Saturday, October 8, 2016


ရွေးကောက်ပွဲကို နှောင့်ယှက်ရန် ရုရှားဟက်ကာများ ကြိုးစားနေဟု အမေရိကန် စွပ်စွဲ ရုရှားဟက်ကာများသည် အမေရိကန် ရွေးကောက်ပွဲ ရလဒ်များကို ကြားဝင်ခြယ်လှယ် နှောင့်ယှက်ရန် အားထုတ်နေကြကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက စွပ်စွဲလိုက်သည်။ မကြာသေးမီက အမေရိကန်၏ နိုင်ငံရေးဆိုင်ရာ အီးမေးလ်များကို ဟက်ကာများက ထိုးဖောက်ရယူရန် အားထုတ်မှုများ ရှိခဲ့ပြီး အရင်းအမြစ်သည် ရုရှားထံမှဟု ညွှန်ပြနေကြောင်း အမေရိကန် အမိမြေ လုံခြုံရေး ဌာနက ကြေညာသည်။ ယခုနှစ် အစောပိုင်းက ဒီမိုကရက် ပါတီတွင်း ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိုမှီးထားသော အချက်အလက်များကို ဟက်ကာများက ထိုးဖောက် ခိုးယူခဲ့ကြောင်း အထောက်အထားများ ထွက်ပေါ်လာသည်။ ထို့အပြင် ရွေးကောက်ပွဲနှင့် ဆက်စပ်သော စနစ်များကို သွယ်ဝိုက်ထိန်းချုပ်ရန် အားထုတ်မှုများပါ ရှိခဲ့ကြောင်း သတင်းအချို့လည်း ပျံ့နှံ့ခဲ့သည်။ အမေရိကန် အာဏာပိုင်များက ယခုဆိုက်ဘာတိုက်ခိုက်မှုများသည် ရုရှားမှ မြစ်ဖျားခံလာသော်လည်း ရုရှားအစိုးရနှင့် တိုက်ရိုက်ဆက်စပ်မှု မရှိနိုင်ဟု မှတ်ချက်ပေးခဲ့သည်။ ရုရှားအစိုးရဘက်က မိမိတို့ နိုင်ငံသားများ အနေဖြင့် အမေရိကန်တွင် ဆိုက်ဘာရာဇဝတ်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲချက်မှာ အခြေအမြစ် မရှိဟု တုံ့ပြန်ထားသည်။ အမေရိကန် အမိမြေ လုံခြုံရေးဌာနနှင့် ရွေးကောက်ပွဲ လုံခြံုရေးဆိုင်ရာ ထောက်လှမ်းရေးဌာန အကြီးအကဲတို့ ပူးပေါင်းထုတ်ပြန်သည့် အစီရင်ခံစာတွင်မူ ရုရှားအစိုးရက ညွှန်ကြားမှု မရှိသည့်တိုင် အစိုးရပိုင်းမှ ရာထူးကြီးသူ အချို့တို့သည် ယခုဖြစ်ရပ်၏ နောက်ကွယ်တွင် ပါဝင်နေလိမ့်မည်ဟု ဖော်ပြထားသည်။ သို့သော် အမေရိကန် ရွေးကောက်ပွဲ၏ မဲရေတွက်မှု ရလဒ်များကို ဆိုက်ဘာနည်းလမ်းဖြင့် တိုက်ခိုက်ပြီး ပြောင်းလဲပစ်ရန် ဆိုခြင်းမှာ အလွန်အမင်း ခက်ခဲသည့် ကိစ္စမျိုး ဖြစ်လိမ့်မည်ဟုလည်း သိရသည်။ အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရီပတ်ဘလစ်ကန် ကိုယ်စားပြု ဒေါ်နယ်လ်ထရမ့်နှင့် ဒီမိုကရက် ကိုယ်စားပြု ဟီလာရီ ကလင်တန်တို့အနက် တစ်ဦးကို သမ္မတသစ်အဖြစ် ရွေးချယ် သတ်မှတ်သွားမည် ဖြစ်သည်။ Ref: BBC
Source : http://ift.tt/2dTG50V
via IFTTT

No comments:

Post a Comment