Saturday, October 8, 2016


ဆင်မကြီးမိုမို၏ (၆၃)နှစ်ပြည့် မွေးနေ့ကို ရန်ကုန်တိရစ္ဆာန် ဥယျာဉ်တွင် ကျင်းပမည် ဆင်မကြီးမိုမို၏ (၆၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်တွင် ပညာပေး အစီအစဉ်များနှင့် ပျော်ပွဲရွှင်ပွဲ အခမ်းအနားများ ကျင်းပမည်ဟု သတင်းရရှိသည်။ အသက် (၇) နှစ်အရွယ်တွင်ကယားပြည်နယ်မှ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိလာခဲ့သော ဆင်မကြီးမိုမိုမှာ အောက်တိုဘာ ၁၈ ရက်တွင် အသက် (၆၃)နှစ် ပြည့်မည်ဖြစ်သည်။ မိုမို၏ မွေးနေ့ပွဲကို ရန်ကုန် တိရစ္ဆာန်ဥယျာဉ်တွင် အောက်တို ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ နှစ် ရက်တာ ပြုလုပ်မည်ဖြစ်သည်။ ဆင်မကြီးမိုမို၏ မွေးနေ့အ ထိမ်းအမှတ်အဖြစ် အရုဏ်ဆွမ်း ကပ်ကောင်းမှုကုသိုလ်ပြုလုပ်ပေး ခြင်း၊ မျက်လှည့်ပြပွဲ၊ မြန်မာ့ခြင်း လုံးအလှပြပွဲနှင့် ဖျော်ဖြေရေးအစီ အစဉ်များအပြင် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှ တိရစ္ဆာန်လေးများ၏ ကျွမ်းကျင်မှု ပြကွက်များ၊ ပညာ ပေး ပဟေဠိအစီအစဉ်များနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်မည် ဖြစ်သည်။ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်သို့ လာရောက် လည်ပတ်သူများအား ကပြဖျော်ဖြေခဲ့သည့် သက်တမ်းရှည် ဆင်မကြီးမိုမိုကို အသက် (၆၀)ပြည့်နှစ်မှ စတင်၍ မွေးနေ့အခမ်းအနား ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ ဆင်မကြီးမိုမိုသည် အသက်(၆၀)ကျော်ရှိပြီ ဖြစ်၍ အနားပေးပြီး စောင့်ရှောက်မှု ပြုလုပ်ပေးရန် နိုင်ငံတကာအခြေစိုက် Care 2 တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ကာ ပြည်တွင်းရှိ တိရစ္ဆာန်ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက တောင်းဆိုခဲ့ဖူးကြောင်း သတင်း ရရှိသည်။
Source : http://ift.tt/2dHuS5r
via IFTTT

No comments:

Post a Comment