Friday, October 7, 2016


ဟေတီတွင် ဟာရီကိန်း မုန်တိုင်းကြောင့် သေဆုံးသူ ၃၀၀ နီးပါးထိ မြင့်တက်လာ မက်သရူး ဟာရီကိန်းကြောင့် ဟေတီတွင် အသေအပျောက် ပမာဏသည် ၃၀၀ နီးပါးထိ မြင့်တက်လာပြီဟု သိရသည်။ ယခုသီတင်းပတ် အစောပိုင်းက ကာရေဘီယံ ဒေသရှိ ကျွန်းနိုင်ငံကို ယခုသီတင်းပတ် အစောပိုင်းက ဟာရီကိန်း မုန်တိုင်းကြီး ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိ စာရင်းများအထိ အနည်းဆုံး လူ ၂၈၃ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရသည့် နိုင်ငံတောင်ပိုင်း ဒေသများအနက် ရိုချီအေဘာတီယူ တစ်မြို့တည်းတွင်ပင် လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ရိုချီအေဘာတီယူနှင့် အနီးကပ် တည်ရှိသော ဂျရီမီးမြို့တွင် အဆောက်အအုံ အားလုံး၏ ၈၀ ရာခိုင်နှုန်းမှာ ပြားပြားဝပ် သွားခဲ့သည်။ ဆုဒ်ခရိုင်တွင်လည်း အိမ်ခြေ သုံးသောင်းကျော် ပျက်စီးခဲ့သည်။ အမေရိကန် အစိုးရသည် မုန်တိုင်းဒဏ်သင့် ဟေတီနိုင်ငံတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စစ်တပ် ရဟတ်ယာဉ် ၉ စီးကို စေလွှတ်ထားကြောင်း သိရသည်။ မက်သရူးသည် Category Fourအဆင့် အားကောင်းသော ဟာရီကိန်းအဖြစ် ဟေတီကို ဝင်ရောက် တိုက်ခတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်သို့ ဆက်လက် ရွေ့လျားခဲ့သည်။ Category Fourသည် ဟာရီကိန်းများတွင် အင်အားအဆင့် သတ်မှတ်ချက် ဒုတိယ အမြင့်ဆုံး ဖြစ်သည်။ အစောပိုင်းက ဟေတီတွင် အသေအပျောက်များ ရှိခဲ့သည် ဆိုသော်လည်း အောက်တိုဘာ ၆ ရက် ညနေပိုင်းတွင်မှ အစိုးရက စာရင်းအသစ်များ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ မူလစာရင်းတွင် အသေအပျောက် ၁၀၀ ကျော်ဟု ဖော်ပြခဲ့သော်လည်း တဖြည်းဖြည်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ မက်သရူးသည် ကာရေဘီယံတွင် ဖြစ်ပေါ်သည့် ဟာရီကိန်းများအနက် ဆယ်စုနှစ် တစ်ခုနီးပါး ကာလအတွင်း အားအပြင်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ မုန်တိုင်းဒဏ်ကို ဒိုမီနီကန်၊ ဘဟားမားစ်၊ ဟေတီ၊ ဂျမေကာ အစရှိသည့် နိုင်ငံများလည်း သက်ရောက် ခံစားခဲ့ရသည်။ ဘဟားမားစ်တွင် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်သည်အထိ လေကြမ်းများ တိုက်ခဲ့သော်လည်း အသေအပျောက် မရှိခဲ့ဟု ဆိုသည်။ မက်သရူးသည် ဟေတီကို ဝင်ရောက်တိုက်ခတ်ချိန်တွင် လေတိုက်နှုန်း တစ်နာရီ ၁၄၅ မိုင်နှုန်းမျှထိ ပြင်းထန်ခဲ့ကြောင်း သိရသည်။ မုန်တိုင်းဒဏ်ကြောင့် အောက်တိုဘာ ၅ ရက်တွင် ဟေတီမြို့တော် ပို့တ်အူပရင့်စ်၏ အဓိက ဆက်သွယ်ရေး လမ်းကြောင်းအဖြစ် တည်ရှိသည့် တံတားကြီးတစ်စင်း ကျိုးသွားရာ ကယ်ဆယ်ရေး လုပ်ငန်းများ ပိုမို အခက်ကြုံနေရသည်။ နိုင်ငံတစ်ဝန်းတွင် လျှပ်စစ်မီးများ ပြတ်တောက်နေဆဲဖြစ်ပြီး မုန်တိုင်းဒဏ်သင့် ပြည်သူအများအပြားသည် သောက်ရေနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ကြုံနေရကြောင်း အန်ဂျီအို အဖွဲ့များက သတိပေးထားသည်။ ကုလသမဂ္ဂကလည်း ဟေတီတွင် လူပေါင်း သုံးသိန်းခွဲမျှသည် အရေးပေါ် ကူညီထောက်ပံ့ရေး ပစ္စည်းများ ရရှိရန် အရေးတကြီး လိုအပ်နေပြီဟု သတင်းထုတ်ပြန်ထားကြောင်း သိရသည်။ Ref: BBC
Source : http://ift.tt/2d7K5h4
via IFTTT

No comments:

Post a Comment