Friday, October 14, 2016

အွန်လိုင်းဈေး ဝယ်ဝက်ဘ်ဆိုက် ၆,၀၀၀ နီးပါးထံမှ အချက်အလက်များကို ဟက်ကာများ ခိုးယူခဲ့

ဟက်ကာများသည် အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက် ၆,၀၀၀ ခန့်တွင် အန္တရာယ်ရှိ code များ ထည့်သွင်း၍ ဝယ်ယူသူများ၏ အကြွေးဝယ်ကတ် အချက်အလက်များကို ခိုးယူခဲ့ကြောင်း ဒတ်ခ်ျလူမျိုး developer ဝီလန်ဒီဂရုက ပြောဆိုခဲ့သည်။ ဝက်ဘ်ဆိုက် ဆော့ဖ်ဝဲအတွင်း အချက်အလက် ခိုးယူခြင်းဆိုင်ရာ ကုဒ်လက္ခဏာကို ဆိုက်ပေါင်း ၅,၉၂၅ တွင် တွေ့ရှိခဲ့သည်။ ခိုးယူထားသော အချက်အလက်တချို့ကို ရုရှားအခြေစိုက် ဆာဗာများသို့ ပေးပို့ထားကြောင်း ဝီလန်ဒီဂရုက ပြောကြားခဲ့သည်။ ယခုတိုက်ခိုက်မှုများသည် အမျိုးအစားမတူဘဲ ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိသော web retailing ပရိုဂရမ်များရှိ အားနည်းချက်များကို အပြည့်အဝအသုံးချထားကြောင်း မစ္စတာဒီဂရုက ပြောကြားခဲ့သည်။ မစ္စတာဒီဂရုသည် ဒတ်ခ်ျ ecommerce ဆိုက် byte.nl ၏ တွဲဖက်တည်ထောင်သူနှင့် လုံခြုံရေးအကြီးအကဲလည်း ဖြစ်သည်။ တိုက်ခိုက်သူများသည် အကြွေးဝယ်ကတ်နှင့် အခြားငွေပေးချေမှု အချက်အလက်များကို ကူးယူနိုင်ရန် ရှုပ်ထွေးစေမည့် code များကို ထည့်သွင်းခဲ့သည်။ ခိုးယူခဲ့သော အချက်အလက်များကို dark web ဈေးကွက်များတွင်ရောင်းချလျှင် အကြွေးဝယ်ကတ်တစ်ခုလျှင် ဒေါ်လာ ၃၀ အထိ ရရှိနိုင်ကြောင်း ဒီဂရုကပြောကြားခဲ့သည်။ Ref: BBC Tags:
Source : http://ift.tt/2eytUeu
via IFTTT

No comments:

Post a Comment