Wednesday, October 12, 2016

ထိုင်းဘုရင် ကျန်းမာရေးအတွက် စိုးရိမ်မှုတွေ တိုးလာ

ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွား လာနေတဲ့အတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန် အိုချာက သူ့ရုံးတာဝန်တွေ အားလုံးကို ရပ်ဆိုင်းပြီး ဘန်ကောက်ကို ပြန်လည် ရောက်ရှိလာပါတယ်။ အိမ်ရှေ့မင်းသား မဟာ ဗာဂျီရာလောင်ကွန် ဟာလည်း သူ့ခမည်းတော်ကို ဆေးရုံမှာ တွေ့ဆုံဖို့ ထိုင်းနိုင်ငံကို ပြန်လည် ရောက်ရှိလာပြီလို့ ယုံကြည်ရပါတယ်။ တနင်္ဂနွေနေ့က ဘုရင့် ကျန်းမာရေး အတွက် သွေးသန့်စင် ကုသ ပေးခဲ့ရပြီး အသက်ရှူစက် တပ်ထားရတယ်လို့ ထိုင်းနန်းတော်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ #ဘီဘီစီမြန်မာပိုင်း အပြည့်အစုံသို့---
Source : http://trib.al/CHfGBFY
via IFTTT

No comments:

Post a Comment