ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်တွင် စီစီတီဗီများဖြင့် စောင့်ကြည့်မည် ပုဇွန်တောင်မြို့နယ် ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော်တွင် လာရောက်လည်ပတ် သူများ လုံခြုံရေးအတွက် CCTV ကင်မရာများတပ်ဆင်ကာ စောင့် ကြည့်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။ လုံခြုံရေး CCTV ကင်မရာ များကို အောက်တိုဘာ ၇ ရက်မှ စတင်တပ်ဆင်မည်ဖြစ်ပြီး ပွဲတော်ကာလ ပြီးဆုံးချိန် အောက် တိုဘာ ၁၇ ရက်အထိ ရေကျော်ပွဲတော်ကျင်းပရေးကော်မတီ လုံခြံုရေးဌာနက စောင့်ကြည့်မည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ ဦးအောင်နိုင်ကပြောကြားသည်။ ‘‘နှစ်စဉ်ကျင်းပခဲ့တဲ့ ပွဲတော် ရက်တွေမှာလည်း ထူးခြားတဲ့ မှု ခင်းဖြစ်စဉ်တွေမရှိခဲ့ပါဘူး။ ဒီနှစ် မှာလည်း လာရောက်လည်ပတ် မယ့် ပြည်သူတွေ လုံခြုံရေးအ တွက် လုပ်ပေးတာပါ။ ဗိုလ်ချုပ် လမ်းမနဲ့ အောက်ဘက်လမ်းတွေ မှာပါ ကင်မရာတွေတပ်ပြီး စောင့် ကြည့်မှာပါ’’ဟု ၎င်းက ပြောကြားသည်။ ရေကျော် သီတင်းကျွတ်မီး ထွန်းပွဲတော်ကို ပုဇွန်တောင်မြို့ နယ် ရေကျော်လမ်းနှင့် ဗိုလ်ချုပ် လမ်း အမှတ်(၉)ရပ်ကွက်ကို ဗဟို ပြုကာ လာမည့်အောက်တိုဘာ ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက် တိုင် ကျင်းပမည်ဖြစ်သည်။ ‘‘ကင်မရာတွေ အောက်တို ဘာ ၇ ရက်နေ့ကနေစပြီး လာ တပ်မှာပါ။ လုံခြုံရေးအရ ကင်မ ရာ ၁၀ လုံး တပ်ဆင်ရင်ရတယ် လို့ ကုမ္ပဏီကပြောပါတယ်။ လို အပ်ရင်လည်း ထပ်မံတပ်ဆင်ဖို့ရှိပါတယ်။ လုံခြံုရေးအတွက် တခြားအဖွဲ့အစည်းတွေလည်း ခေါ်ထားတာရှိပါတယ်’’ဟု အမှတ်(၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကပြောသည်။ ပွဲတော်ငါးရက်အတွင်း အစောပိုင်းနှစ်ရက်တွင် မာယာဒေဝီ တေးသရုပ်ဖော်အစီအစဉ်၊ ၁၅ ရက်နေ့တွင် ဟားတစ်သိုက် အငြိမ့်အဖွဲ့၊ ၁၆ ရက်နေ့တွင် Ugly Band နှင့်အတူ တေးသံရှင်များက ဖျော်ဖြေမည်ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်တွင် Five Star အငြိမ့်အဖွဲ့က ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း ၎င်းကပြော သည်။ ပွဲတော်ကာလအတွင်း လုံခြုံရေးအတွက် CCTV များကို ပွဲ တော်အထူးစည်ကားရာ လမ်း တစ်လျှောက်ဖြစ်သည့် အမှတ် (၉) ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ရေကျော်လမ်းတို့တွင် တပ်ဆင် ထားမည်ဖြစ်ပြီး မီးသတ်အင်အား ၃၀ ကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်အင်အား ၂၀ ခန့်ဖြင့် စောင့်ကြပ်သွားမည်ဖြစ်ကာ ရပ်ကွက်အလိုက် လုံခြုံရေးပိုင်းဆိုင်ရာကိုလည်း ထားရှိမည် ဖြစ်ကြောင်း သိရသည်။
Source : http://ift.tt/2d7K2BF
via IFTTT
No comments:
Post a Comment