ကေအိုင်အေတွင် စစ်သင်တန်းတက်ပြီး ပြန်လာသူ ၅၀ ကျော် ဖမ်းမိဟု မြဝတီသတင်း ဖော်ပြ အစိုးရက ကေအိုင်အေတပ်ဖွဲ့ဌာနချုပ်လိုင်ဇာမှာ စစ်သင်တန်းတက်ပြီး ပြန်လာသူ ၅၀ ကျော်ကို ဖမ်းမိထားတယ်လို့ သတင်းထုတ်ပြန်ထားပြီး ကေအိုင်အေဘက်ကတော့ အဲ့ဒီ သူတွေဟာ စိုက်ပျိုးရေးသင်တန်းဆင်းလာသူတွေဖြစ်ကြောင်း ပြောပါတယ်။ စစ်တပ်ပိုင်မြဝတီသတင်းဌာနက ကေအိုင်အေတပ်ဖွဲ့ထံမှာ စစ်သင်တန်းတက်ပြီး ပြန်လာသူတွေကို အောက်တိုဘာ ၁၁ ရက်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ထဲရှိ စိတ်လုံစစ်ဆေးရေးဂိတ်နဲ့ လွယ်ဂျယ် စစ်ဆေးရေးဂိတ်တို့မှာ ဖမ်းမိထားတယ်။ ကားမောင်းတဲ့သူ ၈ ဦး အပါအဝင် ကျား-မ စုစုပေါင်း ၅၇ ဦးအား မိုးမောက်မြို့မရဲစခန်းကို စနစ်တကျ လွှဲပြောင်းအပ်နှံသွားမယ်လို့ ဖော်ပြပါတယ်။ သူတို့အားလုံးဟာ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့၊ လိုင်ဇာမှာ သင်တန်းသား ၇၀ ဦးနဲ့ ဖွင့်တဲ့ ပြည်သူ့စစ်သင်တန်းကို စက်တင်ဘာ ၁၀ ရက်ကနေ အောက်တိုဘာ ၁၀ ရက်အထိ တက်ရောက်ပြီး သင်တန်းဆင်းလာကြသူတွေ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ ကေအိုင်အို နည်းပညာကော်မတီက ဦးစန်းအောင်ကတော့ သူတို့ဟာ ကချင်ပြည်နယ်၊ မိုင်ဂျာယန်မှာ စိုက်ပျိုးရေးသင်တန်းတက်ပြီး ပြန်လာကြသူတွေဖြစ်တယ်လို့ ပြောပါတယ်။ “စိုက်ပျိုးရေးသင်တန်းတို့ ဖက်ဒရယ်ဥပဒေ သင်တန်းကျောင်းတို့ အဲ့ဒါတွေတက်ပြီး ပြန်လာတာ၊ ၄၀ ကျော်။ နဂိုက သူတို့ လာတာက ပြည်တွင်းလမ်းဘက်က၊ အခုက ပြည်တွင်း လမ်းဘက်က ဝင်လို့ မရတဲ့အခါကျတော့ တရုတ်ဘက်ကနေပတ်လာတာ။ အဲ့ဒီမှာ ပတ်စ်စပို့ မလုပ်ထားတော့ တရုတ်ရဲကဖမ်းပြီး ဒီဘက်ကို အပ်လိုက်တာ။” အဲ့ဒီသူတွေဟာ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အစုံကပဲလို့လည်း ပြောပါတယ်။ ကချင်ပြည်နယ်အတွင်း စက်တင်ဘာလကစလို့ တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေပြီး တပ်မတော်ဘက်က တိုက်လေယာဉ်သုံးပြီး ကေအိုင်အေတပ်ဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်နတာ ခုချိန်ထိ ဖြစ်ပါတယ်။
Source : http://ift.tt/2dANX82
via IFTTT
No comments:
Post a Comment