ထိုင်းဘုရင်ကြီး ဘူမိဘောအဒူလျာဒက် သက်တော် ၈၉ နတ်ရွာစံပြီးတဲ့နောက် တိုင်းသူပြည်သားများ အနေနဲ့ ရှောင်ရန်ဆောင်ရန် အချက်တွေကို ထိုင်း၀န်ကြီးများရုံးက အောက်တိုဘာ ၁၃ ရက် ညက ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါအချက်တွေမှာ – (၁) ၂၀၁၆ အောက်တိုဘာလ ၁၄ ရက်မှ စတင်၍ ရက်ပေါင်း ၃၀ အတွင်း အစိုးရဌာနများ၊ စာသင်ကျောင်းနှင့် အစိုးရနှင့် ဖက်စပ်လုပ်ငန်းဌာနများတွင် ထိုင်းအလံတော်ကို တိုင်တ၀က်ထိလျှော့ချ လွှင့်ထူရန်၊ (၂) ၂၀၁၆ အောက်တိုဘာလ ၁၄ ရက်မှ စတင်၍ တနှစ်အတွင်း အစိုးရဌာနများ၊ စာသင်ကျောင်းနှင့် အစိုးရနှင့် ဖက်စပ်လုပ်ငန်းဌာနများအနေနှင့် ဘုရင်ကြီးရုပ်ကလာပ်ကို လာရောက် ဂါရ၀ပြုကြရန်၊ သာမန်ပြည်သူများအနေနှင့် ဆီလျော်သလို လာရောက်ဂါရ၀ပြုနိုင်ပါသည်။ (၃) နန်းတွင်းရေးရာဌာနမှ အမိန့်ထုတ်ပြန်ချက် မရမချင်း ဘုရင်ကြီးဓာတ်ပုံများဖြင့် အခမ်းအနား ကျင်းပခြင်းမှ ရှောင်ကြဉ်ရန်၊ (၄) ဘုရင်ကြီး၏ ဓာတ်ပုံများ ၊ ဘုရင်ကြီး၏ သင်္ကေတအမှတ်တံဆိပ်များပေါ်တွင် စာလုံးများရေးသားခြင်း ၊ အရုပ်ဖုံးကွယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ (၅) ဘုရင်ကြီး၏ ရုပ်ပုံဖြင့် မိမိပရိုဖိုင်းလ်ပုံပြောင်းခြင်း၊ ဘုရင်ကြီးရုပ်ပုံဖြင့် မိမိအားကိုယ်စားပြု၍ လူမှုကွန်ရက်တွင် လိုက်ခ်ခြင်း၊ ကော်မင့်ခြင်း၊ ရှယ်လ်ခြင်း မပြုရန်၊ ပြုလုပ်ထားသည်ကို တွေ့ရှိပါက သတိပေးရန်။ (၆) ဘုရင်ကြီးဓာတ်ပုံကို မူလသွင်ပြင်ပျက်ပြားအောင် ပြုပြင်ဖန်တီးခြင်း၊ မိမိအမည်ကို ရေးထည့်ခြင်းများကို မပြုရန် ၊ ပြုလုပ်ထားသည်ကို တွေ့ရှိပါက သတိပေးရန် (၇) ခွင့်ပြူချက်မရမချင်း ဖျော်ဖြေရေးနှင့်ပတ်သက်သော ဖွင့်လှစ်၀န်ဆောင်ခြင်း မပြုရန်။ (၈) အသိပေးကြေညာချက် မထုတ်မချင်း တေးဂီတဖျော်ဖြေပွဲ၊ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများ မကျင်းပရန် စတဲ့အချက်တွေ ပါ၀င်ပါတယ်။
Source : http://ift.tt/2dOLSXH
via IFTTT
No comments:
Post a Comment