Wednesday, October 12, 2016

The Voice

မောင်တောတွင် ရဲကင်းများ ရုတ်သိမ်းသည်မှာ မဟုတ်မှန် မောင်တော၊ အောက်တိုဘာ ၁၂ မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရဲစခန်းရုတ်သိမ်းသဖြင့် ဒေသခံများ သုံးမိုင်သို့ ထွက်ပြေးနေရကြောင်း မီဒီယာအချို့တွင်ဖော်ပြထားမှုမှာ မဟုတ်မှန်ကြောင်း ယင်းကျေးရွာများတွင် လုံခြုံရေးတာဝန်ယူထားသော အမှတ် ၄ လုံခြံုရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး လက်အောက်ခံ တပ်ခွဲမှ ဒုရဲမှုးကြီး စိုးမြင့်အောင်က ပြောကြားသည်။ "လုံခြုံရေးရဲစခန်းတွေ ရုတ်သိမ်းမှုလုံးဝမရှိပါဘူး။ ဒေသခံပြည်သူတွေအတွက် လုံခြံုရေးကို အင်အား အပြည့်အဝနဲ့ ဆောင်ရွက်နေပါတယ်။ နိရဥ္စရာသတင်းမှာဖော်ပြထားသလို ရဲစခန်းတွေရုတ်သိမ်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး"ဟု ၎င်းက ထပ်မံပြောဆိုသည်။ အလယ်သံကျော်ကင်းစခန်းအနီး၌ မင်္သကာဖွယ်တွေရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့များမှ ခြောက်လန့်ပစ်ခတ်သဖြင့် အနီးအနားကျေးရွာများမှ ထိတ်လန့်မှုများဖြစ်ပေါ်ပြီး သုံးမိုင်သို့ ခေတ္တတိမ်းရှောင်ခဲ့ကြခြင်းသာဖြစ်ကြောင်း အလယ်သံကျော်မှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောကြားသည်။ လုံခြုံရေးအဖွဲ့ဝင်များ အလယ်သံကျော်ဘက်မှ ပစ်ခတ်သံများကြားသဖြင့် လှည့်ကင်းဆောင်ရွက်စဉ် ရွာသားအချို့မှာ ကြောက်ရွံသဖြင့် သုံးမိုင်သို့ တိမ်းရှောင်ခဲ့ကြပြီး ယခုကျေးရွာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သရေကုန်းဘောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။ မောင်တောမြို့နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များတွင် ရခိုင်ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်မှုအားနည်းသည့်အတွက် ကောလလဟလများစွာထွက်ပေါ်နေပြီး ရခိုင်ပြည်နယ်အစိုးရအနေဖြင့် သတင်းမှန်များ ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း ယင်းဒေသသို့ရောက်ရှိနေသည့် သတင်းမီဒီယာများထံမှ သိရသည်။
Source : https://goo.gl/bA100Z
via IFTTT

No comments:

Post a Comment