Friday, October 14, 2016

DVB TV News

အောင်​ပန်​းမြို့လယ်​​ခေါင်​​ ကုန်​စုံဆိုင်​တွင်​ လူသတ်​ဖောက်ထွင်းမှု ဖြစ်​ပွား အောင်ပန်းမြို့မှာ ဒီနေ့ မနက် ၂ နာရီအချိန်လောက်က ဦးသန့်လမ်း အောင်ကျော်လင်း ကုန်စုံဆိုင်ပိုင်ရှင်ကို သတ်ပြီး ငွေကျပ်သိန်း ၂၀ ကျော် ဆိုင်ဖောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ကလောမြို့နယ် အောင်ပန်းမြို့ ရပ်ကွက် ၁ ဦးသန့်လမ်း အောင်ကျော်လင်းကုန်စုံဆိုင်မှာ ဒီနေ့ မနက် ၂ နာရီလောက်က တံခါးဖွင့်ထားတာကို အနီးရှိ လက်ဖက်ရည်ဆိုင်က မသင်္ကာဖွယ် တွေ့ရှိတဲ့အတွက် အောင်ပန်းနယ်မြေရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။ အောင်ပန်းနယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်ငွေမျိုးမြင့်နီ ဦးဆောင်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့နဲ့အတူ သွားရောက်စစ်ဆေးရာ ဆိုင်ပိုင်ရှင် ကိုအောင်ကျော်လင်းဟာ ချည်သားအနက်ရောင် အနွေးထည်လက်ရှည်နဲ့ တီရှပ်အနက်ရောင် လက်တိုတို့ ဝတ်ဆင်ထားပြီး ခန္ဓာကိုယ် အောက်ပိုင်းအဝတ်အစားမပါဘဲ ဝဲဘက်ရင်အုံမှာ စကေဘာဓား ထိုးသွင်း ဒဏ်ရာတချက်နဲ့ သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် သေဆုံးသူ အောင်ကျော်လင်းရဲ့ အလောင်းကို မရွှေ့စဉ် ခန္ဓာကိုယ်အောက်မှာ စကေဘာတခုကို တွေ့ရှိရပြီး အလောင်းအား အောင်ပန်းပြည်သူ့ ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ သေဆုံးသူ ဆိုင်ပိုင်ရှင်ညီမဖြစ်သူကို အကြောင်းကြားပြီး ဆက်လက်စစ်ဆေးရာ ဆိုင်ရောင်းချငွေတွေပါ ပျောက်ဆုံးနေကြောင်း ထပ်မံသိရှိခဲ့ရပါတယ်။ ဆိုင်ပိုင်ရှင်သေဆုံးမှုနဲ့ပတ်သက်ပြီး ညီမဖြစ်သူ မထွေးငယ်က စုံစမ်းဖော်ထုတ် အရေးယူပေးပါဖို့ တိုင်တန်းလာတဲ့အတွက် အောင်ပန်းနယ်မြေရဲစန်းမှ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ အမှုကြီး အမှတ်စဉ် (၄/၂၀၁၆)နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
Source : http://ift.tt/2dOUEVE
via IFTTT

No comments:

Post a Comment