Saturday, September 24, 2016


ဗန်းမော် နည်းပညာတက္ကသိုလ်၌ ကျောင်းသားအချင်းချင်း ရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ် တစ်ဦး သေဆုံး ဗန်းမော်၊ စက်တင်ဘာ ၂၄ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့ရှိ နည်းပညာတက္ကသိုလ်၌ စက်တင်ဘာ ၂၃ ရက် ည ၁၁ နာရီ ၅၀ ခန့်က ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ စတုတ္ထနှစ် ကျောင်းသားတစ်ဦး ဓားဒဏ်ရာ ရခဲ့သဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့သော်လည်း ယနေ့ (စက်တင်ဘာ ၂၄ ရက်) နံနက် ၅ နာရီ ၃၅ မိနစ်တွင် သေဆုံးခဲ့ကြောင်း ဗန်းမော်မြို့မ ရဲစခန်းထံမှ သိရသည်။ ပထမနှစ်ကျောင်းသား ကိုမောရှေသည် စတုတ္ထနှစ်ကျောင်းသား ကိုသန့်ဇင်ဝင်းထံမှ ဂစ်တာခေတ္တငှားရမ်းရာမှ အချင်းများခဲ့ခြင်း ဖြစ်ပြီး ကိုမောရှေက ကိုသန့်ဇင်ဝင်းကို ဓားဖြင့်ထိုးခဲ့ကြောင်း၊ ဓားဖြင့်ထိုးသည်ဟု ဆိုသူ ကိုမောရှေမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းစခန်းထံမှ သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး နည်းပညာတက္ကသိုလ် သရုပ်ပြ စက်မှုအင်ဂျင်နီယာဌာနမှ ဆရာဦးစည်သူအောင်က တရားလိုပြု တိုင်ကြားခဲ့ရာ ဗန်းမော်မြို့မ ရဲစခန်းက (ပ) ၂၃၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသူကို ဖမ်းဆီးရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ စခန်းထံမှ စုံစမ်းသိရှိရပါသည်။
Source : https://goo.gl/43RdTu
via IFTTT

No comments:

Post a Comment