Wednesday, October 12, 2016


မောင်တောဖြစ်စဉ်အတွက် လေကြောင်းအင်အားသုံးရန် တပ်ချုပ်ခွင့်ပြု မောင်တောဒေသ အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွက် လို အပ်လျှင် ရေယာဉ်၊ လေယာဉ်များဖြင့် တပ်အင်အားအသုံးပြုရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခွင့်ပြု ကြောင်း သတင်းရရှိသည်။ ‘‘လောလောဆယ် တပ်မတော် လုံခြုံရေးအကူအညီအတွက် မူလရှိ ပြီး နယ်မြေခံတပ်တွေအပြင် တပ်မ တစ်မ ထပ်မံထည့်သွင်းထားပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း လိုအပ်ရင်လိုအပ်သလို ရေ ယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ တပ်အင်အားအသုံးပြုခွင့်ပေးထားပြီး ဖြစ်ပါတယ်’’ဟု သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါကိစ္စကို သတင်းဖော် ပြရန် ဦးဇော်ဌေးထံသို့ ဆက်သွယ် ရာ အစည်းအဝေးထဲသို့ ရောက် နေကြောင်း ၎င်းက ဖုန်းမှတစ်ဆင့် စာတိုပေးပို့သည်။ သို့ဖြစ်ရာ ဖုန်းမှတစ်ဆင့်ပင် အဆိုပါ ရေးသား ချက်ကို သတင်းဖော်ပြခွင့်ပြုရန် 7Day က စာတိုပေးပို့ခဲ့ရာ ဦးဇော်ဌေးက ဖော်ပြနိုင်ကြောင်း ခွင့်ပြု ခဲ့သည်။ ထို့အပြင် ကျဆုံးသူများနှင့် ကျန်ရစ်သူ မိသားစုဝင်များအ တွက် ထိရောက်စွာ ထောက်ပံ့ကူ ညီရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ညွှန်ကြားထားကြောင်းဦးဇော်ဌေးက ရေးသားထားသည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ် ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ် သက်၍ တပ်မတော်က နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေစဉ် ရုတ်ခြည်းတိုက်ခိုက်လာသော အ ကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ကို ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ ရကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်ထားသည်။ ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့သူကြီး ကျေးရွာဝန်းကျင်၌ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများရောက်ရှိ နေကြောင်း သတင်းအရ တပ်မ တော်က နယ်မြေရှင်းလင်းစဉ် အောက်တိုဘာ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် အဆိုပါကျေးရွာအ နီး ကွမ်းခြံအတွင်းမှ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၂၀ ဦးခန့်က တုတ်၊ ဓားလက်နက်များဖြင့် ရုတ်တရက် တိုက်ခိုက်လာမှုကြောင့် တပ်မတော်က ပြန်လည်ပစ်ခတ် ရှင်းလင်းရာ ၎င်းအဖွဲ့များ ထွက် ပြေးသွားခဲ့ပြီး အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ အလောင်းလေး လောင်းနှင့် ၎င်းတို့ကိုင်ဆောင် တိုက်ခိုက်ခဲ့သော လုပ်သေနတ် တစ်လက်၊ ကျည်သုံးတောင့်နှင့် ဓားတစ်လက်တို့ကို သိမ်းဆည်းရ မိခဲ့ကြောင်း သတင်းထုတ်ပြန် ထားသည်။ အဆိုပါဆုတ်ခွာထွက်ပြေး သော အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများကို တပ်မတော်က လိုက်လံရှင်းလင်းလျက်ရှိကြောင်းသတင်းထုတ်ပြန်ထားသည်။ မောင်တောဖြစ်စဉ်ဖြစ်သည့် အချိန်မှာ ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် လူ့အခွင့်အရေးကိစ္စ တင်နေသည့်တတိယကော်မတီ အစည်းအဝေးစတင်ချိန်နှင့် တိုက်ဆိုင်နေကြောင်း နိုင်ငံခြားရေးဒု ဝန်ကြီး ဦးကျော်တင်က အောက် တိုဘာ ၉ ရက် သတင်းစာရှင်း လင်းပွဲ၌ ပြောကြားသည်။ ‘‘နောက်ပြီးတော့ ကျွန်တော် တို့နိုင်ငံကို ဒါ အမေရိကန်ပြည် ထောင်စုကလည်း ကျွန်တော်တို့ ဒီနောက်ဆုံးကျန်နေတဲ့ ကန့်သတ် ပိတ်ဆို့မှုတွေလည်း လျှော့ချပေး ခဲ့တယ်။ ဒီတတိယကော်မတီမှာ လည်းပဲ လူ့အခွင့်အရေးနဲ့ပတ် သက်ပြီးတော့ ဥရောပသမဂ္ဂ(EU) ကလည်း အဆိုမူကြမ်းတင်သွင်း တာတွေ မလုပ်တော့ဘူးလို့ အခု လိုကြေညာထားတာလည်း ရှိပါ တယ်။ အဲဒီတော့ ဒီလိုအနေအ ထားမျိုးမှာ ကျွန်တော်တို့နိုင်ငံတ ကာက အာရုံစိုက်နေတဲ့၊ အရင် က အာရုံစိုက်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ ဒီကိစ္စကို အရေးယူမြှင့်တင်နေ တယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာက အာရုံစိုက်မှုရ အောင် ဒီလိုကိစ္စမျိုးလုပ်လာတာ မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ တယ်။ ဖြစ်ချင်လည်း ဖြစ်ပါမယ်’’ဟု ဒုဝန်ကြီးက ပြောသည်။ #LH
Source : http://ift.tt/2dKAuzU
via IFTTT

No comments:

Post a Comment