လိင်ဆွဲဆောင်မှုအရှိဆုံး သင်္ချာဆရာမလေးရုပ်သံ ရေပန်းစား အော့က်ဆန်နာ နဗက်စ်လာရာရဲ့ စာသင်ခန်းတွင်း စာသင်နေချိန် ရိုက်ကူးထားခဲ့တဲ့ ၁၅ စက္ကန့်စာ ဗွီဒီယိုကလစ်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။ စာသင်ခန်းတွင်း သူမရဲ့ ပြုမူလှုပ်ရှားဟန်တွေဟာ လိင်ဆွဲဆောင်မှုရှိရှိ ဖြစ်နေခဲ့ပြီး ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကျောင်းသားတဦးက ရိုက်ကူးခဲ့ပြီးနောက် အင်တာနက် ယူကျုစာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာပါ။ အော့က်ဆန်နာဟာ သင်္ချာဘာသာကို သင်ကြားနေတဲ့ ဘယ်လာရုစ်နိုင်ငံမှ ဆရာမတဦး ဖြစ်ပါတယ်။ သင်္ချာဘာသာရပ်ဟာ အများစုအတွက် ခက်ခဲပေမယ့် အော့က်ဆန်နာကတော့ အလှတရားရော ဉာဏ်ပညာပါ ပြည့်စုံတဲ့သူလို့ ချီးကျူးနေကြတာပါ။ ယူကျုပေါ်က ရုပ်သံဗွီဒီယိုဖိုင်ကို ဝင်ရောက် ကြည့်ရှုတဲ့ ပရိသတ်အရေအတွက်ဟာ ၄ ရက်အတွင်းမှာ ၃ သောင်းကျော်ခဲ့ပြီလို့ မေရာသတင်းတပုဒ်မှာ အောက်တိုဘာ ၁၂ ရက်နေ့က ဖော်ပြပါတယ်။ အော့က်ဆန်နာဟာ လက်ရှိမှာတော့ မလေးရှားနိုင်ငံကို အားလပ်ရက် ခရီးထွက်နေတယ်လို့ သူ့ရဲ့ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြထားတာပါ။ ကိယက်ဗ် (Kiev) တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့တဲ့ အော့က်ဆန်နာရဲ့ အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာမှာတော့ နှစ်သက်သူပရိသတ်ပေါင်း ၁ သိန်း ၇ သောင်း ၈ ထောင်ထိ ရှိနေခဲ့ပြီလို့ ဆိုပါတယ်။ သူ့ရဲ့ပုံတွေနဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေပေါ်မှာ အများစုက မှတ်ချက်ရေးခဲ့ကြတာပါ။ အမျိုးသားတဦးကတော့ “ချစ်နေမိပြီ” လို့ မှတ်ချက်ပေးခဲ့ပြီး နောက်တယောက်ကတော့ “ငါ့ရဲ့ဆရာမသာဖြစ်လိုက်ပါတော့ကွာ” လို့ အပြောင်အပျက်နဲ့ မှတ်ချက်ရေးခဲ့ကြပါတယ်။
Source : http://ift.tt/2d8VluU
via IFTTT
No comments:
Post a Comment