Friday, September 23, 2016


မဲသဝေါဒေသတိုက်ပွဲ နှစ်ဖက် ကျဆုံးမှုများ ရှိခဲ့ပြီး KKO ခွဲထွက်စခန်းအားလုံး ရှင်းလင်းနိုင်ခဲ့ကြောင်း တပ်မတော် ထုတ်ပြန် တပ်မတော်၊ ကရင်ပြည် နယ် နယ်ခြားစောင့် ပူးပေါင်းအ ဖွဲ့နှင့် KKO ခွဲထွက်အဖွဲ့ (DKBA ခွဲထွက်အဖွဲ့) သို့ ဖြစ်ပွားခဲ့သော မဲသဝေါဒေသ တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုများရှိခဲ့ကာ KKO ခွဲထွက်အဖွဲ့၏ စခန်းအားလုံးကိုရှင်းလင်းနိုင်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။ ဒေသတွင်း DKBA ခွဲထွက် အဖွဲ့ဟု လူသိများသော ကလို့ထူး ဘော ကရင်အစည်းအရုံး (KKO) ခွဲထွက်အဖွဲ့နှင့် တိုက်ပွဲ (၁၉) ကြိမ်ဖြစ်ပွားခဲ့ကာ တပ်မတော်မှ အရာရှိစစ်သည်အချို့ ကျဆုံး၍ အချို့ ဒဏ်ရာရရှိခဲ့ပြီး KKO ခွဲ ထွက်အဖွဲ့မှ တပ်ရင်းမှူး အဆင့်ရှိ သူတစ်ဦး အပါအဝင် လေးဦးသေဆုံးကာ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။ ထို့အပြင် သေနတ်ခုနစ်လက်၊ ကား ခုနစ်စီးနှင့် ကျည်မျိုးစုံ ၁,၁၇၉ တောင့် သိမ်းဆည်းနိုင်ခဲ့ပြီး မြိုင် ကြီးငူ-မဲသဝေါ ကားလမ်းတစ် လျှောက်ရှိ KKO ခွဲထွက်အဖွဲ့၏ စခန်းအားလုံး ရှင်းလင်းနိုင်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တပ်မတော်၏ ထုတ်ပြန်ချက်တွင် တပ်မတော်၊ ကရင်ပြည်နယ်နယ်ခြားစောင့် ပူးပေါင်းအဖွဲ့မှကျဆုံး/ ဒဏ်ရာရသူ စာရင်းကို အတိအကျ မထုတ်ပြန်သော်လည်း ခြောက်ဦး ကျဆုံးကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့မှ သတင်းရရှိသည်။ မဲသဝေါဒေသတွင် တပ်မ တော်၊ ကရင်ပြည်နယ် နယ်ခြား စောင့်ပူးပေါင်းအဖွဲ့နှင့် DKBA ခွဲ ထွက်အဖွဲ့တို့ စက်တင်ဘာ ၂ ရက်ကစကာ တိုက်ပွဲဖြစ်ပွားပြီး ဒေသတွင်းလုံခြုံရေး ထိန်းချုပ်နိုင် ပြီဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့မှ ဗိုလ်မှူး ခင်မောင်ဝင်းက ပြောသည်။ ‘‘လုံခြုံရေး ယူထားနိုင်ပြီ။ ၁၀၀ ရာခိုင်နှုန်း မဟုတ်ပေမယ့် အဓိကနေရာ အများစု လုံခြုံရေး ယူထားတယ်။ စစ်ရှောင်ရွာသား တွေကတော့ ဆရာတော်လာမှ ပြန်မယ်ကြားတယ်။ လမ်းတွေ ပေါ်မှာ မိုင်းတွေရှိနေတယ်။လော လောဆယ်မှာ မိုင်းတွေကို အပိုင်းလိုက် လိုက်ရှင်းနေရတယ်။ လက်လုပ်မိုင်းတွေ အများကြီးထောင် ထားခဲ့တော့ အန္တရာယ်ရှိတယ်’’ ဟု ဗိုလ်မှူးခင်မောင်ဝင်းက ပြောသည်။ စစ်ဘေးရှောင်သူများကလည်း တိုက်ပွဲ ပြီးဆုံးပါက နေရပ်သို့ ပြန်လိုသော်လည်း မိုင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း ပြောသည်။ ‘‘ကျွန်တော်တို့ ပြန်ပြီဆို မိုင်းတွေ ဘယ်လို လုပ်မလဲ။ ကြားနေသလောက် ရွာတွေထဲ ထောင်ထားတာ ဆိုတော့ ကြောက်နေကြတယ်’’ ဟု ကျုံထော်ကျေးရွာမှ စစ်ရှောင်သူ စောကြည်လင်းက ပြောသည်။ တိုက်ပွဲကာလအတွင်း စစ်ဘေးလွတ်ရာ ပြေးလာသော ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦး မိုင်းနင်းမိကာ သေဆုံးခဲ့သည်။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ်မှူးနိုင်မောင်ဇော်က DKBA ခွဲထွက်အဖွဲ့သည် ထိုင်းနိုင်ငံထုတ် M150 အချိုရည်ပုလင်းအတွင်း ယမ်းနှင့် ကန့်များထည့်ကာ လက်လုပ်မိုင်း အရေအတွက်များစွာ ထောင်ထားခဲ့ကြောင်း ပြောသည်။
Source : http://ift.tt/2d1wrt0
via IFTTT

No comments:

Post a Comment