ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ အတွက် အကဲဖြတ်ချက် လွှတ်တော် ပုံမှန်အစည်း အဝေးများ ပြီးဆုံးခါနီးတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် အမတ်များ တွေ့ဆုံပွဲ၌ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အစိုးရအား အကျပ်ရိုက်စေမည့် မေးခွန်းများ မမေးရန် ပြောကြားခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီး နောက် အစိုးရအပေါ် လွှတ်တော် ၏ ထိန်းကျောင်းနိုင်မှုအခြေအနေ ကို ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။ မေးခွန်းများလာသည့်လွှတ်တော် ဒုတိယအကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးများသည် အစိုးရကို မေးခွန်းများများ မေး သည့် အစည်းအဝေးများ ဖြစ်ခဲ့ သည်။ ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ၄၃ ရက်အတွင်း ကြယ်ပွင့်ပြမေးခွန်း ၈၃ ခုသာ မေးနိုင်ခဲ့သော်လည်း ဒုတိယပုံမှန်အစည်းအဝေး ၄၇ ရက်အတွင်း မေးခွန်း ၂၂၅ ခုအထိ မေး မြန်းနိုင်ခဲ့သည်။ ထို့အတူ ကြယ် ပွင့်မပြမေးခွန်းမှာ ပထမပုံမှန်ကာလက ၁၀၃ ခုသာရှိရာမှ ဒုတိယ ပုံမှန်တွင် ၄၀၇ ခုအထိ မေးမြန်းနိုင်ခဲ့သည်။ အမျိုးသားလွှတ်တော်ဘက် တွင်လည်း ပထမပုံမှန်ကာလအ တွင်း ကြယ်ပွင့်ပြမေးခွန်း ၃၃ ခု သာ မေးမြန်းနိုင်ခဲ့ပြီး ဒုတိယပုံမှန် ကာလတွင်မူ ၁၄၇ ခုထိ မေးမြန်း နိုင်ခဲ့သည်။ ထို့အတူ ကြယ်ပွင့် မပြမေးခွန်းမှာ ပထမပုံမှန်ကာလ က ခြောက်ခုသာရှိရာမှ ဒုတိယပုံ မှန်တွင် ၉၂ ခုထိ မေးမြန်းနိုင်ခဲ့ သည်။ အတိုက်အခံတို့၏အဆိုများရှုံးနိမ့် အဆိုများအနေဖြင့် ပြည်သူ့ လွှတ်တော်တွင် အရေးကြီးအဆို နှစ်ခု အပါအဝင် အဆိုစုစုပေါင်း ၁၆ ခု တင်သွင်းဆောင်ရွက်နိုင်ခဲ့ သည်။ အတည်ပြုအဆိုလေးခု၊ မှတ်တမ်းတင်အဆိုကိုးခု၊ အတည်မပြုအဆို နှစ်ခုနှင့် ဆွေးနွေးရန် မသင့် အဆိုတစ်ခုတို့ဖြစ်သည်။ အဆိုများထဲတွင် စိတ်ဝင် စားစရာ အကောင်းဆုံးနှင့် အထိ ရောက်ဆုံးအဆိုမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ဒီချုပ်အမတ် ဦးပြုံးချို၏ အမျိုးသားလူ့အခွင့်အရေး ကော် မရှင်အဖွဲ့ဝင်အချို့အား ထိထိ ရောက်ရောက် အရေးယူပေးရန် တိုက်တွန်းကြောင်း အဆိုဖြစ် သည်။ ကိုယ်စားလှယ် ၁၆ ဦးအထိ ဆွေးနွေးခဲ့သည့် ယင်းအဆိုကို လွှတ်တော်က အတည်ပြုခဲ့ သည်။ ပြည်သူများ၏ဆန္ဒနှင့်ထပ် တူညီသော တောင်းဆိုမှုတစ်ခုကို ပြည်သူများကိုယ်စား အဆိုတင် သွင်းမှုအဖြစ် အသိအမှတ်ပြုရ မည်ဖြစ်သည်။ အဆိုမှအာအတည်ဖြစ်ခဲ့ပြီး မကြာမီပင် ကော်မရှင် အဖွဲ့ဝင်အချို့အား သမ္မတက နုတ်ထွက်ခွင့်ပြုခဲ့သည်။ ကိုဖီအာနန် ကော်မရှင်နှင့် ပတ်သက်သည့် အဆိုမှာလည်း လွှတ်တော်တွင် ဇာတ်ရှိန်မြင့်ခဲ့ သည့် အဆိုတစ်ခုဖြစ်ခဲ့သည်။ရခိုင် အမျိုးသားပါတီအမတ် ဦးအောင် ကျော်ဇံ တင်သွင်းသောရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် တွင် နိုင်ငံခြားသားသုံးဦး ပါဝင် နေခြင်းသည် မိမိနိုင်ငံ၏ပြည်တွင်း ရေးပြဿနာကို နိုင်ငံတကာ ပြ ဿနာအဖြစ် ဖန်တီးရာရောက်စေ ပါသဖြင့် ကော်မရှင်တွင် ပြည် တွင်းမှ တတ်သိပညာရှင်များဖြင့် သာ ဖွဲ့စည်းသင့်ကြောင်း အစိုးရအား တိုက်တွန်းသည့် အဆိုဖြစ်သည်။ အမတ် ၃၄ ဦးအထိ ဆွေးနွေးခဲ့ကြပြီး အဆိုမှာရှုံးနိမ့်ခဲ့သည်။ လွှတ်တော်ဥက္ကဋ္ဌက မတ်တတ်ရပ် မဲခွဲသည့်နည်းဖြင့် ဆုံးဖြတ်စေခဲ့ရာ ထောက်ခံသူ ၁၄၈ ဦးနှင့် ကန့်ကွက်သူ ၂၅၀ ဦး ရှိခဲ့သဖြင့် အဆိုရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပြည်ခိုင်ဖြိုးအမတ် ဦးသန်းစိုး၏ အမေရိကန်ပိတ်ဆို့မှု နှင့်ပတ်သက်သည့်အဆိုမှာ လွှတ် တော်တွင် ဆွေးနွေးရန်သင့်၊ မသင့်မဲခွဲသည့်အဆင့်၌ပင် ရှုံးနိမ့်ခဲ့ သည်။ ဦးသန်းစိုးက အမေရိကန် နိုင်ငံက မြန်မာနိုင်ငံအပေါ် စီး ပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် နိုင်ငံတော် အစိုးရက ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုဖြစ်သည်။ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုကို လွတ်မြောက်စေခဲ့ သော ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်မတိုင်မီတင်ခဲ့သော အဆိုလည်းဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်း သည့် အခြေခံပညာရေးဥပဒေ ရေးဆွဲရာတွင် လူထုသဘောထား အမြင်များ ပါဝင်နိုင်ရေး လူတန်းစား အလွှာစုံပါဝင်သော ဆွေးနွေးပွဲများ ကျင်းပရန် အစိုးရကို တိုက် တွန်းသည့်အဆိုကိုလည်း ပြည်သူ့ လွှတ်တော်တွင် လက်ခံဆွေးနွေး ခဲ့သည်။ အဆိုကို လွှတ်တော်ကိုယ် စားလှယ် ၁၈ ဦးတို့က ဆွေးနွေးပြီး နောက် လွှတ်တော်၏ အဆုံးအ ဖြတ်ကိုခံယူရာ အတည်မပြုသင့် ကြောင်း မဲပေးသူများသဖြင့်လွှတ်တော်ကအတည်မပြုခဲ့ပေ။ အမျိုးသားလွှတ်တော်တွင်မူ အဆိုတင်သွင်းမှု သုံးကြိမ်ရှိပြီး အတည်ဖြစ်သည့် အဆိုတစ်ခု၊ မှတ်တမ်းအဖြစ်သာ ထားရှိသည့် အဆိုတစ်ခုနှင့် အတည်မဖြစ်သည့် အဆိုတစ်ခုဖြစ်သည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟောင်း ဦးခင်အောင်မြင့်၏ တိုင်း ရင်းသားများ ပညာရေးနှင့်ပတ် သက်၍ အစိုးရအား တိုက်တွန်း ကြောင်း အဆိုမှာ ရှုံးနိမ့်ခဲ့သည်။ တိုင်းရင်းသားမျိုးနွယ်စုများ အတွက် စာမတတ်သူပပျောက် ရေး၊ အဆင့်မြင့်ပညာများ သင် ကြားနိုင်ရေးနှင့် တိုင်းရင်းသား စာပေ ထွန်းကားရေးတို့အတွက် အထူးစီမံကိန်းချမှတ်၍ စဉ်ဆက် မပြတ် အားပေးမြှင့်တင်ရန် ပြည် ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုကို မဲခွဲရာ ရှုံးနိမ့်ခဲ့ ခြင်းဖြစ်သည်။ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည့်ဥပဒေခုနစ်ခု ပြည်ထောင်စုလွှတ်တော် ဒု တိယပုံမှန် အစည်းအဝေးအတွင်း ဥပဒေခုနစ်ခုအထိ ပြဋ္ဌာန်းနိုင်ခဲ့သည်။ ၂၀၁၆ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင် သည့်ဥပဒေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ရုပ် သိမ်းသည့်ဥပဒေ၊ မန္တလေးမြို့ တော် စည်ပင်သာယာရေး ဥပဒေ ကို ရုပ်သိမ်းသည့်ဥပဒေ၊ အရေး ပေါ် စီမံမှုအက်ဥပဒေကို ရုပ်သိမ်း သည့်ဥပဒေနှင့် ငြိမ်းချမ်းစွာစုဝေး ခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေတို့ဖြစ် သည်။ ပြည်သူ့လွှတ်တော်နှင့် အ မျိုးသားလွှတ်တော်တို့က အတည် ပြုပြီးဖြစ်သည့် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဥပဒေကြမ်းကိုလည်းပြည် ထောင်စုလွှတ်တော်က အတည် ပြုသည်ဟုမှတ်ယူပြီး နိုင်ငံတော် သမ္မတလက်မှတ်ရေးထိုး ထုတ် ပြန်နိုင်ရန် ပေးပို့နိုင်ခဲ့သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းမှာ ဒေါ်အောင်ဆန်း စုကြည်၏ အမေရိကန်ခရီးစဉ်အ တွင်း အချိန်လု ရေးဆွဲခဲ့ရသော ဥပဒေကြမ်းဖြစ်သည်။ ထို့ကြောင့် ယင်းဥပဒေမှာ အမေရိကန် ပိတ်ဆို့မှုများအလွန် ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် အချိန်ကိုက် ဥပဒေတစ်ခုဖြစ်လာသည်။ ထို့အပြင် နိုင်ငံရေးသမားများ ကို ထောင်သွင်းအကျဉ်းချရာတွင် အသုံးပြုခဲ့သည့် အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းနိုင်ခဲ့သည်။ ပြည်သူအတွက် အရေးပါ သည့် ဥပဒေတစ်ခုမှာ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေဖြစ် သည်။ ယင်းဥပဒေအရ ယခင်ကဲ့ သို့ ခွင့်ပြုချက်တောင်းခံစရာ မလို တော့ဘဲ အသိပေးရုံဖြင့် ငြိမ်းချမ်း စွာ စုဝေးစီတန်း လှည့်လည်နိုင် တော့မည်ဖြစ်သည်။ ထို့အပြင် ရပ်/ကျေးဥပဒေ ကြမ်းမှာလည်း ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးအတည် ပြုရန်သာ ကျန်ရှိတော့သည်။ယင်း ဥပဒေကြမ်းအရ ယခင်ကကဲ့သို့ ဧည့်စာရင်းတိုင်ရန် မလိုတော့ဘဲ တစ်လနှင့် တစ်လအထက် လာ ရောက် တည်းခိုနေထိုင်မှသာသက်ဆိုင်ရာသို့ အသိပေးရမည်ဖြစ်သည်။ ဒုတိယပုံမှန်အစည်းအဝေး ကာလအတွင်း ဆွေးနွေးခဲ့သော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံ ခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ကြမ်းကလည်း နိုင်ငံသားများကို တိုက်ရိုက်အကျိုး သက်ရောက်စေသည့် ဥပဒေကြမ်းတစ်ခု ဖြစ် သည်။ ဥပဒေကြမ်းများအနေဖြင့် ပြည်သူ့လွှတ်တော်တွင် စတင် ဆွေးနွေးခဲ့သည့် ဥပဒေကြမ်းငါးခု အပါအဝင် ဆောင်ရွက်ဆဲဥပဒေ ကြမ်း ၁၉ ခုရှိပြီး အတည်ပြုဆောင် ရွက်နိုင်ခဲ့သည့် ဥပဒေကြမ်း ၁၀ခု အထိ ရှိခဲ့သည်။ ဆက်လက်ဆွေး နွေးရန်အတွက် ဥပဒေကြမ်းကိုးခု ကျန်ရှိသည်။ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည့် အမတ်များ လွှတ်တော်တွင်း ဆောင် ရွက်ချက်များ ကောင်းမွန်ခဲ့သော် လည်း လွှတ်တော်အမတ်အချို့၏ ပြင်ပလူမှုရေးပြဿနာ သတင်း များမှာ ဒုတိယအကြိမ်လွှတ်တော် သက်တမ်းအတွင်း ပေါ်ပေါက်ခဲ့ သည်။ ရွှေပြည်သာ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နှင့် မိုတယ် ရွှေပြည်သာတို့ ဖြစ်ပွားခဲ့သော အမှုက ဟိုးလေးတကျော် ဖြစ်ခဲ့ သည်။ ကာရာအိုကေဆိုရန် မိုတယ်သို့ သွားရောက်ရာတွင် မိုတယ်ဘက်မှ ကာရာအိုကေခန်း များမရှိဟု တုံ့ပြန်သဖြင့် ဆဲဆိုရမ်းကားသည်ဟုဆိုကာ မိုတယ်ဘက်က အမတ်အား တရားစွဲခဲ့ခြင်းဖြစ် သည်။ သို့သော် ရက်ပိုင်းအတွင်းမှာပင် ရွှေပြည်သာအမတ်သတင်း ကို နောက်ကောက်ချနိုင်ခဲ့သည် မှာ မန္တလေးရောက်သွားသော မြောင်းမြအမတ်၏ သတင်းပင် ဖြစ်သည်။ မြောင်းမြအမတ် ဒေါက်တာစိုးမိုးသူ၏ အိမ်ထောင်ရေးပြဿနာဖြစ်ပြီး အဆိုပါဖြစ်စဉ်နှစ်ခုစလုံးကို တရားဥပဒေအ တိုင်းသာ လုပ်ဆောင်မည်ဖြစ်ပြီး ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ဦးဝင်းထိန်ကပြောကြား ခဲ့သည်။ ဒုတိယပုံမှန်အစည်းအဝေး ပြီးဆုံးသည့် အောက်တိုဘာ ၇ ရက်တွင် ပြုလုပ်သော အစည်းအ ဝေး၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရာဇဝတ်မှုဖြစ်မည် ကိုစိုးရိမ်သဖြင့် ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှုကို ထုတ်ပြန်မည်မဟုတ်ဟု ပြောကြားမှုမှာလည်း ဝေဖန်စရာဖြစ်ခဲ့သည်။ ဒေသဖွံ့ဖြိုးရေးကျပ်သိန်းတစ်ထောင် ၂၀၁၆-၁၇ ခု ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရန် မြို့နယ်ဖွံ့ဖြိုးရေး လုပ် ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များဖွဲ့စည်းရန် လွှတ်တော် ကိုယ်စားလှယ်များထံ ပန်ကြား စာများ ထုတ်ပြန်ခဲ့သော်လည်း မြို့နယ်ပေါင်း ၃၀၈ မြို့နယ်သာ တင်ပြကြပြီး ၁၇ မြို့နယ်မှာ တင် ပြရန် ကျန်ရှိနေသေးသည်။ ထို့အပြင် မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော် ရေးအဖွဲ့များအနေဖြင့် လုပ်ငန်း ဆောင်ရွက်ခွင့်နှင့် ရန်ပုံငွေသုံးစွဲ ခွင့်များကို