မြန်မာနိုင်ငံအတွင်း၌ အလုပ်အကိုင်ရှာဖွေ လျှောက်ထားရာတွင် ပြီးခဲ့သည့် ၅ လအတွင်း အမျိုးသမီးများက အမျိုးသား များ ထက် များစွာမြင့်တက် ခဲ့သော်လည်း ယခုလတွင် အမျိုးသမီး အလုပ်အကိုင်ရှာဖွေ လျှောက်ထားသည့် နှုန်း ရုတ် တရက် ကျဆင်းသွားကြောင်း work.com.mm ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းသို့ ကျဆင်းသွားရခြင်းသည် အလုပ်အကိုင် ရှာဖွေလျှောက်ထားသူနှင့် အလုပ်အကိုင်ပေးမည့်သူ ကြားတွင် တဘက် နှင့် တဘက် လိုအပ်သည့် မျှော်မှန်းချက်နေရာတွင် ကွာခြားမှုများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ work.com.mm ၏ ပြည်သူ့ဆက်ဆံရေး မန်နေဂျာ မကေခိုင်က “ပြီးခဲ့တဲ့ ၅ လအထိ အမျိုးသမီးတွေက ပုံမှန်ထက် အမြဲ များတယ်။ ဒီလက ရုတ်တရက်ကျတာ။ အဓိက အကြောင်းက မရှိဘူး။ အလုပ်လျှောက်ထားနိုင်တဲ့ အလုပ် နေရာ လွတ်က များပြီး အလုပ်လိုချင်သူက မရွေးချယ်တာ။ အလုပ်ရှင်ဘက်က ခေါ်တဲ့ မျှော်မှန်းချက်နဲ့ အလုပ်လျှောက်မယ့် သူက မျှော်မှန်းချက် ကြည့်ပြီး မလျှောက်ကြတာ”ဟု ပြောသည်။ ဆက်လက်ဖတ်ရှုရန်
Source : https://goo.gl/4iL64w
via IFTTT
No comments:
Post a Comment