Saturday, October 8, 2016


"ဟေတီတွင် မုန်တိုင်းကြောင့် အသေအပျောက် ပမာဏ တစ်ရက်အတွင်း နှစ်ဆကျော် မြင့်တက်လာ" ဟေတီတွင် ဟာရီကိန်းမုန်တိုင်းကြီး မက်သရူး ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက် ကြေညာချက်သည် တစ်ရက်အတွင်း နှစ်ဆကျော် မြင့်တက်ကာ ၈၀၀ ကျော်ထိ ရှိလာပြီဟု သိရသည်။ အောက်တိုဘာ ၆ ရက်တွင် ဟေတီအစိုးရက မုန်တိုင်းကြောင့် လူ ၄၀၀ နီးပါး သေဆုံးကြောင်း သတင်းထုတ်ပြန်သော်လည်း အောက်တိုဘာ ၇ ရက်ထိ ကိန်းဂဏန်းများအရ ၈၀၀ ကျော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ကုလသမဂ္ဂက မုန်တိုင်း၏ ဆိုးရွားသော သက်ရောက်မှုနှင့် ပတ်သက်၍ မည်မျှထိ အသေအပျောက် များပြားသည် ဆိုခြင်းကို အတိအကျ ဖော်ထုတ်ရန် နောက်ထပ် ရက်အတန်ကြာ အချိန်ယူရနိုင်ကြောင်း သတိပေးထားပြီး သေဆုံးသူ အရေအတွက်မှာလည်း ဆက်လက် မြင့်တက်ဖွယ် ရှိနေသည်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၏ ကားလို့စ် ဗီလော့ဆိုက မုန်တိုင်းဒဏ် အဆိုးဆုံး ခံစားထားရသည့် ဒေသအချို့မှာ ကုန်းလမ်းခရီးဖြင့် သွားရောက်၍ မရဘဲ ရေကြောင်းနှင့် လေကြောင်းမှသာ သွားရောက်ရန် အဆင်ပြေကြောင်း ဆိုသည်။ ဟေတီတွင် Category 4 အဆင့်ရှိ မုန်တိုင်းကြီးကြောင့် သေဆုံးသူ အများစုသည် အနောက်တောင်ပိုင်း ကမ်းရိုးတန်း ဒေသများမှ ဖြစ်ကြသည်။ မက်သရူး ဟာရီကိန်းသည် အဆိုပါ ဒေသကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက် မွှေနှောက်ခဲ့ပြီး လေတိုက်နှုန်းသည် ပျမ်းမျှ တစ်နာရီ ၁၁၀ မိုင်နှုန်းမျှ ရှိခဲ့သည်။ ဟေတီတွင် ကယ်ဆယ်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်သော်လည်း အဘက်ဘက်မှ နှောင့်နှေးမှုများ ဖြစ်ပေါ်နေကြောင်း တာဝန်ရှိသူများက ဆိုသည်။ အသေအပျောက် ပမာဏကို ၈၀၀ ကျော်ဟု ကြေညာထားသော်လည်း ဝေးလံသီခေါင်သည့် ဒေသများသို့ အရောက်အပေါက် မရှိနိုင်သေးသည့်အတွက် အဆိုပါ ကိန်းဂဏန်းမှာ ဆက်လက် မြင့်တက်လာမည်ဟုလည်း ခန့်မှန်းထားသည်။ တောင်ပိုင်းရှိ ဂျရမီးမြို့မှာ အဆိုးဆုံး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး တစ်မြို့လုံးမှ အိမ်ခြေ အဆောက်အအုံ အားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ပြားပြားဝပ် ပြိုလဲကုန်ကြသည်။ အစိုးရနှင့် ကုလသမဂ္ဂက မုန်တိုင်းသင့် ပြည်သူ သုံးသိန်းခွဲမျှ အရေးပေါ် အကူအညီများ လိုအပ်နေမည်ဟု ခန့်မှန်းထားသည်။ ဟေတီသည် အနောက်ကမ္ဘာခြမ်းတွင် အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က လူပေါင်း ထောင်သောင်းချီ သေဆုံးသည့် ငလျင်ကြီးအပြီး အပြည့်အဝ ပြန်လည် နာလန်မထနိုင်သေးသည့် အချိန်တွင် ယခုလို မုန်တိုင်းအန္တရာယ် ကြုံခဲ့ခြင်း ဖြစ်သည်။ မက်သရူးသည် ယခုအခါ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ကမ်းခြေသို့ ဆက်လက် ဦးတည် ရွေ့လျားနေရာ ဒေသတွင်းတွင် အရေးပေါ် ရွှေ့ပြောင်းမှုများ ပြုလုပ်ထားသည်။ မုန်တိုင်း၏ ပြင်းထန်သော လေတိုက်ခတ်မှုများကြောင့် ဖလော်ရီဒါသို့ ကုန်းတွင်းမဝင်မီကတည်းက ဒေသအချို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။ Ref: AFP
Source : http://ift.tt/2dadHtW
via IFTTT

No comments:

Post a Comment