အဆိုပြုချက်ပုံစံ(၁) ဖြင့် တင်ပြခြင်းကို ၂၇၈ မြို့နယ်က တင်ပြထားရာ ခွင့်ပြုမိန့်ထုတ်ပြန် ထားပြီးဖြစ်သည်။ ကျန်ရှိသည့် မြို့နယ် ၄၇ မြို့နယ်ကိုလည်း အ ဆိုပြုချက်ပုံစံ(၁)များ ပေးပို့ရန် နှိုး ဆော်စာထုတ်ပြန်ထားသည်။ ဒုတိယပုံမှန်၏ ထူးခြားမှု (၃၇)ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေညီလာခံ (37th General Assembly of the ASEAN Inter-Parliamen tary Assembly)ကို စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၃ရက် အထိ ပြည်ထောင်စုလွှတ်တော်က ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် နေပြည်တော်၌ အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သည်။ ထို့ပြင် ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန် တိန့်ယိန်း တရားမဲ့ပြုကျင့်မှု ကြောင့် ရွေးကောက်ခံရမှု ပျက် ပြယ်ခဲ့ပြီး ၎င်းနေရာတွင် တစ်သီး ပုဂ္ဂလကိုယ်စားလှယ် ဦးယောနာ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။ ကျန်းမာရေးကြောင့် ရက်ရှည်နားနေရ သည့် လွှတ်တော်ကိုယ်စားလှယ် သုံးဦးရှိခဲ့ပြီး အဆိုပါသုံးဦးအနက် ပထမအကြိမ် လွှတ်တော်သက် တမ်းကတည်းက ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအထိအမျိုးသားလွှ တ်တော်ဥပဒေကြမ်းကော် မတီအတွင်းရေးမှူးအဖြစ်တာဝန် ယူခဲ့သူ ဒေါက်တာမြတ်ဉာဏစိုး လည်း ပါဝင်ခဲ့သည်။ ဥက္ကဋ္ဌများ၏ အမှာစကား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦး ဝင်းမြင့်က ‘‘မိမိတို့ဥပဒေပြုရေး မဏ္ဍိုင်အနေနဲ့ (Check and Ba-lance) ပြုလုပ်တဲ့နေရာမှာ ကန့်သတ်ချက်ဘောင်များကို ကျော် လွန်ပြီး အုပ်ချုပ်ရေးကဏ္ဍတွေ၊ တရားစီရင်ရေးကဏ္ဍတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းတွေ မဖြစ်ရအောင် သတိပြုဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်’’ဟု ဒုတိယ ပုံမှန်အစည်းအဝေးအပြီးတွင် အ မတ်များအား အဓိကထားမှာကြား သည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကလည်း‘‘ပြည် သူ့ဆန္ဒ၊ ပြည်သူ့ဘဝနှင့် ပြည်သူ့ စကားများကိုသိရှိအောင်လေ့လာကြပါ။ ပြည်သူ့အကျိုးစီးပွားကို မြင့်မြင့်မားမား ဖော်ဆောင်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြ ပါ။ ဒေသခံမဲဆန္ဒရှင်ပြည်သူတွေ က ဆောင်ရွက်ပေးစေလိုတဲ့ အ ကျိုးပြုလုပ်ငန်းတွေကို သက်ဆိုင် ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်ကြပါ’’ဟု မှာကြားခဲ့ သည်။ ။
Source : http://ift.tt/2dKtRdf
via IFTTT
No comments:
Post a Comment