EI အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ ဆရာများအဖွဲ့ချုပ် လျှောက်ထား ရန်ကုန်၊ စက်တင်ဘာ ၂၉ နိမ့်ကျနေသော မြန်မာ့ပညာရေးကို မြှင့်တင်ရန် Education International (EI) အဖွဲ့ဝင်အဖြစ် လက်ခံနိုင်ရေး မြန်မာနိုင်ငံ ဆရာများ အဖွဲ့ချုပ်က လျှောက်ထားခဲ့ကြောင်း ယင်းအဖွဲ့ချုပ် အတွင်းရေးမှူး (၂) ဒေါက်တာ ဇော်မျိုးလှိုင်က ပြောကြားသည်။ “နောက်လထဲမှာ Education International အဖွဲ့အစည်း အစည်းအဝေးမှာ ခေါင်းဆောင်ပိုင်း တွေက လျှောက်ထားမှုကို တင်ပြပြီး ဆွေးနွေးကြမယ်။ ဒါကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့ သင့်၊ မသင့် ဆုံးဖြတ် ဘုတ်အဖွဲ့က ဆုံးဖြတ်ပါလိမ့်မယ်”ဟု ဒေါက်တာ ဇော်မျိုးလှိုင်က ပြောကြားသည်။ စက်တင်ဘာလ ၂၉ ရက်က ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင် Education International အဖွဲ့ တာဝန်ရှိသူများနှင့် ဆရာများ အဖွဲ့ချုပ် တာဝန်ရှိသူများ တွေ့ဆုံပြီး ယင်းသို့ အဖွဲ့ဝင်အဖြစ် လက်ခံရန် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက မြန်မာနိုင်ငံ ပညာရေးနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ခွင့် ရနိုင်ရန်၊ နည်းပညာ အထောက်အပံ့များ ရယူပြီး သုတေသန ပူးပေါင်း လုပ်ဆောင်ခြင်း၊ သင်ကြား နည်းစနစ် တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲများ ပူးပေါင်း ပြုလုပ်နိုင်ရန် ရည်ရွယ်ကြောင်း ဆရာများ အဖွဲ့ချုပ်ထံမှ သိရှိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက “အဓိက ဆရာတွေရဲ့ အခွင့်အရေးကို တိုးမြှင့်နိုင်ဖို့၊ ကာကွယ်နိုင်ဖို့၊ အရည်အသွေး မြှင့်တင်ရေးတွေ ပူးပေါင်း လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်”ဟု ပြောကြားသည်။ ထို့နောက် EI တာဝန်ရှိသူများ၊ ဆရာများ အဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် အဆင့်မြင့် ပညာဦးစီးဌာန ရန်ကုန်ရုံးခွဲသို့ သွားရောက်ပြီး အဆင့်မြင့် ပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နေဝင်းဦး အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပညာရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း ဆရာအဖွဲ့ချုပ်ထံမှ သိရှိရသည်။ Education International အဖွဲ့အစည်းတွင် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၃ဝ ကျော်မှ အဖွဲ့ဝင် ဆရာပေါင်း သန်း သုံးဆယ်ကျော်ရှိပြီး အာဖရိက၊ အာရပ်နိုင်ငံများ၊ ကာရေဗီယန်၊ ဥရောပ၊ လက်တင် အမေရိက၊ အာရှ-ပစိဖိတ် ဟူ၍ ဒေသခွဲများအလိုက် ပညာရေး မြှင့်တင်ရေးဆိုင်ရာများ လှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများ အဖွဲ့ချုပ်ကို ၂ဝ၁၅ ခုနှစ် မေလ ၃ ရက်က ဖွဲ့စည်းခဲ့ပြီး ယခုအခါ ဥက္ကဋ္ဌအဖြစ် ဒေါက်တာ သက်နိုင်ဦး၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းတို့က တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။ အဖွဲ့ဝင် ဆရာ၊ ဆရာမပေါင်း ၅၅ဝဝ ကျော်ရှိပြီး ဖြစ်ကြောင်း ဆရာအဖွဲ့ချုပ်ထံမှ သိရှိရသည်။
Source : https://goo.gl/06kfbZ
via IFTTT
No comments:
Post a Comment