ပဲခူးတိုင်ဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကိုင်းကြီးကျေးရွာအုပ်စု ကြေးစည်ရွာအနီး ကျေးရွာချင်းဆက် လမ်းပေါ်၌ အောက်တိုဘာ ၁၂ ရက် ည ၇ နာရီခန့်က အမျိုးသား၊ အမျိုးသမီး စုစုပေါင်းသုံးဦးကို လက်နက်များ ကိုင်ဆောင်လျက် တွေ့ရှိခဲ့ရသည်ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော်တပ်ရင်းများမှ တာဝန်ရှိသူများ ပူးပေါင်းလျက် ပိုက်စိတ်တိုက် ရှာဖွေနေကြောင်း ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ပြောကြားသည်။ “သတင်းရလျှင်ရချင်း နယ်မြေခံ တပ်ရင်းတွေရယ် ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ပိတ်ဆို့ပြီး ရှာဖွေနေဆဲပါ။ ဒီနေ့ မွန်းတည့် ၁၂ နာရီ အထိတော့ ဖမ်းဆီးရရှိမှု မရှိသေးပါဘူး။ ရခိုင်ပြဿနာကလည်း ရှိနေတော့ နယ်မြေချင်း ဆက်နေတဲ့ ပန်းတောင်းကို အထူးဂရုစိုက်နေပါတယ်” ဟု ပြည်ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။
Source : https://goo.gl/ZtF1ng
via IFTTT
No comments:
Post a Comment