Friday, September 30, 2016

MOI Webportal Myanmar

မြေသိမ်းဆည်းခံရသည့် တောင်သူများ၏ ပိုင်ဆိုင်မှု အထောက်အထားများ ပြန်လည်စိစစ်ပေး ကျောက်မဲ စက်တင်ဘာ ၂၉ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှု အောက်ရှိ အမှတ်(၂) စစ်မြေပြင်တပ်ခွဲမှ သိမ်းဆည်းထားသည့် မြေများနှင့်ပတ်သက်၍ ကျောက်မဲကြီး ကျေးရွာအုပ်စုမှ တောင်သူ ၃၈ ဦးနှင့် တွေ့ဆုံ၍ မြေပိုင်ဆိုင်မှု အထောက်အထားများ စိစစ်ပေးခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က တောင်သူများအား သိမ်းဆည်းခံ လယ်ယာမြေဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ တောင်သူများ အနေဖြင့် လယ်ယာမြေပိုင်ဆိုင်မှု အထောက်အထားများ စာရွက်စာတမ်းများ လိုအပ်ကြောင်း၊ လယ်ယာမြေအငြင်းပွားမှု ပြဿနာနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း၊ သက်ဆိုင်ရာ အထက်ဌာန အဆင့်ဆင့်သို့ စိစစ်တင်ပြရခြင်းသာ ဖြစ်ကြောင်း ယခု လယ်ယာမြေ အငြင်းပွားမှုနှင့် ပတ်သက်၍ တင်ပြနိုင်ရန်အတွက် တောင်သူများ အနေဖြင့် လယ်ယာမြေပိုင်ဆိုင်မှု အထောက်အထား များနှင့်အတူ စိစစ်၍ သက်ဆိုင်ရာသို့ တင်ပြသွားမည် ဖြစ်ကြောင်းနှင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထား၊ အချက်အလက်များ ရှိထားရန်တို့ကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် ကျောက်မဲကြီးကျေးရွာအုပ်စု မန်ကန်ကျေးရွာမှ မြေသိမ်းဆည်းခံ တောင်သူ ၃၈ ဦးအနက် ငါးဦး၏ မြေပိုင်ဆိုင်မှု အထောက်အထားများအား ပြန်လည် စိစစ်ပေးခဲ့ပြီး ကျန်တောင်သူများ၏ လယ်ယာမြေ ပိုင်ဆိုင်မှု အထောက်အထားများအား စက်တင်ဘာ ၂၇ နှင့် ၂၈ ရက်တို့တွင် ဆက်လက် စိစစ် ဆောင်ရွက်ပေးကြောင်း သိရသည်။ ကျောက်မဲခရိုင်ပြန်/ဆက်
Source : http://ift.tt/2d03oq7
via IFTTT

No comments:

Post a Comment