Friday, October 14, 2016

တရားမ၀င်သစ်သယ်ဆောင်လာသည့်ကားကို ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖမ်းဆီး - DVB

တရားမဝင်သစ် သယ်ဆောင်လာသည့်ကားကို ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖမ်းဆီး ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ကားတစ်စီးအား သစ်တော ရဲတပ်ဖွဲ့ဝင်များမှ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးမှုတခု အောက်တိုဘာ ၁၃ ရက် နေ့လယ် ၁ နာရီလောက်က ဖြစ်ပွားခဲ့ပါတယ်။ ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်းအပိုင် မြို့ချောင်းကျေးရွာအုပ်စု၊ မြို့ချောင်းကျေးရွာ၊ စျေးတန်း-၁ ရပ်ကွက်၊ ဆည်မြောင်းလမ်းရှိ မြို့ချောင်းတိုက်နယ်ဆေးရုံအနီးမှာ သစ်တော ရဲတပ်ဖွဲ့ဝင် ၅ ဦးနဲ့ သစ်တောဝန်ထမ်း ၃ ဦးတို့ဟာ တရားမဝင်သစ် ဖမ်းဆီးဖို့ ကင်းပုန်းဝပ် စောင့်ဆိုင်းနေစဉ် ဆည်မြောင်း လမ်းဘက်မှ မြို့ချောင်းကျေးရွာ ဘက်သို့ သစ်များ တင်ဆောင်မောင်းနှင်လာတဲ့ BGO/9L-5128 FORLAND အမျိုးအစား အဖြူရောင် ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးဖို့ တားဆီးခဲ့ပါတယ်။ ထိုသို့ တားဆီးစဉ် ယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ တင်ဆောင်လာတဲ့ သစ်တွေကို လမ်းပေါ်သို့ လှန်ချပြီး မောင်းနှင်ထွက်ပြေးသွားတဲ့အတွက် လိုက်လံဖမ်းဆီးခဲ့ရာ ၁ ဖာလုံခန့် အကွာသို့ အရောက်တွင် ယာဉ်ရပ်တန့်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ဖြစ်သူတို့ ထွက်ပြေးသွားခဲ့ပါတယ်။ ယာဉ်အားရပ်ပြီး ထွက်ပြေးသွားသော ယာဉ်မောင်း စောဝင်းလှိုင်ဦး (ခ) ကိုညာ (စျေးတန်း-၂ ရပ်ကွက်၊ မြို့ချောင်းကျေးရွာနေသူ)နဲ့ ယာဉ်နောက်လိုက် ငွေလင်းတို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်း နေစဉ် အခြားအမည်မသိလူတဦးမှ ရပ်ထားသော ယာဉ်ပေါ် တက်ကာ ထပ်မံမောင်းနှင် ထွက်ပြေးတဲ့အတွက် ရဲအရာခံ မောင်မောင်ထွေးမှ HK 33 ယာဉ်ရဲ့ ယာဘက်ရှေ့ဘီးအား တချက်၊ ယာဉ်ရဲ့ နောက်ယာဘက်ဘီးအား တချက်၊ ပစ်ခတ် တားဆီးခဲ့ရာမှ ယာဉ်နောက်ဘီး ပေါက်သွားတဲ့ အတွက် ဆက်လက်မောင်းနှင် မရတော့ဘဲ အမည်မသိယာဉ်မောင်းမှာ ယာဉ်ကိုရပ်တန့် ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ သိရပါတယ်။ ဖဒိုနယ်မြေရဲစခန်းမှ တာဝန်ရှိသူတဦးက “ဖြစ်စဉ်အကြမ်းဖျင်းကတော့ဗျာ၊ သစ်တင်လာတဲ့ ကားကို တားတယ်။ မောင်းပြေးတယ်။ သစ်ကို လှမ်းချတယ်။ အဲဒါနဲ့ လိုက်ဖမ်းတော့ ကားကိုထားခဲ့ပြီး ပြေးတယ်။ နောက် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို မိလို့ စစ်ဆေးနေချိန်မှာ လူတဦးက ကားပေါ်တက်ပြီး မောင်းပြေးလို့ ဘီးကို ပစ်ဖောက်ပြီး ဖမ်းရတာပါ။ လူတွေ အုံလာတာကတော့ ဘေးပတ်ဝန်းကျင်က သေနတ်သံကြားတော့ လာစပ်စုတဲ့သဘောပါ။ ကျန်တာတော့ ဘာမှမဖြစ်ပါဘူး။ အခု လောလောဆယ်တော့ ဒါပဲ ပြောလို့ ရပါသေးတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ “ဖြစ်စဉ်ကတော့ဗျာ၊ သစ်တင်လာတယ်ဆိုပြီး ဖမ်းတာ။ ပြီးတော့ ယာဉ်မောင်းရယ်၊ ယာဉ်နောက်လိုက်ရယ်ကို လက်ထိတ်ခတ်ပြီး ဖမ်းတယ်။ ကားကို မောင်းပြေးလို့ဆိုပြီး သေနတ်နဲ့ ပစ်ဖမ်းတာ လူအများရှိတဲ့နေရာဆိုတော့ အကုန် လန့်ကုန်တာပေါ့။ အဲဒီနားက အမျိုးသမီးတဦးဆို ဆေးရုံပို့လိုက်ရတယ်”ဟု ဒေသခံတဦးမှလည်း ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါ သစ်တင်ယာဉ်ကို သေနတ်နဲ့ ပစ်ဖောက် ဖမ်းဆီးရာမှ အနီးဝန်းကျင်ရှိ ဒေသခံပြည်သူ ၆၀ ဝန်းကျင်ခန့်မှ ဝိုင်းအုံလာခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၁၂ ယောက်လောက် အခင်းဖြစ်နေရာသို့ ရောက်ရှိကာ လူအုပ်စုအား ထိန်းသိမ်းခဲ့ပြီး ဖမ်းဆီးရမိတဲ့ ပျဉ်းကတိုး သစ်ခွဲသားတို့ကို မြို့ချောင်း သစ်တောဘိနယ်သို့ ပို့ဆောင်ကာ သစ်တောဦးစီးဌာနမှ သစ်တောဥပဒေနဲ့ အမှုဖွင့် အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Source : http://ift.tt/2ecByHf
via IFTTT

No comments:

Post a Comment