Wednesday, October 12, 2016


မောင်တောတိုက်ခိုက်မှု သုံးလကျော် အချိန်ယူခဲ့ကြောင်း ဝန်ခံ မောင်တော၊ အောက်တိုဘာ ၁၂ မောင်တောမြို့ရဲတပ်ဖွဲ့ စခန်းများအား တိုက်ခိုက်ရန်အတွက် သုံးလကျော်ကြာ အချိန်ယူ၍ စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးရမိသူများက ဝန်ခံထွက်ဆိုခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။ ထွက်ပြေးတိမ်းရှောင်နေကြသည့် အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေးအတွက် တပ်မတော် စစ်ကြောင်းများမှလည်း ရှာဖွေ ရှင်းလင်းမှုများ ပြုလုပ်လျက်ရှိပြီး အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်ပွားမှုများ ရှိကြောင်း မောင်တောဒေသတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။ မောင်တောမြို့နယ် ကျီးကန်းပြင်ဌာနချုပ်ကို အကြမ်းဖက်သောင်းကျန်းသူများသည် ယနေ့(အောက်တိုဘာ ၁၂ ရက်) နံနက် ၁၀ နာရီကျော်တွင် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် တပ်မတော်စစ်ကြောင်းက ရှင်းလင်းပစ်ခတ်ခဲ့ရာ သောင်းကျန်းသူ လေးဦးကို ပစ်ခတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာရာလမ်းတစ်လျှောက်ရှိ ကျေးရွာများကို မီးရှို့ခဲ့သည့်အတွက် ဝက်ပိတ်ကျေးရွာမှာ တစ်ရွာလုံးနီးပါး မီးလောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့များထံမှ သိရသည်။ ဘဂ်လားဒေရှ် နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာသည့် အကြမ်းဖက် သောင်းကျန်းသူ နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့(BGF)က ဖမ်းဆီးပြီး မြန်မာအာဏာပိုင်များသို့ လွဲပြောင်း ပေးအပ်ခဲ့ကြောင်း တပ်မတော်အရာရှိတစ်ဦးက ပြောသည်။
Source : https://goo.gl/1EXYFg
via IFTTT

No comments:

Post a Comment