အစိုးရသိမ်းထားသည့် မြေပေါ်တွင် မူလမြေပိုင်ရှင်များ ထွန်တုံးတိုက်ပွဲ၀င်နေ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ အစိုးရသိမ်းယူထားသည့် လယ်ယာမြေ ဧက ၄၀၀ တွင် မူလမြေပိုင်ရှင်များကို သီးနှံပြန်လည်စိုက်ပျိုးခွင့် မပြုသဖြင့် မြေပိုင်ရှင်များစုပေါင်းကာ ထွန်တုံးတိုက်ပွဲပြုလုပ်၍ သီးနှံများ စိုက်ပျိုးနေကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၁၉၉၈ - ၁၉၉၉ ခုနှစ်အတွင်းက ပြင်စာကျေးရွာရှိ လယ်ယာမြေ ဧက ၄၀၀ ကို အစိုးရက ကော်ဖီစီမံကိန်း ဆောင်ရွက်ရန် သိမ်းယူခဲ့ပြီးနောက် ကော်ဖီလုပ်ငန်းရှင်များကို မြေနေရာခွဲတမ်း သတ်မှတ်ပေး၍ ကော်ဖီပင်များ စိုက်ပျိုးစေခဲ့ရာ အောင်မြင်ခြင်းမရှိသဖြင့် ကော်ဖီစီမံကိန်း ရပ်နားခဲ့သော်လည်း မူလမြေပိုင်ရှင်များကို ပြန်လည်လုပ်ကိုင်ခွင့် မပြုသဖြင့် အောက်တိုဘာ ၈ ရက်ကစတင်ပြီး ထွန်တုံးတိုက်ပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ထွန်တုံးတိုက်ပွဲကို ဦးဆောင်နေသည့် မူလမြေပိုင်ရှင်တဦးဖြစ်သူ ကိုချမ်းမြေ့အောင်က ပြောသည်။ ဆက်လက်ဖတ်ရှုရန်
Source : https://goo.gl/9G8lFx
via IFTTT
No comments:
Post a Comment