အင်ဒိုနီးရှားနိုင်ငံ ဂျာဗား၌ရေကြီး လူ ၂ဝ သေဆုံး ဂျာဗား စက်တင်ဘာ ၂၂ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးပြီး လူ ၂ဝ သေဆုံးခဲ့ကာ ၁၄ ဦးပျောက်ဆုံးခဲ့ကြောင်း အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ ဂျာဗားအနောက်ဘက်ဒေသအတော်များများတွင် မြစ်ချောင်းများရေလျှံမှုဖြစ်ပွားခဲ့သည်။ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးအေဂျင်စီက ရေကြီးမှုကြောင့် အိမ်ခြေ ၂ဝ ခန့် မျောပါသွားခဲ့ကြောင်း ပြောခဲ့သည်။ အစိုးရက ပျောက်ဆုံးသူများကို ရှာဖွေရန်နှင့်ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ရန်အတွက် အကူအညီပေးရေး အဖွဲ့များအား စေလွှတ်ထားကြောင်း သိရသည်။ ယင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း သိရသည်။ အစိုးရက ဒေသခံများအား ဂရုစိုက်နေထိုင်ရန် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။ (အင်န်အိတ်ခ်ျကေ)
Source : http://ift.tt/2cpLs72
via IFTTT
No comments:
Post a Comment