ဟိန်းသီဟဇော် (ရှမ်း) ၁၈။ ရန်နိုင်ဦး (ရှမ်း) ၁၉။ ဆက်ဖြိုးဝေ (မကွေး) ရှေ့တန်း ၂၀။ အောင်သူ (ရတနာပုံ) ၂၁။ သန်းပိုင် (ရန်ကုန်) ၂၂။ ဝင်းနိုင်စိုး (ရတနာပုံ) ၂၃။ ဆမ်လန်မန် (ချင်း)
Source : https://goo.gl/EDyPZm
via IFTTT

No comments:

Post a Comment