ဒေါ်နယ်ထရမ့်၏ ဗီဒီယို ထွက်ပေါ်လာပြီးနောက် ဟီလာရီကလင်တန်က ဂဏန်း နှစ်လုံး အသာစီးရ နယူးယောက်၊ အောက်တိုဘာ ၁၂ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ အမျိုးသမီးများကို နှိမ့်ချ စော်ကားသော ဗီဒီယို ပျံ့နှံ့သွားပြီးနောက် ဒီမိုကရက်သမ္မတလောင်း ဟီလာရီကလင်တန်က ၁၁ ရာခိုင်နှုန်း အသာစီး ရသွားသည်ဟု အင်္ဂါနေ့က ထုတ်ပြန်သော သဘောထား စစ်တမ်းတွင် တွေ့ရှိရကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်ကို ထောက်ခံသူ ၄၉ ရာခိုင်နှုန်း ရှိလာပြီး ထရမ့်ကို ထောက်ခံသူ ၃၈ ရာခိုင်နှုန်း ရှိသည်ဟု PRRI/The Atlantic စစ်တမ်းက ဖော်ပြထားသည်။ ယခင်နှစ်ပတ်က စစ်တမ်းတွင်မူ သမ္မတလောင်း နှစ်ဦးသည် ထောက်ခံသူ ၄၃ ရာခိုင်နှုန်းစီဖြင့် အကြိတ်အနယ် သရေ ကျခဲ့ကြသည်။ အမျိုးသမီး သဘောထား ပေးသူများအကြားတွင် ဟီလာရီက ထရမ့်ကို ၆၁ - ၂၈ ရာခိုင်နှုန်းဖြင့် အသာစီး ရခဲ့ပြီး အမျိုးသား သဘောထား ပေးသူများကြားတွင်မူ ထရမ့်က ၄၈ - ၃၇ ရာခိုင်နှုန်းဖြင့် အသာ ရခဲ့သည်ဟု ဆိုသည်။ လူဖြူ မဲဆန္ဒရှင်များ အကြားတွင် ထရမ့်က ၄၅ - ၄၁ ရာခိုင်နှုန်းဖြင့် အသာစီးရခဲ့ပြီး လူဖြူ မဟုတ်သော မဲဆန္ဒရှင်များ ကြားတွင်မူ ကလင်တန်က ၇၂ - ၁၇ ရာခိုင်နှုန်းဖြင့် အသာစီး ရခဲ့သည်။ ကောလိပ်ဘွဲ့ရ လူဖြူ မဲဆန္ဒရှင်များ အကြားတွင်မူ ကလင်တန်က ၅၃ - ၃၇ ရာခိုင်နှုန်းဖြင့် အသာရခဲ့ပြီး ကောလိပ်ဘွဲ့ မရ သော လူဖြူများ အကြားတွင်မူ ထရမ့်က ၅၂ - ၃၁ ရာခိုင်နှုန်းဖြင့် ထောက်ခံမှု ရနေဆဲ ဟု စစ်တမ်း ရလဒ်များက ဖော်ပြသည်။ ထရမ့်က အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အသုံးချခံသဖွယ် ပျစ်ပျစ်နှစ်နှစ် ပြောဆိုထားသော ဗီဒီယို လူထုအကြား ပြန့်ပွားသွားပြီးနောက် ၎င်းအပေါ် ရီပတ်ဘလစ်ကန်ပါတီတွင်းမှ ထောက်ခံမှုများပါ ကျဆင်းသွားခဲ့သည်။ ယခု သဘောထား စစ်တမ်းသည် အောက်တိုဘာ ၅ ရက်မှ ၉ ရက်အတွင်း မဲဆန္ဒရှင် ၁၃၂၇ ဦးအကြား မေးမြန်းခဲ့ခြင်းဖြစ်သည်။ စစ်တမ်း၏ လွဲချော် မှားယွင်းနိုင်မှု အတိုင်းအတာမှာ ၃ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်သည်။ ဖြေဆိုသူ ထက်ဝက်နီးပါးမှာ ထရမ့်က အဝတ်လဲခန်း အတင်းအဖျင်းဟု ခေါ်ဝေါ်သတ်မှတ်သော ဗီဒီယို ထွက်ပေါ်လာပြီးနောက် မေးမြန်းထားခြင်း ခံရသူများ ဖြစ်သည်။
Source : https://goo.gl/t4mfju
via IFTTT
No comments:
Post a Comment