Friday, October 7, 2016

ကော်ဖီထဲ အဆိပ်ခတ် လူသတ်မှုတွင် အင်ဒိုနီးရှား မိန်းကလေး ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခံရဖွယ်ရှိ

ကော်ဖီတွင် ဆိုင်ယာနိုက် အဆိပ်ခတ်၍ သူငယ်ချင်းကို သတ်သည်ဟု စွပ်စွဲခံရသော မိန်းကလေးကို ထောင်ဒဏ် ၂၀ နှစ် ချမှတ်ရန် အင်ဒိုနီးရှား အမှုလိုက် အရာရှိများက ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ ဇန်နဝါရီလအတွင်းက ဂျကာတာ ကော်ဖီဆိုင်တွင် ကော်ဖီသောက်ပြီးနောက် လဲကျကာ သေဆုံးခဲ့သူ ကောလိပ်ကျောင်းနေဖက် ဆာလီဟင်းကို ကြိုတင်ကြံစည် လုပ်ကြံသတ်ဖြတ်ခဲ့သည် ဟူသော စွဲချက်ကို တရားခံ ဂျက်ဆီကာကူမာလာဝမ်ဆို (ဩစတြေးလျတွင် အမြဲနေထိုင်ခွင့် ပီအာရ် ရရှိထားသူ) က ငြင်းဆန်ခဲ့သည်။
Source : https://goo.gl/YQxbQm
via IFTTT

No comments:

Post a Comment