Friday, October 14, 2016

အငှားယာဉ်ပေါ်တွင် ကလေးထားခဲ့သည့် အမျိုးသမီးကို ရဲတပ်ဖွဲ့ ရှာဖွေ - DVB

အငှားယာဉ်ပေါ်တွင် ကလေးထားခဲ့သည့် အမျိုးသမီးကို ရဲတပ်ဖွဲ့ ရှာဖွေ အောက်တိုဘာ ၁၃ ရက်နေ့ ၇ နာရီ ၄၀ လောက်က လှည်းတန်းကနေ ယာဉ်ငှားလာတဲ့ ကလေးငယ် ပွေ့ချီထားတဲ့ အမျိုးသမီးဟာ ငှက်ပျောတော လမ်းသွယ်အရောက် ကလေးငယ်ကို ကားပေါ် ထားပြီး ပျောက်ဆုံးသွားခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။ ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ စိန်ဂေဟာရှေ့တွင် ဦးတိုးညွန့်ရဲ့ အငှားယာဉ်ကို ကလေးငယ်ကို ပွေ့ချီထားတဲ့ အသက် ၂၀ အရွယ် အမျိုးသမီး တဦးက စမ်းချောင်းမြို့နယ်ရှိ အဖွားဖြစ်သူနေအိမ်သို့ သွားလိုကြောင်းပြောကာ အသွားအပြန် ငှားရမ်းခဲ့တဲ့အတွက် လိုက်ပါ ပို့ဆောင်ပေးခဲ့ရပါတယ်။ စမ်းချောင်းမြို့နယ်၊ ကျွန်းတောမြောက်ရပ်ကွက်၊ ငှက်ပျောတော လမ်းသွယ်အတွင်းသို့အရောက် ယာဉ်ကိုရပ်ခိုင်းခဲ့ပြီး ကားငှားသူအမျိုးသမီးမှ အဖွားဖြစ်သူကို သွားရောက်ခေါ်ဆောင်မယ်ဆိုကာ ကလေးငယ်ကို ယာဉ်ရဲ့ နောက်ခန်းထိုင်ခုံပေါ်မှာ ထားခဲ့ပြီး လမ်းသွယ်တခုအတွင်းသို့ ဝင်ရောက် သွားခဲ့ပါတယ်။ အငှားယာဉ်မောင်း ဦးတိုးညွန့်မှ အဆိုပါ အမျိုးသမီးအား ၁ နာရီလောက်အထိ စောင့်ဆိုင်းခဲ့ပေမယ့် ပြန်မရောက်ရှိလာတဲ့အတွက် ပတ်ဝန်းကျင်မှာ လိုက်လံရှာဖွေ မေးမြန်းတဲ့အခါမှာ ကလေးငယ်ကိုထားခဲ့တဲ့ အမျိုးသမီးကို တဦးတယောက်မှ မသိရှိတဲ့အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ စမ်းချောင်းမြို့မရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ သတင်းအရ စမ်းချောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက သွားရောက်ခဲ့ရာ ကလေးငယ်မှာ ယောကျ်ားလေးဖြစ်ပြီး ၁၀ ရက်သားအရွယ်သာရှိတဲ့အတွက် ဒဂုံမြို့နယ်ရှိ ကလေးဆေးရုံကြီးမှာ ပို့အပ်ကာ စောင့်ရှောက် ထားရှိပြီး ကလေးငယ်ရဲ့ မိဘဆွေမျိုး တွေကို စုံစမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Source : http://ift.tt/2ea209O
via IFTTT

No comments:

Post a Comment