ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကြီး၌ လက်ရှိတွင် အရက်ဖြတ်လူနာ အများဆုံး ရှိနေပြီး ၂၀၁၅ ခုနှစ် စာရင်းများအရ အရက်ဖြတ်လူနာ ၈၀၀၀ နီးပါး ရှိကြောင်း သိရ “ကျွန်မတို့ ဆေးရုံက ခုတင် ၁၂၀၀ ဆံ့ ဆေးရုံကြီး ဖြစ်ပါတယ်။ အခုအခါမှာဆိုရင် လူနာပေါင်း ၁၇၀၀ နီးပါး တက်ရောက်နေပြီ ဖြစ်ပါတယ်။ နေ့စဉ် ၁၆၅၀ နဲ့ ၁၇၀၀ ကြားမှာ ရှိနေပါတယ်။ လူနာတွေ ကုသတဲ့ နေရာမှာပေါ့နော်။ ကုသတဲ့လူနာမှာ ထိပ်ဆုံးမှာ လူနာအများဆုံးကတော့ အရက်ဖြတ်တဲ့ လူနာတွေ များပါတယ်။ ဒုတိယနေရာကတော့ စိတ်ကျစိတ်ကြွရောဂါ ဖြစ်ပါတယ်။ တတိယကတော့ စိတ်ကစဉ့်ကလျား ရောဂါပေါ့။ နောက်ပြီးတော့ ရောဂါတွေကြောင့် ဖြစ်တာပေါ့။ ဥပမာ-ကင်ဆာ၊ ကျောက်ကပ်ရောဂါတွေကို လူတွေက အကြာကြီး ဖြစ်တော့ လူတွေက စိတ်ဓာတ်တွေ ကျပြီးတော့ ဖြစ်လာတာပေါ့။ ကုသမှု ခံယူတာကတော့ အမြဲတမ်း ၂၀၀ နီးပါး ရှိပါတယ်။ အရက်ဖြတ် ကုသတာကတော့ တစ်နှစ်လုံးကျော် ဆိုရင်တော့ ၇၈၀၀ ကျော် ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် တစ်နှစ်လုံးမှာပေါ့” ဟု ဒေါက်တာ သင်းသင်းအေးက ပြောကြားသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် -----> http://ift.tt/2dEKiv4
Source : http://ift.tt/2dEKiv4
via IFTTT
No comments:
Post a Comment