Friday, September 30, 2016

ဦးဂျိုးဇက်ကို အမြန်ဆုံး အရေးယူပေးရန် ကောင်စီသို့ တိုင်ကြား

မြန်မာနိုင်ငံရှိ သတင်းသမားများအး Aim Star Network (Myanmar)မှ အဖွဲ့ဝင် ဦးဂျိုးဇက်၏ ပြောဆိုမှုနှင့် ပတ်သက်၍ အမြန်ဆုံး အရေးယူပေးရန် မြန်မာနိုင်ငံရှိ သတင်းသမားများနှင့် မြန်မာဂျာနယ်လစ် ကွန်ရက်က မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့ ယနေ့ (စက်တင်ဘာ ၃၀ ရက်) ရက်စွဲဖြင့် တိုင်ကြားစာ နှစ်စောင် ပေးပို့လိုက်ပြီဖြစ်သည်။ Aim Star Networm(Myanmar)မှ အဖွဲ့ဝင် ဂျိုးဇက်ဆိုသူက စက်တင်ဘာလ ၂၀ ရက်က မန္တလေးမြို့၌ ပြုလုပ်ခဲ့သည့် စီးပွားရေး အသိအမြင် ပေးပွဲတွင် မြန်မာသတင်းစာ ဆရာများမှာ ယုံကြည်စရာ မရှိကြောင်းနှင့် တတ်လို့လုပ်နေခြင်း မဟုတ်ဘဲ ငတ်လို့လုပ်နေခြင်း ဖြစ်ပြီး ရေးချင်ရာ လျှောက်ရေးနေသူများ ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း၊ ထို့ပြင် စက်တင်ဘာ ၂၇ ရက်ကလည်း ဂျိုးဇက်ဆိုသူ၏ ကိုယ်ပိုင်ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့်ဖြန့်ဝေသည့် ဗီဒီယိုဖိုင်တွင်လည်း မြန်မာ သတင်းသမားများကို အာဏာရှင်အဖြစ် ပုံဖော် စွပ်စွဲခဲ့ပြီး သူ့ကို တရားစွဲပါကလည်း ပြန်လည် တရားစွဲဆိုသွားမည် ဖြစ်ပြီး အချိန်ကုန်၊ ငွေကုန် ဖြစ်လိမ့်မည်ဟု ပြန်လည် ခြိမ်းခြောက်ခဲ့ကြောင်း၊ ၎င်းစကားရပ်များသည် မြန်မာ သတင်းစာဆရာ များကို ဂုဏ်သိက္ခာ ထိခိုက်စေပြီး အသရေဖျက်မှု မြောက်သည်ဟု မြန်မာ သတင်းစာဆရာများက ရှုမြင်ကာ ဂျိုးဇက်ဆိုသူကို ထိရောက်သော တရားစွဲဆိုမှုများ ပြုလုပ်နိုင်ရန် အနယ်နယ် အရပ်ရပ်မှ သတင်းစာဆရာများက သဘောထား လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြကြောင်း၊ မြန်မာသတင်း မီဒီယာကောင်စီ အနေဖြင့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ပါရန် သတင်းစာဆရာများ၏ တိုင်ကြားစာနှင့် လက်မှတ်များ၊ ဂျိုးဇက်ဆိုသူ ပြောဆိုထားသော ဗီဒီယိုမှတ်တမ်းများနှင့်အတူ တင်ပြအပ်ကြောင်း မြန်ာဂျာနယ်လစ် ကွန်ရက်က ပေးပို့ တိုင်ကြားစာတွင် ဖော်ပြထားသည်။ ထို့အတူ အခြား တိုင်ကြားစာ တစ်စောင်တွင်လည်း ဦးဂျိုးဇက်၏ ပြောကြားချက်များသည် အများပြည်သူများ၏ သတင်း သိပိုင်ခွင့်ကို တာဝန်ယူ ဆောင်ရွက်နေကြသော မြန်မာနိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာများအပေါ် အများပြည်သူက အယုံအကြည် ကင်းမဲ့စေသကဲ့သို့ ပြည်သူများ၏ သိပိုင်ခွင့်ကို တာဝန်ကျေပွန်စွာ ဆောင်ရွက်နေသည့် မီဒီယာလောကရှိ သတင်းသမားများ အားလုံးအပေါ် အများပြည်သူများက အထင်အမြင် လွဲမှားစေခြင်းတို့ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသည် သတင်းမီဒီယာ ဥပဒေအရ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ မြန်မာမီဒီယာလောက တစ်ခုလုံးအပေါ် အထင်အမြင် လွဲမှားစေခြင်း၊ ယုံကြည်မှု ကင်းမဲ့စေရန် ပြောဆို ဝေဖန်မှုများအပေါ် ထိရောက်သည့် အရေးယူမှုများ အမြန်ဆုံး ပြုလုပ်ပေးပါရန်ဟု ဖော်ပြထားသည်။
Source : https://goo.gl/dWt0u4
via IFTTT

No comments:

Post a Comment