Wednesday, October 12, 2016


၇ စက္ကန့်လျှင် တစ်ယောက်နှုန်းဖြင့် အရွယ် မရောက်သေးသည့် မိန်းကလေးများ အိမ်ထောင်ချပေးခံနေရ ပျမ်းမျှအားဖြင့် ၇ စက္ကန့်လျှင် အရွယ် မရောက်သေးသည့် အသက် ၁၅ နှစ်အောက် မိန်းကလေး တစ်ယောက်မှာ မိမိဆန္ဒ မပါဘဲ အိမ်ထောင်ပြုနေရကြောင်း Save The Children အဖွဲ့က ထုတ်ပြန်သည့် စစ်တမ်း တစ်ရပ်က ဖော်ပြလိုက်သည်။ အာဖဂန်နစ္စတန်၊ ယီမင်၊ အိန္ဒိယနှင့် ဆိုမာလီ အပါအဝင် နိုင်ငံ အသီးသီးတွင် အသက် ၁၀ နှစ်သာ ရှိသေးသည့် မိန်းကလေးများကို အတင်း အဓမ္မ အိမ်ထောင်ပြုစေခြင်းများပင် ရှိနေကြောင်း ယင်း အစီရင်ခံစာက ဖော်ပြထားသည်။ အရွယ် မတိုင်မီ အိမ်ထောင်ပြုရခြင်းအားဖြင့် မိန်းကလေး တစ်ဦး၏ ဘဝတစ်လျှောက် ဆိုးရွားသည့် နောက်ဆက်တွဲ ရလဒ်များဖြင့် ကြုံတွေ့ရနိုင်ကြောင်း Save The Children အဖွဲ့က ပြောကြားသည်။ ဒေသတွင်း ပဋိပက္ခများ၊ ဆင်းရဲမွဲတေမှုနှင့် လူသားချင်း စာနာ ထောက်ထားမှု ကင်းမဲ့မှုများက မိန်းကလေးများ အရွယ်မတိုင်မီ အိမ်ထောင်ချပေးခံရခြင်း၏ အကြောင်းတရားများ ဖြစ်သည်။ အရွယ် မတိုင်မီ အိမ်ထောင်ချပေးခံရခြင်းဖြင့် အမျိုးသမီးငယ်များသည် ပညာဆုံးခန်းတိုင်အောင် မသင်ရခြင်း ကဲ့သို့သော ဆိုးကျိုးများအပြင် အိမ်တွင်း အကြမ်းဖက်ခံရမှု၊ အရွယ် မရောက်မီ ကိုယ်ဝန်ဆောင်ရခြင်းနှင့် အဓမ္မ ပြုကျင့်ခံရခြင်းတို့ ကဲ့သို့သော ဆိုးကျိုးများကိုပါ ခံစားရနိုင်ကြောင်း Save The Children က ပြောကြားထားသည်။ ယနေ့အချိန်တွင် ကမ္ဘာတစ်ဝန်း၌ အရွယ်မတိုင်မီ အိမ်ထောင်ပြုရသော မိန်းကလေး အရေအတွက်မှာ သန်း ၇၀၀ ခန့် ရှိနေရာမှ ၂၀၃၀ ခုနှစ်တွင် သန်း ၉၅၀ အထိ မြင့်တက် ရောက်ရှိနိုင်ကြောင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ခန့်မှန်းထားသည်။ Ref : BBC
Source : https://goo.gl/XC4aMz
via IFTTT

No comments:

Post a Comment