Saturday, October 8, 2016

7Day News Journal

လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ် အပြစ်ပေးခံရသော ကြောင့် ဘန်ကောက်မြို့ရှိ ဘန် ခွမ်အကျဥ်းထောင်တွင် နေထိုင် နေရသော မြန်မာလုပ်သားနှစ်ဦး အနက် ဇော်လင်းသည် ကျန်းမာ ရေးချို့တဲ့နေကြောင်း သတင်းရရှိ သည်။ မြန်မာလုပ်သားနှစ်ဦးထံ ပုံ မှန်ထောင်ဝင်စာ သွားရောက် တွေ့ဆုံနေသူ ကိုကျော်မျိုးသည် အောက်တိုဘာ ၅ ရက်က ဘန်ခွမ်အကျဥ်းထောင်သို့ ထောင်ဝင်စာသွားရောက်တွေ့ဆုံရာ၌ အသက်(၂၃)နှစ်အရွယ် ဇော်လင်းသည် နေမကောင်းဖြစ်၍ ခန္ဓာကိုယ်မှာလည်း ရောင်ရမ်းနေ သည်ကို တွေ့ရှိခဲ့ကြောင်း ကိုကျော်မျိုးက 7Day Daily အား ပြောသည်။ ‘‘အိပ်ရာတွေ အသစ်ပြောင်းလိုက်တော့ ဇော်လင်းက မတည့်ဘူးဖြစ်နေတယ်။ ခန္ဓာကိုယ်မှာ အဖုတွေထွက်ပြီး ယားနေတာပေါ့။ မျက်နှာကလည်း ရောင်နေတယ်။ နေမကောင်း ဖြစ်နေတာပေါ့။ ဝင်းဇော်ထွန်းကတော့ ကျန်းမာရေးကောင်းတယ်။ သူတို့ကတော့ အပြင်ကို လွမ်းနေတာပေါ့။ မြန်မာသံရုံးကိုလည်း အချိန်ရရင် ထောင်ဝင်စာလေး လာတွေ့စေချင်တယ်လို့ ပြောလိုက်တယ်။ နောက်ပြီး သူတို့အမေအကြောင်းတွေလည်း သိချင်နေတယ်’’ဟု ကိုကျော်မျိုးက ပြော ကြားသည်။ ‘‘သံရုံးအနေနဲ့ ထောင်ဝင်စာ တွေ့တာတွေ လုပ်နေပါတယ်။ ထောင်တွေကို အလှည့်ကျသွား ရောက်ပြီး တွေ့နေတာပေါ့။ ကောင်လေးနှစ်ယောက်ရှိတဲ့ ဘန် ခွမ်ထောင်အလှည့် မရောက်သေး လို့ပါ။ သွားတွေ့မှာပါ’’ဟု ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ပြည်ပနိုင်ငံများတွင် အ ကျဥ်းကျနေသော နိုင်ငံသားများ ကို မြန်မာသံရုံးများက အကာ အကွယ်ပေးရမည်ဖြစ်ပြီး ထောင် ဝင်စာမှန်မှန်သွားတွေ့ရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်း နိုင်ငံသို့ သွားရောက်သည့် ခရီးစဥ်၌ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် မြန်မာအသင်းအဖွဲ့အစည်း များနှင့် တွေ့ဆုံစဥ် ပြောကြားထားသည်။ လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်အပြစ်ပေးခံရသော မြန် မာလုပ်သားနှစ်ဦးကို အပြစ်လျှော့ ပေါ့ပေးရန် မြန်မာလုပ်သားနှစ်ဦး အတွက် ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများက မေလ ၂၃ ရက်တွင် အယူခံတင်သွင်းထား သည်။ အယူခံတင်သွင်းထား မှုကို ပြန်လည်ချေပသည့် အနေ ဖြင့် မြန်မာလုပ်သားနှစ်ဦးအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်များ သည် ခိုင်မာမှုရှိသည့် ပြစ်ဒဏ် သက်သေပြချက်များဖြစ်သည်ဟု တရားလို ထိုင်းအစိုးရရှေ့နေအ ဖွဲ့က အယူခံတရားရုံးသို့ စက် တင်ဘာ ၂၇ ရက်၌ ပြန်လည် တင်ပြထားသည်။ မြန်မာလုပ်သားနှစ်ဦးကို ပြစ်မှုထင်ရှားသည်ဆိုကာ လူ သတ်မှုနှင့် သတင်းထိမ်ချန်မှုအ တွက် သေဒဏ်၊ ဟန်နာဝစ်သာ ရစ်ချ်အား အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ်နှစ် ၂ဝ၊ ပစ္စည်းခိုးမှု အတွက် ထောင်ဒဏ် ၂ နှစ်၊ ည အချိန်မတော်နေထိုင်မှုအတွက် ထောင်ဒဏ်တစ်နှစ်ခွဲ၊ ထိုင်းနိုင်ငံ အတွင်း ခိုးဝင်မှုအတွက် ထောင် ဒဏ် ခြောက်လနှင့် တရားမဝင် နေထိုင်မှုအတွက် ထောင်ဒဏ် ခြောက်လ စသည့်ပြစ်ဒဏ်များ ကော့စမွီတရားရုံးက ၂ဝ၁၅ ဒီဇင် ဘာ ၂၄ ရက်တွင် ချမှတ်ခြင်း ဖြစ်သည်။
Source : http://ift.tt/2dam2Ox
via IFTTT

No comments:

Post a Comment